နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Saturday, February 25, 2012

ယုံကြည်မှုမရှိသေးလို့ဇာတ်ကားမရိုက်ဖြစ်သေးတဲ့ Nကိုင်ရာ

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသေးလို့ ဇာတ်ကား မရိုက်ဖြစ်သေးတာပါ ဆိုတဲ့ Nကိုင်ရာ"ကိုယ်မညာ တော့ဘူး"သီချင်းနဲ့ အဆိုတော် ဖြစ်ခဲ့တဲ့ N ကိုင်ရာ ကို ဖေဖော်ဝါရီ ၁၂ရက် ပဲခူးမြို့မှာ ပြန်ဆုံ ခဲ့ပါတယ်။ တစ်ကိုယ်တော် စီးရီးအကြောင်း မေးတဲ့အခါ မကြာခင် ထွက်တော့မယ် လို့ ပြောခဲ့ပါတယ်။ တလောက အစ်ကိုကြီး ဆုံးသွားတာမို့ ထိခိုက် ခံစားခဲ့ရတာလည်း ပျောက်သေးပုံ မရပါဘူး။

သို့သော် Personal နဲ့ အနုပညာ သီးခြား ခွဲထားရတဲ့ 
"ကိုင် တစ်ကိုယ်တော် စီးရီးလုပ်နေတာ ကြာပါပြီ။ ဒီ ကြားထဲမှာ အတွဲခွေတွေ ဆိုဖြစ်တယ်။ အဓိက ပရိသတ်နဲ့ အဆက်မပြတ်အောင် ပါပဲ။ တစ်ကိုယ်တော်စီးရီး ကြာနေတာကို ပြောရရင် အ ကြောင်းအမျိုးမျိုး ကြောင့်ပဲ။
၂၀၁၁ အောက်တိုဘာလမှာ ထွက်မယ် လို့စဉ်းစားထားပေမယ့် ခရီးထွက်ရတာရယ်၊ အစ်ကိုကြီး ဆုံးသွားတာ ရယ်ကြောင့် အလုပ်လုပ်လို့မရဘူးဖြစ်သွားတယ်။ သီချင်းလည်း သိပ်ဆိုလို့ မရတော့ဘူး။ အဲဒီအတွက် အချိန်တစ်ခုကိုစောင့်ပြီး စိတ်နည်း နည်းငြိမ်မှ ပြန်ဆိုဖြစ်တာပါ။
အခုနောက်ပိုင်း မှာတော့ သေချာပြန်လုပ် ဖြစ်နေပါပြီ}လို့ တစ်ကိုယ်တော် စီးရီး နောက်ကျနေရတဲ့ အကြောင်း ပြောလာပါတယ်။ ကြိုင်ရာရဲ့ဖခင်က မူဆယ်နမ့်ခမ်းက ကချင် ဖြစ်ပါတယ်။ ကချင် တိုင်းရင်းသူဖြစ်တာမို့ ကချင်ရိုးရာ ငါးထမင်း ချက်တတ်လား မေးတဲ့ အပေါ် ချက်ကြည့်ပါဦးမယ်တဲ့(ရယ်လျက်)။
"ကိုင်က အိမ်မှာအငယ် ဆိုတော့ အမေ၊ အစ်ကို၊ အစ်မတွေကပဲ လိုအပ်တာ အားလုံးလုပ်ပေး ကြပါတယ်။ အဲဒီတော့ သိပ်မချက်ဖြစ်ဘူး။ ဒါပေမယ့် ကိုင်ကရှိုးပွဲ တွေကို ကချင်ရိုးရာနဲ့ ခေတ်ပုံစံ ပူးပေါင်းထားတဲ့ ဝတ်စုံတွေနဲ့ ပွဲတက်တာ များပါတယ်။
ကချင်ရိုးရာ ဝတ်စုံကိုလည်း ရိုးရာပွဲတော်တွေမှာဝတ် ပါတယ်။ အဲဒီအချိန်ကျ လူတိုင်း ကိုယ့်ကိုယ်ကိုလှတယ်ထင်ကြတာ ပါပဲ(ရယ်ပြန်ပါသည်)။ ရိုးရာဝတ်စုံဝတ်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ယုံ ကြည်မှုရှိသလိုခံစားရပါတယ်။
ဖန်စီ ဝတ်စုံတွေလည်း နေရာဒေသကို ရွေးပြီးဝတ်ဖြစ်ပါတယ်"လို့ရှင်းပြပြီး ဗီဒီယိုရိုက်ဖို့ငြင်းလိုက်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးလို့ပါ"တဲ့။ "ဘယ်အလုပ်မှတော့ မလွယ်ပါဘူး။
အဆိုကိုတော့ ကိုင့်ရဲ့အားသာချက်လို့ပြောရင်ရပါ လိမ့်မယ်။ ကိုယ့်ယုံကြည်မှုလည်း ရှိမှပိုပြီးအားစိုက်ဖြစ်တယ်။ ကိုင်က အဆွေးသီချင်းများဆိုနေတာဟာ ကိုယ့်အသံနဲ့ လိုက်ဖက်တာကြောင့် ပါလို့ပြောခဲ့ပါတယ်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More