နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Sunday, February 26, 2012

မျက်စိမှိတ်ပြသောကောင်မလေး.ဖန်တီးခြင်း

အရင်ဆုံးတော့ photoshop မှမိမိလိုချင်တဲ့ ပုံကိုဖွင့်လိုက်ပါမယ်





ပြီးတော့ Ctrl + J ကိုနှိပ်ပြီးတော့ layer ကို Duplicate လုပ်ပါမယ်၊ ဒါဆို layer palette မှာ layer နှစ်ခုကိုဒီလိုမြင်ရပါမယ်။



အပေါ်က layer 1 active ဖြစ်နေချိန်မှာ Filter>Liquify menu ကိုရွေးလိုက်ပါမယ်၊ အဓိကလုပ်ရမှာက မျက်လုံးတစ်ဖက်ကိုမှိတ်လိုက်တဲ့ပုံဖြစ်အောင် လုပ်ရမှာဖြစ်တဲ့အတွက် အပေါ်မျက်ခုံးက pixel တွေကိုအောက်ကို ကျသွားအောင်လုပ်ပြီး အောက်မျက်လုံး area က pixel တွေကို အပေါ်ကိုပြန်တင်မှာပါ၊ အဲဒီတော့ liquefy dialog က wrap tool ကိုသုံးမှာပါ။ အရင်ဆုံး မျက်လုံးပတ်ဝန်းကျင်က မလိုအပ်တဲ့ area တွေကို freeze လုပ်ထားပါမယ်။ Freeze mask tool ကို select လုပ်ပြီး မျက်လုံးနားတ၀ိုက်ကိုခြယ်လိုက်ပါ။



ဒါဆိုမျက်လုံးနေရာလေးကိုပဲ ပြင်ချင်သလိုပြင်လို့ရပါပြီ ကျန်တဲ့နေရာတွေ မထိခိုက်တော့ပါဘူး။ 

အခုဆက်ပြီးတော့ wrap tool ကိုသုံးပါမယ်။

ၹၹၹၹ



ကဲပြီးသွားရင်တော့ liquefy dialog ကနေ Ok နှိပ်လိုက်ပါ၊ Layer 1 ဟာ 


မျက်လုံးမှတ်ထားသလိုဖြစ်သွားပါပြီ။







ကဲအခုဆိုရင် အားလုံး Ready ပါပဲ၊ File>Save For Web & Devices ကိုရွေးလိုက်ပါ၊ File type ကို GIF မှာထားပြီး Save button ကိုနှိပ်လိုက်ပါ Save Optimized As box မှာ File Name ပေးပြီး Save button 

နှိပ်လိုက်ရင်လိုချင်တဲ့ ပုံရပါပြီ။


ကဲအခုဆိုရင်တော့ ကောင်မလေးကမျက်လုံးတဖက်မှိတ်ပြနေပါပြီ....သူငယ်ချင်းများပျော်ရွှင်ပါစေခင်ဗျာ။

1 ဦးမှတ်ချက်ပြုပါသည်။:

Unknown said...

ကိုထွေးပြောတဲ့အတိုင်းလုပ်တာဘဲ....မရဘူးဖြစ်နေတယ်..ဘယ်လိုလုပ်ရမလဲခင်ဗျာ

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More