နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, August 31, 2011

ဆိုင်ကယ်ပြိုင်မောင်းမယ်

                                                       

 ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်းလေးပါ။ လမ်းသရဲတွေ ပြိုင်တာ။ ထိုးတာ ကြိတ်တာတောင် ပါတယ်။ရဲကလဲ လိုက်ဖမ်းတယ်။ ဆိုင်ကယ်က ပြိုင်ရတာ အစီး(၁၅)စီး။ ပထမ၊ ဒုတိယ၊ တတိယ ရမှ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံနဲ့မှ ဆိုင်ကယ်ကို ၀ယ်လို့ရတယ်။ Windows XP မှာကောင်းကောင်းဆော့လိုရတယ်။ရှင်းလည်း ရှင်းတယ်။Windows 7 မှာ သိပ်အဆင်မပြေဘူးနော်။လိုချင်ရင်တော့ ဒေါင်းဗျာ။

WinRar Software (x32 bit and x64 bit)

                                                      
 ကျွန်တော် အရင်တစ်ပါတ်က Win rar အကြောင်းအသုံးပြုပုံလေး ရှင်းပြပြီးပါပြီ။ ဒီတစ်ခါ Software လေးတင်ပေးလိုက်ပါတယ်။ 32 bit ရော 64 bit ရောအတွက်ပါ ပါတယ်။ Crack ဖိုင်လဲ ထည့်ပေးထားပါတယ်။အားလုံးအဆင်ပြေကြပါစေ။

Web design မှာသုံး


ဝက်ဘ်ဆိုက်ရေးဆွဲတာပဲဖြစ်ဖြစ်၊ ဆော့ဖ်ဝဲ ဖန်တီးတာပဲဖြစ်ဖြစ် သုံးစွဲသူတွေရဲ့ အမြင်အာရုံ ပသာဒဖြစ်ဖို့ လိုပါတယ်။
သင့်ပရောဂျက် ဘက်ဂရောင်းအတွက် တစ်မူထူးခြားတဲ့ ဒီဇိုင်းတွေရဖို့ ဝက်ဘ်ဆိုက် တစ်ခုရှိပါတယ်။ သည်ဆိုက်မှာ အရည်အသွေးမြင့် texture များစွာ ရှိနေတယ်။
နှစ်သက်တာကို ရွေးယူပြီး ကိုယ့်အနုပညာနဲ့ ပေါင်းစပ် ဖန်တီးရုံပါပဲ။ တခြား ဆိုက်တွေထက် ထူးတာက သူတို့ကိုယ်ပိုင် ဓာတ်ပုံဆရာတွေ ရိုက်ကူးတဲ့ ပုံတွေကိုသာ သည်ဆိုက်မှာ တင်တာပါပဲ။
အဲဒါကြောင့် သည်ဆိုက်နဲ့ လုံးဝ ထပ်တူမရှိဘူးလို့ အာမခံနိုင်ပါတယ်တဲ့။ လိပ်စာက www.startextures.com ပါ။

                                                                                              Ref : The Modern Weekly

LCD Monitor ၀ယ်ရင်သိထားသင့်တဲ့အချက်များ

                                    
အခချိန်မှာ CRT မော်နီတာတွေရဲ့ နေရာကို LCD မော်နီတာတွေက အစားထိုး ဝင်ရောက်နေရာယူလိုက်ပြီ ဖြစ်ပါတယ်။ LCD မော်နီတာတွေ ဝယ်ယူတဲ့အခါမှာ အောက်ပါ အချက် (၇) ချက်ပေါ် အဓိကထား နှိုင်းယှဉ် ပြီး ဝယ်ယူသင့်ပါတယ်။
အဲဒါတွေကတော့
(1) Resolution
(2) Contract Ratio
(3) Monitor Ratio
(4) Response Time
(5) View Angle
(6) Port (DVI/VGA) နဲ့
(7) Warranty တို့ပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးထားတဲ့ အချက်တွေနဲ့ ပတ်သက်တဲ့ သိရှိထားသင့်တာတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။
(1) Resolution
Resolution ဆိုတာကတော့ မော်နီတာပေါ်မှာ ပုံဖော်ပေးနိုင်မယ့် အစက်အပြောက်အရေအတွက်ပဲ ဖြစ်ပါတယ်။ resolution များလေ မော်နီတာရဲ့ ကြည်လင်ပြတ်သားမှု ပိုကောင်းလေပါပဲ။ resolution ကို pixel ပမာဏနဲ့ ဖော်ပြ ပေးပါတယ်။ ဥပမာ မော်နီတာရဲ့ resolution 1280 x 1024 megapixel ဆိုရင် အဲဒီနှစ်ခုကို မြှောက်ရန် မော်နီတာမှာ ပုံဖော်ပေးမယ့် အစက်အရေအတွက် ရပါတယ်။
(2) Contract Ratio
Contract Ratio ဆိုတာကတော့ ပုံရိပ်ဖော်ရာမှာ အသုံးပြုတဲ့ အစက်အပြောက် တစ်ခုချင်းစီရဲ့ အတောက်ပဆုံး အဖြူရောင်နဲ့ အနက်ရောင်စစ်စစ်တို့ကို ဘယ်လောက်အထိ ရလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းပဲဖြစ်ပါတယ်။ Contract Ratio ကွာခြားချက် တန်ဖိုးမြင့်လေ ဖော်ပြတဲ့ ပုံရိပ်ရဲ့ ကြည်လင်တောက်ပမှု ပိုအားကောင်းလေ ဖြစ်ပါတယ်။ စကရင် ဆိုဒ်အရွယ်အစား တူညီတဲ့ အမျိုးအစားမတူတဲ့ မော်နီတာ နှစ်မျိုးကို ရွေးချယ်တဲ့ အခါမှာတော့ Contract Ratio ပိုများတာကို ရွေးချယ်သင့်ပါတယ်။
(3) Monitor Ratio
Monitor Ratio ဆိုတာကတော့ မော်နီတာရဲ့ အလျားနဲ့ အနံအချိုးကို ဆိုလိုတာဖြစ်ပြီး အခုဈေးကွက်ထဲမှာရှိတဲ့ မော်နီတာတွေမှာ square view နဲ့ wide view ဆိုပြီး နှစ်မျိုး တွေ့နိုင်မှာ ဖြစ်ပါတယ်။ wide view အချိုးမှာတော့ 16:10 နဲ့ 16:9 ဆိုပြီး နှစ်မျိုးရှိပြီး square view အချိုးကတော့ 4:3 ဖြစ်ပါတယ်။ 4:3 ကတော့ CRT မော်နီတာတွေမှာသုံးတဲ့ အချိုးအစားဖြစ်ပြီး ရုံးလုပ်ငန်းသုံးအတွက် သင့်တော်ပါတယ်။ Wide view ကတော့ ရုပ်ရှင်ကြည့်တာမျိုးနဲ့ Multi-media လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ပါတယ်။
(4) Response Time
မော်နီတာပေါ်မှာ ပုံရိပ်ဖော်ဖို့အတွက် pixel လေးတွေကို အဖွင့်အပိတ်ပြုလုပ်ပေးရပါတယ်။ အဲဒီလိုလုပ်ပေးရာမှာ ဘယ်လောက်မြန်မြန် လုပ်နိုင်သလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်။ Response Time နည်းပါက ပိုမိုကောင်းမွန်ပါတယ်။ အခုဈေးကွက်ထဲမှာတွေ့နေရတဲ့ မော်နီတာအများစုကတော့ 2ms, 5ms, 7ms စတာတွေရှိပါတယ်။ 2 milli second (2ms) ဆိုရင် Response Time က တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံနှစ်ပုံ ကြာတာကို ဆိုလိုတာဖြစ်ပါတယ်။
(5) View Angle
Verticle View Angle နဲ့ Horizonal View Angle ဆိုပြီး နှစ်မျိုးရှိပါတယ်။ မော်နီတာရဲ့ မျက်နှာပြင်ကို ဘေးစောင်းကနေ ဘယ်လောက်ထိကြည့်လို့ရသလဲနဲ့ အပေါ်အောက် ဘယ်လောက်ထိ စောင်းကြည့်နိုင်လဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ View Angle ကျဉ်းရင် ဘေးစောင်းကြည့်တဲ့အခါ မော်နီတာမျက်နှာပြင်က မည်းနေပါ လိမ့်မယ်။ View Angle ကျယ်လေ ပိုကောင်းလေ ဖြစ်ပါတယ်။
(6) Port
မော်နီတာ ဝယ်ယူတဲ့အခါမှာ ဘယ်လို Port တွေနဲ့ချိတ်ဆက်အသုံးပြုလို့ရလဲဆိုတာကိုပါ သိရှိဖို့လိုပါတယ်။ DVI port နဲ့ VGA port ဆိုပြီး နှစ်မျိုးရှိပါတယ်။ DVI port ကတော့ ဒစ်ဂျစ်တယ်ကနေ ဒစ်ဂျစ်တယ်ကို တိုက်ရိုက် output အနေနဲ့ ထုတ်ပေးတဲ့အတွက် VGA port ထက်ပိုကောင်းပါတယ်။ သင့်ရဲ့ system unit မှာ DVI output ပါတယ်ဆိုရင်တော့ DVI port ပါတဲ့ မော်နီတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အခုနောက်ပိုင်းမှာပေါ့ HD အရည်အသွေးတိုင်း ထောက်ပံ့ပေးနိုင်တဲ့ HDMI port ပါဝင်တဲ့ အမျိုးအစားတွေလည်း ဝင်ရောက်လာပါတယ်။
(7) Warranty
Warranty ကိုတော့ ဝယ်ယူတဲ့အခါမှာ သေချာမေးဝယ်သင့်ပါတယ်။ တချို့တွေက Warranty သုံးနှစ်လို့ ပြောပေမယ့် ဆားဗစ်ပဲ ပေးတာမျိုးရှိပါတယ်။ ဥပမာ - Warranty သုံးနှစ်ဆိုပါစို့။ Warranty ကို ဆားဗစ်ရော အစိတ်အပိုင်း (parts) နှစ်မျိုးလုံး သုံးနှစ် ပေးတာလား၊ LCD panel ကိုရော သုံးနှစ်ပေးတာလားဆိုတာကို သေချာမေးပြီး ဝယ်ယူသင့်ပါတယ်။

                                                                                               Ref : Internet

Gmailတွင်မှားဖျက်မိသည့် contact များပြန်လည်ရယူခြင်း

Google ရဲ့ အီးမေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail မှာ မှားယွင်းဖျက်မိတဲ့ ဆက်သွယ်မှု (contact) များကို ပြန်လည်ရယူပေးနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ contact တွေကို ဖျက်လေ့ ဖျက်ထရှိသူများအနေနဲ့ contact များကို မှားယွင်းဖျက်မိတဲ့ အခါမှာ ပြန်လည်ရယူ အတွက် အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။ Gmail မှ မှားယွင်းဖျက်မိတဲ့ contact များကို အောက်ဖော်ပြပါအတိုင်း အဆင့်အနည်းငယ်ဖြင့် ပြန်လည်ရယူနိုင် ပါတယ်။


(၁) Gmail တွင် log in လုပ်ပြီး ဘယ်ဘက် ထိပ်နားရှိ Contacts ကို နှိပ်ပါ။



 (၂) Contacts တွင် အပေါ်ညာဘက်နားရှိ More actions menu ကို နှိပ်ပါ။


 
(၃) ပေါ်လာတဲ့ menu မှာ Restore contacts ကိုနှိပ်ပြီး နှစ်သက်ရာ အချိန်ကို သတ်မှတ်ကာ Restore ကို နှိပ်ပါ။ အချိန်ကာလအနေနဲ့ ရက် ၃၀ အထိ သတ်မှတ်နိုင်ပါတယ်။
အထက်ပါအဆင့်အတိုင်း ပြုလုပ်ပြီးသွားရင်တော့ သတ်မှတ်ထားတဲ့ ကာလအတွင်းက မှားယွင်းဖျက်မိတဲ့ contact တွေကို ပြန်လည်ရယူနိုင်ပြီ ဖြစ်ပါတယ်။

                                                                                              Ref: Internet

စိတ်ကြိုက် Cursor ပြင်နည်း

                                                         
ကွန်ပျူတာတစ်လုံးမှာ ကာဆာ (Cursor) ကို အသုံးပြုကြတာ အလွန်များပြားပါတယ်။ ကိုယ်လိုရာကို ရွေးချယ်ဖို့၊ ထောက်ပြဖို့ သူလိုအပ်သလို စာရိုက်ရာမှာလည်း သူရှိနေမှ ဖြစ်မှာပါ။
ကာဆာတစ်ခုကို ကြိုက်တဲ့ပုံစံ ပြောင်းလဲနိုင်တဲ့ ဆိုက်ကwww.rw-designer.com/online-cursor-editor ပါ။ သည်ဆိုက်မှာ ပုံဆွဲတဲ့ Palette လေးတစ်ခု ပေးထားပါတယ်။ ကာဆာတွေကို ကိုယ့်စိတ်ကြိုက် ဒီဇိုင်းဆွဲတာ၊ အရောင်ထည့်တာ၊ အလင်းမှောင်ထည့်တာ အားလုံးသည်နေရာမှာ ပြုလုပ်နိုင်ပါတယ်။ ပြီးသွားရင် နာမည် ပေးပြီး Download ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။
ခဏအတွင်းမှာပဲ သင်လက်စွမ်းပြထားတဲ့ ကာဆာတစ်ခုကို ရရှိမှာပါပ။ Control Panel ထဲက Mouse option ထဲကနေပြီး သင့်လက်ရာကာဆာကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။
                                                                                              
                                                                                                မြန်မာသတင်းရပ်ဝန်းမှ

ဂျက်စတင်တင်ဘီဘာ က အချမ်းသာဆုံးတဲ့

                                                                                             
 ကနေဒါလူမျိုးပေါ့စတား ဂျပ်စတင်ဘီဘာကို ဟောလိဝုဒ်တွင် အချမ်းသာဆုံး ဆယ်ကျော်သက်အဖြစ် People မဂ္ဂဇင်းက ရွေးချယ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် မေလမှ ၂၀၁၁ ခုနှစ် မေလအထိ ဘီဘာရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၃ သန်းရှိပါတယ်။
အဓိကအားဖြင့် သူ့ရဲ့ ဖျော်ဖြေပွဲရုပ်ရှင် Never Say Never က ဝင်ငွေဒေါ်လာသန်း ၁၀၀ ရရှိခဲ့တဲ့အတွက် အသက် (၁၇)နှစ်အရွယ် ဘီဘာဟာ ဆယ်ကျော်သက်ဝင်ငွေရဲ့ ထိပ်ဆုံးစာရင်းကို ရောက်ရှိခဲ့ပါတယ်။ သူနဲ့အတူ Han Montana တီဗွီဇာတ်လမ်းများတွင် အဓိက ဇာတ်ကောင်ဖြစ်သူ ဝေါဒစ္စနေးမှ သရုပ်ဆောင် မိုင်လီဆိုင်ရပ်လဲ ပါဝင်ပါတယ်။
ဂျပ်စတင်ဘီဘာရဲ့ ရုပ်ရှင်က သရီးဒီနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှာ ရုံတင်ခဲ့ပါတယ်။ သီဆိုပွဲ အခြေခံရိုက်ကူးခဲ့သမျှ ကားတွေထဲမှာ ထိပ်ဆုံးကိုရောက်ခဲ့ပြီး ကွယ်လွန်သူ ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ မှတ်တမ်းတင်ကား “This Is It” ကို ကျော်လွန်ခဲ့ပါတယ်။
မေလတုန်းကလည်း ဘီဘာကို Most Powerful Celebrities စာရင်းတွင် တတိယနေရာမှာ Forbes မဂ္ဂဇင်းက ဖော်ပြပေးခဲ့ပါတယ်။ သူ့ရှေ့မှာ အဆိုတော် လေဒီဂါဂါနဲ့ တီဗွီအစီအစဉ်ဆောင်ရွက်သူ အော်ပရာဝင်းဖရေးတို့သာ ရှိခဲ့ပါတယ်။
                                                                       မြန်မာသတင်းရပ်ဝန်းမှ

Internet Download Manager 6.07 Build 9 Final

ကျွန်တော်အခုIDMနောက်ဆုံးUpdateလေးထွက်လာလို့တင်ပေးလိုက်ပါတယ်။သူက ဒေါင်းလုပ်ဆွဲ တဲ့နေရာ
မှာတော့ အရမ်းကောင်တဲ့ Software တစ်ခုပေါ့။အဲဒါကြောင့် အောက်မှာယူသွားလိုက်ပါခင်ဗျာ။             




အေဒီ ခြောက်ရာစုကို သရီးဒီဖြင့် ဖန်တီး၍ ရုပ်ရှင် ရိုက်ကူးမည်

အေဒီ ခြောက်ရာစုကို သရီးဒီ နည်းပညာဖြင့် ဖန်တီးကာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး နေကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် သရီးဒီ ပညာ ဖန်တီးသူ ဦးသူရသိန်းတင် ထံမှ ၁၆-၆-၂၀၁၁ ရက် က သိရသည်။ ပြင်ဦးလွင်တွင် ရိုက်ကွင်း တည်၍ ရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကား တစ်ကားလုံး၏ သုံးပုံ နှစ်ပုံခန့်ကို သရီးဒီဖြင့် ဖန်တီးသွားမည် ဖြစ်ကြောင်း၊ ဇာတ်ကား ရိုက်ကူးမှု ပြီးစီးပြီ ဖြစ်ကာ အေဒီ ခြောက်ရာစု၏ နောက်ခံ ရှုခင်းများ၊ အပြင်အဆင်များကို သရီးဒီ နည်းပညာဖြင့် ဖန်တီးမှု သမိုင်းကို စတင် ဆောင်ရွက်သည့် ကာလသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရသည်။ " အေဒီ ခြောက်ရာစုရဲ့ သမိုင်း အထောက်အထား အပြင်အဆင်မျိုးနဲ့ အတိအကျ လုပ်တာမျိုး မဟုတ်ပါဘူး။
ရှေးခေတ်က ပုရပိုက် တစ်ခုကို ရပြီး လိုက်ရှာရင်း လမ်းမှာ ကားနဲ့ အုတ်နံရံ တစ်ခုကို ၀င်တိုက်မိပြီး time slip ပေါ် ခြောက်ရာစုကို တကယ် ရောက်သွားတဲ့ ရုပ်ရှင် ဇာတ်ကား ဖြစ်ပါတယ်။ ရှေးခေတ်နံရံ၊ ပုံစံတွေကို သရီးဒီ နဲ့ ဖန်တီးမှာပါ" ဟု ၎င်းက ပြောသည်။ ပြင်ဦးလွင်ရှိ အားကစားရုံ၊မြို့နယ်ခန်းမ အစ ရှိသည်တို့ အပါအ၀င် ပြင်ပ ရှုခင်းများဖြင့် ရုပ်ရှင်ဇာတ်ကား တစ်ကားလုံးကို ပြင်ဦးလွင်တွင် ရိုက်ကူးပြီး လိုအပ်သည့် အဓိက နေရာများတွင် သရီးဒီ  Animationဖြင့် ဖန်တီးခြင်း ဖြစ်ကြောင်း သိရသည်။ တော်ဝင်ပတ္တမြား ရုပ်ရှင် ထုတ်လုပ်ရေး အတွက် ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးမည့် အဆိုပါ ရုပ်ရှင်ကားတွင် ရဲအောင်၊ ဝေဠုကျော်၊ ခန့်စည်သူ၊ ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊ ၀တ်မှုံရွှေရည်၊ ခေမီကိုတို့ အဓိက ပါဝင်မည် ဖြစ်ပြီး ဇာတ်ကား အမည်မှာ "ရာဇ၀င်ထဲမှာ လန်းမယ်" ဖြစ်ကြောင်း သိရသည်။
"သမိုင်း အထောက်အထား အတိအကျ မရှိလောက် တော့တဲ့ ကာလကို ဖန်တီးရတာ မို့လို့ ကိုယ်ပိုင် စိတ်ကူး စိတ်သန်း နဲ့ ဆွဲဖြစ်တာပါ"ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ပြည်တွင်း၌ သရီးဒီ နည်းပညာဖြင့် ဖန်တီးသော ရုပ်ရှင်ဇာတ်ကား အတော်များများ ရှိလာပြီ ဖြစ်ပြီး အထင်ကရ ဇာတ်ကားအချို့မှာ 'ရေသူမ'၊ 'ပင်လယ်မင်းသား'၊ 'မြွေစိမ်းရှင်မ'၊ 'တစ်စက်တည်း ဒါပေမဲ့ အဆိပ်' စသည့် ဗီဒီယို ဇာတ်ကား များဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများ အဖြစ် အလန်းလွန်၊ အလွန်လန်း၊ ရာဇ၀င်ထဲမှာ လန်းမယ် ဇာတ်ကားများလည်း ထွက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်

မတ်တတ် ရပ်ထားရင် ဦးခေါင်းနဲ့ ပခုံးက သူ့မိဘတွေ အထက်မှာ မြင့်မား ထိုးထွက် နေတဲ့ အဲ့ဒီ ဆယ်ကျော်သက် ကောင်မလေး ဟာ အရပ် ၆  ပေ ၁၀ လက်မ ရှိနေတာ တောင် ဆက်ပြီး ကြီးထွားနေဆဲ ပါပဲ။ သူ့ခန္ဓာကိုယ် အလေးချိန်က ၂၈၇ ပေါင် ရှိပါတယ်။ ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ နေထိုင်တဲ့ မာလီဒန်ဒီး အမည်ရှိ ကောင်မလေးဟာ အသက်ငယ်ငယ် ကတည်းက တခြား ရွယ်တူ ကျောင်းသူတွေ ထက် ကြီးထွားနှုန်း အရမ်း မြန်နေကြောင်း သတိပြုမိ ခဲ့ပါတယ်။ သူ အသက် ၉ နှစ် အရွယ်မှာ သူ့မိခင် ဂျီ(၄၀နှစ်) က သူ့ကို ဆရာဝန်ထံ ခေါ်သွားပြီး ပြသ ခဲ့ပါတယ်။ ဆရာဝန်က သူ့ဦးနှောက်မှာ အကျိတ်တစ်ခု ဖြစ်ပေါ် နေပြီး အဲဒီ အကျိတ်က နာ့ဗ်ကြော တစ်ခုကို ဖိထားတာ တွေ့ရှိခဲ့ ပါတယ်။ အဲ့ဒီ နာ့ဗ်ကြော အဖိခံထား ရမှုကြောင့် ကြီးထွားရေး ဟော်မုန်း ထွက်ရှိအောင် အမြဲမပြတ်  လှုံ့ဆော် နေတာမို့ ကြီးထွားမှုက ဘယ်တော့မှ မရပ်ဘဲ ရှိနေ ပါတယ်။ ဒါကြောင့် သူဟာ သုံးလတစ်ကြိမ် ကြီးထွားမှုကို ထိန်းချုပ်တဲ့ ဆေးတွေကို အမေရိကန် ဒေါ်လာ ၃,၀၀၀ အကုန်ခံပြီး ထိုးရပါတယ်။ အခုအခါ အသက် ၁၉နှစ် ရှိပြီ ဖြစ်တဲ့ ကောင်မလေးဟာ သူရဲ့ အရပ်ကြောင့် ကျောင်းမှာ သရော် လှောင်ပြောင်တာ ခံရပြီး အပေါင်းအသင်း မရှိဘဲ အမြဲတမ်း အထီးကျန် နေရပါတယ်။ 
   
                                                            အင်တာနက်သတင်း

မြေပြင်မှ အထက် ပေပေါင်း ၆၅ဝ တွင် မီးပုံးပျံ နှစ်လုံးကြား ကြိုးတန်းပေါ်လမ်းလျှောက်ကာစံချိန်တင်ရန်ကြိုးပမ်း

 
တရုတ် ကျွမ်းဘား သမား ဆေမေတီအီရှန် (၂၇ နှစ်) သည် မြေပြင်မှ အထက် ပေပေါင်း ၆၅ဝ အထက်တွင် မီးပုံးပျံ နှစ်လုံး အကြား လမ်းလျှောက် ပြပြီး ကမ္ဘာ့စံချိန် တင်ရန် ကြိုးပမ်း ခဲ့ကြောင်း သိရသည်။
အီရှန်သည် ကြိုးတန်းလျှောက် ဘုရင်ဟု ကျော်ကြားသော အက်ဒီလီဝူဆာ၏ တူဖြစ်ပြီး ၁၅ မီတာ(၁၉ ဒသမ၂၄ ပေ)အကွာအဝေးကို ကြိုးတန်းပေါ်တွင် လမ်းလျှောက် ပြခဲ့ခြင်း ဖြစ်သည်။ သူ၏ လမ်းလျှောက်ပြမှုကို တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၌ သြဂုတ်လ ၆ ရက် နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
                                             
                                                                                        အင်တာနက်သတင်း

မြင်းတစ်ကောင် ခုနစ်လက်မ အရှည်ရှိ နှုတ်ခမ်းမွေးများ ပေါက်လာ


ဗြိတိန်နိုင်ငံ ဂလော်ဆက်စတာ ရှိုင်းယား ပြည်နယ် ဘစ်တွန်မြို့မှ မြင်းတစ်ကောင်၏ နှုတ်ခမ်းမှ နေ၍ လိမ်ကောက်နေသော ရွှေရောင် နှုတ်ခမ်းမွေးများ ခုနစ်လက်မ အရှည် အထိ ထွက်လာကြောင်း DM သတင်းဌာနက သြဂုတ်လ ၄ ရက် နေ့တွင် ဖော်ပြသည်။
အယ်ဖိုင် အမည်ရှိ မြင်းသည် သူ၏ နှုတ်ခမ်းမွေးများကို ရိတ်ပေးရန် ကြိုးစားတိုင်း အပြင်းအထန် ရုန်းကန်ကာ ငြင်းဆန် တတ်သောကြောင့် နှုတ်ခမ်းမွေး မရိတ်ဘဲ ထားခဲ့ရသည်မှာ ငါးနှစ်ခန့် ကြာပြီဟု မြင်းပိုင်ရှင် ဟေလေကော့တက် (၂ဝ နှစ်)က ပြောပြသည်။ ထိုမြင်း၏ နှုတ်ခမ်းမွေးသည် ဗြိတိန်နိုင်ငံရှိ မြင်းတို့၏ နှုတ်ခမ်းမွေးများ အနက် အရှည်ဆုံး ဖြစ်ကြောင်း သိရသည်။

                                                                      အင်တာနက်သတင်း

သားမင်းမော်ကွန်းရဲ့ အရုပ်ဆိုင်တေးစီးရီးကို အားပေးပါဆိုတဲ့ ဇင်ဝိုင်း

                                                
သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းဟာ နှစ်ပေါင်း ၃၀ ကျော် အနုပညာ အလုပ်တွေကို ကျရာ ဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်သလို သားကိုလည်း အောင်မြင်တဲ့ အနုပညာ ရှင် အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ ပုခုံးထမ်း တင်ပို့ပေးနိုင်တဲ့ သူလည်း ဖြစ်ပါတယ်။ သား မင်းမော်ကွန်း ကို ဘယ်လို ပံ့ပိုးပေးခဲ့သလဲ၊ သား အခုလို အောင်မြင် တဲ့ အနုပညာရှင်ဖြစ်လာတဲ့ အပေါ် ဖခင် တစ်ယောက် ရဲ့ ဝမ်းသာ ဂုဏ်ယူမှုတွေကို အကယ်ဒမီ ဇင်ဝိုင်းနဲ့ တွေ့ဆုံ ခိုက်မေးကြည့်တော့...
မင်းမော်ကွန်း ရဲ့ သရုပ်ဆောင် နဲ့ ဂီတ လမ်းကြောင်း နှစ်ခုပေါ်မှာ အောင်မြင်မှု အပေါ် ဖခင် တစ်ယောက် အနေနဲ့ ပီတိ စကားလေးက။
အောင်မြင်မှု ဆို တာကတော့ သူ့လောက် မအောင်မြင်တဲ့ လူနဲ့ ဆိုရင် အောင်မြင်တယ် လို့ ပြောရမှာ ပေါ့။ သူ့ထက်များစွာ အောင်မြင်တဲ့ လူနဲ့ ကျတော့ သူက ဘာမှ မဟုတ်ပါဘူး။ အောင်မြင်မှု ဆိုတာ သူစိုက် ထုတ်လိုက် တဲ့ အနုပညာ၊ သူကြိုးစား လိုက်တဲ့ ခွန်အား၊ အားထုတ်မှု ဒါတွေ အပေါ်မှာ ဦးက အသိအမှတ်ပြုတာ ပါ။ဦးဖြစ်စေချင်တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်လာအောင် တာဝန်ကျေကျေ ထောင့်စေ့စေ့ကြိုးကြိုးစားစား လုပ်ခဲ့ သလို အခုလို သူ့ရဲ့ ပင်ကိုယ် ဗီဇဖြစ်တဲ့ ဝါသနာ ပါတဲ့ အဆို ဂီတကိုလည်း တစိုက် မတ်မတ် သူလက်မလွှတ် ဘဲရအောင် လုပ်လာတဲ့ အတွက် ဦးကိုယ်တိုင်တောင် မလုပ်နိုင်ခဲ့တဲ့ အတွက်ကျေလည်းကျေနပ်မိတယ်။ဂုဏ် လည်း ယူပါတယ်။
အနုပညာ မျိုးရိုး လိုက်တယ်လို့ပြောရမယ့် ဦးရဲ့မြေး လေးနှစ်ယောက် အနုပညာ ဝါသနာပါတဲ့အပေါ် ဦးရဲ့ သဘောထားကရော။
ဖြစ်စေချင်ပါတယ်။ အနုပညာသမားဖြစ်ရ တာက ဖြစ်ခွင့် ရမှသာ ဒီအရသာကို သိတာပါ။ ဦးတို့ က သားကျွေးမှု၊ မယားကျွေးမှု ကိုယ့် ဘာသာကိုယ် ရှာစားနေရင်းနဲ့ အများပြည်သူ ပရိသတ်ရဲ့ ချစ်ခြင်းကို လက်ခံ ရရှိပါတယ်။ ဒါက အနုပညာ သမားတွေရဲ့ အပို ဆုလဒ်ပေါ့။ ဒါကြောင့် မြေးတွေကိုလည်း ဦးစိတ် တိုင်းကျဖြစ်ခွင့်ရမယ် ဆိုရင် အနုပညာလောကမှာ ကျင် လည်မယ်။အောင်မြင်တာ၊ မအောင်မြင်တာနဲ့ မဆိုင် ပါဘူး။အနုပညာ သမားတွေပဲဖြစ်စေချင်ပါတယ်။
ကိုယ်တိုင် အနုပညာအလုပ်ကို လုပ်ပြီး ကိုယ့်ရဲ့သားမြေး တွေကို မလုပ်စေချင်တဲ့ သူတွေရှိတယ်။ ဦးကျတော့ လုပ်စေချင်တယ်၊ ဘယ်လို အတွေးအခေါ်လေးတွေ ကွဲလွဲသွားရတာလဲ
ပုဂ္ဂိုလ်ရေး ခံယူချက်တွေနဲ့ ပဲ ဆိုင်ပါလိမ့် မယ်။ သူဖြတ်သန်းရတဲ့ ဝန်းကျင်နဲ့ သူခံယူလိုက်တာနဲ့ အဲဒီအပေါ်မှာ မူတည်ပြီး ဒီလိုမျိုး အယူအဆတွေ ကွဲလွဲ သွားတာဖြစ်မယ် ထင်တယ်။
နှစ်ပေါင်း ၃၀ကျော်ဖြတ်သန်းလာတဲ့ အနုပညာ သမား တစ်ယောက်ရဲ့ ခံယူမှု ကရော။
ကျွန်တော်က အနုပညာကို လုပ်မယ်သာ လုပ်နေတာ ကျွန်တော် အနုပညာသမား လိုလည်း ကျွန်တော့်ကိုယ် ကျွန်တော် မသတ်မှတ်ပါဘူး။ သရုပ် ဆောင်တာကို ဝါသနာပါတာလေ။ ပရိသတ် အားပေး မှုကိုရတယ်။ နောက်ကွယ်က နောက်ဆက်တွဲ အနေနဲ့ ငွေရေးကြေးရေး ဆိုတာ ပါလာတယ်။ သန့်စင်စွာ ရတဲ့ ငွေကြေးနဲ့ပဲ ဦး ထမင်းစားတယ်။ တကယ့် အနုပညာ သမား စစ်စစ်ကြီးရယ် မခံယူပါဘူး။ ကိုယ်လုပ်တတ် တဲ့ အလုပ်ကလေးကို လုပ်ပြီးတော့မှ ဒီဘဝလေးကို ကျေနပ်နေတဲ့ လူတစ်ယောက်ပါ။
ဦးတို့ခေတ်ရုပ်ရှင် ဇာတ်ကားတွေနဲ့ ဒီဘက်ခေတ် ရုပ်ရှင် ဇာတ်ကားတွေအပေါ် ဘယ်လိုမြင်မိလဲ။
သူ့ခေတ်နဲ့ သူပါပဲခင်ဗျ၊ အားလုံးကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတာပဲ။ ညံ့အောင် ရိုက်ပြမယ်ဆိုတဲ့ လူမျိုးလည်း တစ်ခါမှ မတွေ့ဖူးသေး ပါဘူး။ ဦးဖြတ်သန်းလာတဲ့ တစ်လျှောက်တော့ မတွေ့ သေးဘူး။ဒီဘက်ခေတ် ကလေးတွေတော်သလို ဟိုဘက် ခေတ်က ဆရာကြီးတွေကလည်း တော်ကြတာပါပဲ။ ပရိသတ် အပေါ် စေတနာထားတာကလည်း အတူတူ ပါပဲလို့ ထင်ပါတယ်။
ဟာသကားတွေ အရိုက်များတဲ့ခေတ်မှာ ဦးတို့တုန်းကလို ဇာတ်ကားတွေ ပြန်ပြီး ရိုက်ချင်တဲ့ စိတ်ဖြစ်မိလား။
ခေတ်ကာလ အရ တော်တော် ခက်ပါတယ် လေ။အခု သားမိတ်ဆက်ပွဲလေးပဲကြည့်လိုက်ပါဦး ဦးတို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က ဆိုရင် ဒီလိုပွဲမျိုး လုပ် မယ်ဆိုရင် စာနယ်ဇင်းသမား သုံးယောက်လောက်နဲ့ ပြီး သွားတာပဲ။ အခုခေတ်မှာ စာနယ်ဇင်းသမား ဆိုလည်း ရာနဲ့ ချီရှိတယ်။မီဒီယာသမားလည်း မျိုးစုံရှိတယ်။ ပရိ သတ်ကိုပေးနိုင်မယ့် Entertainment တွေက မျိုးစုံရှိတဲ့ အခါကျတော့ ရုပ်ရှင်ဆိုတာ ကြား ညပ်ပြီး မသေသွား အောင်လည်း ဖြစ်တဲ့ နည်းနဲ့ ရုန်းကန်နေကြရတာပါ။ ဦးကတော့ ဒီလိုတော့ မရိုက်သင့်ဘူး၊ ဟိုလိုတော့ ရိုက်သင့် တယ် ဆိုတာမျိုးထက် သူတို့ လုပ်လာတဲ့ အလုပ်လေး တွေ အပေါ်မှာပဲ ဘယ်လိုများ ပံ့ပိုးပေးရင်ကောင်းမလဲ ဆို တဲ့ စိတ်မျိုးပဲ ထားပါတယ်။ ဟာသကားတွေ ရိုက်လို့ လည်း ဦးပြစ်တင် ရှုံ့ချခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဟာသလည်းရသတစ်ခုပါပဲ။ အဲဒီတော့ ဒီဘက်ခေတ် က ပေါ့ပေါ့ပါးပါးနဲ့ ပရိသတ်ကို အချိန်တိုအတွင်းမှာ ခံစားနိုင်အောင် ကြိုးစားကြရတာပါ။ ခေတ်ကိုကလည်း အဲလိုဖြစ်လာတာကိုးလို့ ပြောကြားလာတဲ့ အကယ်ဒမီဇင် ဝိုင်းက ကျွန်တော့်ကိုချစ်သောအားဖြင့်၊ သားကို ချစ်သော အားဖြင့် အရုပ်ဆိုင်ကို အားပေးကြပါလို့၊ ကျွန်တော်တို့ သားအဖ ငွေရေးကြေးရေး အတွက် လုပ်တာ မဟုတ်ပါ ဘူး။ သားဝါသနာပါတဲ့ အလုပ်ကို သန့်သန့်စင်စင် လုပ် တာလေးကို အားပေးပါလို့ ပြောကြား သွားခဲ့ပါတယ်။

                                                                                               

Address


နွေရယ်.......အချစ်
မိုးရယ်.......သစ္စာ
ဆောင်းရယ်.......အကြင်နာ
သုံးရာသီစက်ဝိုင်း ရင်အတွင်းမှာ
မေတ္တာရွာကို အလည်တစ်ခေါက် ရောက်လာခဲ့ပါ.......

သစ္စာတရားနှင့် ဖွင့်ရသော မေတ္တာတံခါးကို
အချစ်ဆိုတဲ့ အကြင်နာသံလေးနဲ့
ခေါ်လာလှည့်ပါ ”ချစ်သူ”ရယ်....

အကြင်နာရွာရဲ့ ”နှလုံးသားမြို့တော်”
အရောက်လာခဲ့ပါ...
ရောက်မယ်ဆိုရင်....
           (၅၂၈) ရပ်ကွက်
           မေတ္တာလမ်း
           အကြင်နာမြို့တော်
Ph - 17204
E-mail - aendakea@gmail.com

                                        ထိုပလေပလှော်

ပါးစပ်ရာဇ၀င်

လျှောက်ခဲ့ကြဘူးတယ်...
ညနေကြွေလုလုမှာ ပန်းရနံ့တွေရှူရှိုက်လို့...
အဖြူစင်ဆုံးအချစ်နဲ့
ရမ္မက်တွေသွေးမဆာစတမ်း
ဟောဒီ...ကျောင်းတော်ကလမ်းအတိုင်း
အကြင်နာရစ်သမ်တွေ ပုံမှန်စီးဆင်းရင်းပေါ့....
အဆောင်ရှေ့အုတ်ခုံမှာ
ရင်ခုန်သံတွေရပ်တန့်နားစွင့်
တစ်ညတာဝေးလွင့်ဖို့ ငါတို့လက်တွေပြခဲ့ရ....
နောက်တော့ကြယ်ရောင်မှေးမှေး
ဂစ်တာသံအေးအေးနဲ့
ငါတို့ဆွေးကြမယ်....
အဲဒီညတွေ မိုးသောက်တဲ့အခါ
ညို့ငင်ခံရတဲ့ ခြေလှမ်းတွေနဲ့
မင်းရှေ့ကိုငါရောက်လာမယ်....
ဒီလိုနဲ့ပဲ ငါတို့ဟာအနာဂတ်မှာ
ဒဏ္ဍာရီတွေ ဖြစ်လာလိမ့်မယ်...
နောက်တော့
ငါတို့ရဲ့ သမိုင်းတွေကိုတူးဖော်ကြတဲ့အခါ
ချစ်ခြင်းနဲ့ ယက်ထားတဲ့လမ်းလေးရယ်
ခွဲခဲ့ရတဲ့ ဒီဇင်ဘာကျောင်းပိတ်ချိန်ရန်
တွဲထားတဲ့ ပန်းရောင်လက်ဖ၀ါးတစ်စုံရယ်ပဲ
တွေ့ကြလိမ့်မယ်ကွယ်.....။

                    ဖြိုးဝေခ ( GTC မှလမ်းလျှောက်တတ်သော သူငယ်ချင်းများအတွက်)

ရင်မှဖြစ်ထွန်းသောဆည်းဆာ

ဒါဟာ...ဆုံစည်းမှုတစ်ခုလား
ဖြစ်ရပ်အားလုံးထက် ဆန်းကြယ်တယ်....

ရနံ့မပြယ်သေးတဲ့ ဇူလိုင်တွေထဲမှာ
မာနတွေပြိုင်တဲ့ နင်ရယ် ငါရယ်....


အားလုံးထဲမှာ အရှုံးကြီးရှုံးတာ ငါပါ
ရလဒ်မှန်သမျှကိုလည်း နင်ဖျက်ဆီးခဲ့တယ်....


ကျနမှုမရှိတဲ့ စည်းကမ်းချက်တွေ
လိုက်နာဖို့ပြောတဲ့အခါ
ခေါင်းငြိမ့်တတ်တာကလွဲပြီး
အခြားအမူအရာတွေ မနိုင်နင်းခဲ့ဘူး.....


တစ်ဖွဲဖွဲသည်းနေတဲ့ မိုးနေ့တစ်နေ့မှာ
စကားလုံးတွေရေမျှောပြီး
အထီးကျန်ဆိုတာ ငါ့အတွက်
ဖြစ်မှန်းမသိဖြစ်ခဲ့ဖူးတယ်.....။


                              ချွန်းအုပ်

ပြင်မရတဲ့ပြဇာတ်

ပြဇာတ်တစ်ပုဒ်ရဲ့အဆုံးမှာ
လှောင်ရယ်သံတွေဟာ
ငါ့အတွက် သြဘာပေးနေတာလား......

ရင်ထဲကတစ်စုံတစ်ရာအတွက်
အပြင်မှာ ဘယ်သူများသိနိုင်မှာလဲ.....

အရောင်အသွေးတစ်သားတည်းရှိနေတဲ့
ကန့်လန့်ကာနဲ့ပဲ
ပြည်ဖုံးကာ ချလိုက်တော့မယ်....

လမင်းရဲ့လွမ်းတေးဟာ
ငါ့အတွက်ဆိုရင်
ငါ့ကိုကြယ်တွေပြောတဲ့ ကောင်းကင်ကြီးထဲမှာပဲ
အိပ်စက်ခွင့်ပြုပါလား.....

အခုတော...
လက်ပြရုံနဲ့
ရင်ထဲက ဝေ့သီလု မျက်ရည်တွေကို
ဘယ်လို ဆက်ထိန်းရမှာလဲ.....။

                                မှင်နီ

ချစ်သူပန်ဖို့ရင်ခုန်သံ

တန်ရာတန်ကြေးပေးပြီး ရှင်သန်ခွင့်ရတဲ့
မဟောင်းတဲ့နေတွေမှာ အသက်ရှင်ပြီး
အချစ်စစ်ကိုလိုက်ရှာပါရစေ....
မင်းရှေ့ရောက်ရင်
ရင်ကွဲစရာတွေနဲ့
ထိပ်တိုက်မတွေ့မိအောင်
ထိန်းသိမ်းပါ့မယ်.....
သဘောထားမတူညီမှုကြောင့်
ဒို့ဝေးရမယ်ဆိုရင်တောင်
သဘာဝကျကျလေး ရင်ကွဲနေချင်တယ်.....
မဟာဆန်တဲ့ပြကွက်နဲ့
နှလုံးသားရဲ့ဘယ်ဖက်တစ်နေရာကို
ထိုးစိုက်သွားဖူးတဲ့ ခပ်ဖွဖွခြေသံလေးရေ....
မင်းရဲ့အပြုံးတမြမြအောက်မှာပဲ
ငါ့ကိုဒူးထောက်ခစားခွင့်ပြုပါ.....
ရင်ခုန်ခြင်းတွေထဲမှာ
မင်းကလွဲရင်
ဘယ်အရာကိုမှ အရောမခံပါရစေနဲ့.....။

                                    လင်းခက်ပိုင်

Billiard လေးဆော့ရအောင်

                                                                                                      
 ကဲ..ဒီတစ်ခါတော့..သူငယ်ချင်းတော်တော် များများစိတ်ဝင်စားကြတဲ့ ဂိမ်းလေးတင်ပေးလိုက်တယ်။အားရ ပါးရဆော့ကြရအောင် ဒေါင်းလိုက်ကြစို့။ ကျွန်တော့တောင်ကြီးက သူငယ်ချင်းများကတော့ ၀ါသနာကြီးကြတယ်။

Phone အတွက်

ကျွန်တော်ဒီနေ့ Phone အတွက်တင်ပေးပါဦးမယ်။ Animation လှလှများသုံးချင်တဲ့ သူငယ်ချင်းများအတွက်ပါ။










                                                  
                                               

3D Screensaver and Wallpaper လေးသုံးရအောင်

                                                        
 ကျွန်တော်တို့အခု 3D Wallpaper လေးသုံးရအောင်။ ဒီကောင်လေးမှာ Patch ဖိုင်လေးပါထည့်ပေးထား
ပါတယ်။ ဖိုင်ဆိုဒ်ကလည်း သိပ်မများပါဘူး။ အောက်မှာယူသွားလိုက်ပါဗျာ။သူက Wallpaper ရော Screensaver ရော သုံးလိုရပါတယ်။

Tuesday, August 30, 2011

ကြာနီကန် ဆရာတော်တရားများ

၁။မကုန်ဆုံးသောမေတ္တာ ဆိုတဲ့တရားတော်...MP3 Download

၂။မေမေနှင်ထုတ်တေးတစ်ပုဒ် ဆိုတဲ့တရားတော်... MP3 Download

၃။ပျော်ချင်သူုလူအများလိုက်ကြမလား ဆိုတဲ့တရားတော်... MP3 Download

၎။သူများမကောင်းကြံကိုယ့်ဘေးဒဏ်ထိ ဆိုတဲ့တရားတော်... MP3 Download

၅။ငိုပြီးမှရီကြပါစို့ ဆိုတဲ့တရားတော်... MP3 Download

၆။ကိုယ်ချင်းစာတတ်ပါစေ ဆိုတဲ့တရားတော်... MP3 Download

၇။ဒါနကုသိုလ် ဆိုတဲ့တရားတော်... MP3 Download

၈။ဝိပတ်ကြမ္မာမပြေးသာ ဆိုတဲ့တရားတော်... MP3 Download

၉။ကျောက်ခဲလေးရဲ့ဘ၀ဆုံးရှာပြီ ဆိုတဲ့တရားတော်...MP3 Download

၁၀။မုန်းစိတ်မရည်ရွယ် ဆိုတဲ့တရားတော်... MP3 Download
                                                                                         


                                       ကိုညီနေမင်းဆိုဒ်မှပြန်လည်ဒါနပြုသည်။

ကော်ဖီသောက် များခြင်း


                                                     
တစ်နေ့ကို ကော်ဖီ တစ်ခွက်၊ နှစ်ခွက် သောက်တာဟာ ပြဿနာ မရှိပေမယ့် ဒီထက်ပိုပြီးသောက်ရင်တော့ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေ များလာနိုင်ပါတယ်။ နှလုံးခုန် မြန်တာ၊ သွေးတိုး စေတာ၊ ကတုန်ကယင် ဖြစ်တာ၊ မောပန်း နွမ်းနယ်ပြီး ခြေလက်တွေ မသယ်ချင် ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဖြေရှင်းနည်း
ကော်ဖီ သောက်တာကို ချက်ချင်း ရပ်ပြီး လုံးဝ မသောက်တော့ တာမျိုး မလုပ်ပါနဲ့။ သင်ဟာ ကော်ဖီကို မဖြစ်မနေ သောက်တတ်သူ တစ်ယောက် ဖြစ်မယ် ဆိုရင် တစ်နေ့ကို ကော်ဖီ တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်ထက် ပို မသောက်ပါနဲ့။ ညဘက် အိပ်ရာ မဝင်မီ မသောက်မိ ပါစေနဲ့။ မနက်စာ စားတဲ့အခါ ကော်ဖီ သောက်ပေးတာက လုပ်ငန်းခွင် ဝင်တဲ့ အခါ တက်ကြွ ရွှင်လန်း စေပါတယ်။ ကဖင်းဓာတ် ပမာဏ များများ ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အချိုရည်နဲ့ ဆေးဝါး တချို့ကို တတ်နိုင်သမျှ ရှောင်ပါ။

ဗုဒ္ဓဂယာတွင်မြန်မာရုပ်ရှင်ဇာတ်ကားကြီးသွားရောက်ရိုက်ကူးရန်စီစဉ်

အိန္ဒိယနိုင်ငံ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာဒေသ တွင် မြန်မာရုပ်ရှင် ဇာတ်ကားတစ်ကား ပထမဆုံးအကြိမ် အဖြစ်  သွားရောက် ရိုက်ကူးရန် စီစဉ် နေကြောင်း ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က ၈-၄-၂၀၁၁ ရက် တွင် ပြောကြားသည်။ ထိုသို့ ရိုက်ကူးရာတွင် မြတ်စွာဘုရား ဟောကြားခဲ့သည် ဒေသနာတော် များထဲမှ တစ်စိတ် တစ်ဒေသကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးမည် ဖြစ်ပြီး ဗီဒီယို အထူး ပြုလုပ်ချက်များ၊ Animation များ ပါဝင်မည် မဟုတ်ဘဲ သဘာဝ အတိုင်း ရိုက်ကူးမည် ဖြစ်ကြောင်း၊ ထိုဇာတ်ကားကို မြန်မာသရုပ် ဆောင်များ ဖြင့်သာ ရိုက်ကူးမည် ဖြစ်ကာ နိုင်ငံတကာသို့ ပြသရန် ရည်ရွယ်ကြောင်း သိရသည်။ ထိုဇာတ်ကား ရိုက်ကူးရန် စီစဉ်ဖြစ်ပုံ နှင့် ပတ်သက်၍ " ကျွန်တော် မနှစ်က ဗုဒ္ဓဂယာမှာ ဘုန်းကြီးဝတ် ဖြစ်တယ်။ အဲဒီက ပြန်လာတော့ ဇာတ်လမ်း တစ်ခု ရိုက်ဖို့ စိတ်ကူးမိတယ်။ သူငယ်ချင်း တစ်ယောက် ကလည်း ပရိုဂျူဆာ လုပ်မယ်။ ကားကြီး ရိုက်မယ်ပေါ့။
ဇာတ်လမ်းက မြတ်စွာဘုရား အကြောင်းတော့ မဟုတ်ဘူး။ မြတ်စွာဘုရား အကြောင်းကို ကျွန်တော်တို့ မရိုက်နိုင်ဘူး။ မြတ်စွာဘုရား ဟောကြား ခဲ့တဲ့ ဒေသနာတော် ထဲက တစ်စိတ် တစ်ဒေသကို ရိုက်ကူးဖို့ စီစဉ်တာ ဖြစ်ပါတယ် " ဟု ၎င်းက ပြောကြားသည်။ ထိုသို့ ရိုက်ကူးရာတွင် ဒေသနာတော်များ ကို Meditation မှ အစ ဇာတ်လမ်းဆင် ရိုက်ကူးမည် ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ ၏ ကျင့်ဝတ်ကျင့်စဉ်၊ ဘုရားဟော တရားတော်များ ကို နိုင်ငံခြားသားများ စိတ်ဝင်စား စေမည့် ဇာတ်မျိုး ရိုက် ကူးမည် ဖြစ်ကြောင်း သိရသည်။" ဒီဇာတ်ကား ရိုက်ဖို့ ဇာတ်လမ်း၊ ဇာတ်ညွှန်း အတွက် ငါးထပ်ကြီးဘုရားက ဆရာတော်တစ်ပါး နဲ့ ဆွေးနွေး နေပါတယ်။ ဒီဇာတ်ကားမျိုးက ဖန်တီးလို့ လွယ်ကူတဲ့ဇာတ် မဟုတ်တဲ့ အတွက် တကယ် သိတဲ့ သမိုင်းပညာရှင်တွေ နဲ့လည်း သေချာတိုင်ပင် ရမှာပါ။ ထုတ်လုပ်သူက လည်း အားပေးတယ်။ ကျွန်တော်ကလည်း ရိုက်ချင်တယ်။ ဘုရားရဲ့ နှုတ် ကပါဠ်တော်၊ ပညတ် ထားခဲ့တာ တွေကို ဒီခေတ်နဲ့ အညီ ဇာတ်လမ်း ဖြစ်အောင် ရိုက်ကူးမှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ထိုဇာတ်လမ်း ရိုက်ကူးရန် မြန်မာသရုပ် ဆောင်များ အား ဇာတ်လမ်းကိစ္စ ပြီးစီးမှသာ ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

မော့စ် ၏ သား ထိုက်စံ သရုပ်ဆောင်လောကသို့ စတင် ၀င်ရောက်လာ


နိုင်ငံကျော် ဟာသ သရုပ်ဆောင် မော့စ်၏ သား ထိုက်စံ ကို စာနယ်ဇင်း နှင့် ပရိသတ်များ ထံ အပ်နှံပွဲ အား ၂၄-၄-၂၀၁၁ ရက်က Eagle Garden Restaurant တွင် ကျင်းပသည်။ ထိုက်စံမှာ ဒါရိုက်တာ သပြားသု နှင့် "အတီးနဲ့ ချစ်တီး" ၊ ဒါရိုက်တာဖေချစ်ကောင်းနှင့် "အပါယ်တံခါးပိတ်ပေးပါ" ဇာတ်ကား နှစ်ကားကို အဓိက နေရာမှ ရိုက်ကူး သရုပ်ဆောင် ထားပြီ ဖြစ်ပြီး လပ်ကီးဆဲဗင်း နှင့် ယွန်း ဗီဒီယို ထုတ်လုပ်ရေးတို့က ဖြန့်ချိမည် ဖြစ်သည်။ လက်ရှိတွင် မည်သည့် ကုမ္ပဏီ နှင့် မျှ စာချုပ် ချုပ်ဆို ထားခြင်း မရှိသေးဘဲ အနုပညာ လုပ်ငန်းများကို ဖခင်၏ ညွှန်ကြားမှု ဖြင့် မင်းသားကောင်း တစ်ဦး ဖြစ်လာရန် ကြိုးပမ်းနေကြောင်း သိရသည်။ ၀မ်းသာစရာသတင်းပါ။

ဝတ်မှုံရွှေရည်ရဲ့မွေးနေ့အလှူ

                                                  
သရုပ်ဆောင် ၀တ်မှုံရွှေရည်၏ မွေးနေ့ပွဲကို ၁၄.၈.၂၀၁၁ ရက်က ကရ၀တ်ဥယျာဉ်တွင် ပြုလုပ်ခဲ့ပြီး သူ့ရဲ့အမှတ်တရ photo များပါဝင်တဲ့  "The Profolio of Hmone Hmone" Photo Album " အမည်ရှိစာအုပ်ကို အမှတ်တရရောင်းချခဲ့သည်။ စာအုပ်လာရောက်ဝယ်ယူသူ ပရိသတ်များကို ၀တ်မှုံရွှေရည်မှ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပြီး အဆိုပါ စာအုပ်ရောင်းချခြင်းမှ ရရှိသောအကျိုးအမြတ်ကို မိဘမဲ့ကလေးများကို လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ မွေးနေ့ကိတ်ကို အနုပညာရှင်များနှင့် ပရိတ်သတ်ရှေ့မှောက်တွင် လှီးခဲ့သည်။
ပြီးခဲ့တဲ့ သြဂုတ်လ (၁၀)ရက်ကလည်း Park Royal Hotel မှာ မွေးနေ့ပွဲကို ကျင်းပခဲ့ပါသေးတယ်။

ပူဖောင်း ပြုလုပ်ကာ ဂင်းနက်စ် ကမ္ဘာ့ စံချိန်ချိုး

ပူဖောင်းသမား ဆမ်ဆမ်ဟု နာမည်ကြီးသော ဆမ်ဟိသည် သူ၏ သတ္တမမြောက် ဂင်းနက်စ် ကမ္ဘာ့စံချိန်ကို ဇူလိုင်လ ၃ ရက်နေ့တွင် တင်နိုင်ခဲ့ကြောင်း သိရသည်။ ပူဖောင်းများ ပြုလုပ်၍ လည်းကောင်း၊ ပူဖောင်းများ မှုတ်၍ လည်းကောင်း ကမ္ဘာ့စံချိန်များ တင်ခဲ့သူ ဆမ်ဆမ်သည် ယခုအကြိမ်၌ ပူဖောင်းကြီး တစ်လုံး အတွင်း ပူဖောင်းငယ် အများဆုံး ထည့်သွင်း နိုင်မှု အဖြစ် ကမ္ဘာ့ စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ပူဖောင်းကြီး တစ်ခု အတွင်း ပူဖောင်း ငယ်ပေါင်း ၅၆ လုံးကို ထည့်သွင်း ပြခဲ့ပြီး သူကိုယ်တိုင်၏ စံချိန်ဟောင်းကို ပြန် ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ၂၀၀၆ ခုနှစ်က ပူဖောင်းကြီး တစ်လုံးအတွင်း ပူဖောင်း ၄၉ လုံး ထည့်သွင်းကာ ပထမ စံချိန်ကို တင်ထားခြင်း ဖြစ်သည်။ ဆမ်ဆမ် (၃၉ နှစ်) သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ နေထိုင်ပြီး ပူဖောင်း ပညာရှင်အဖွဲ့ တစ်ဖွဲ့နှင့် ပူးပေါင်း၍ အလုပ်လုပ်ကာ ယူနီဗာဆယ် စတူဒီယို၊ ပေါမကားနေးလ် နှင့် ပီတာဂေဘရီယယ်တို့ ကဲ့သို့သော နာမည်ကျော်များ နှင့် ပူးတွဲကာ အလုပ် လုပ်ဖူးကြောင်း သိရသည်။
                                                        (အင်တာနက်မှ မျှဝေသည်)

ကမ္ဘာ့ အရှည်ဆုံး ပင်လယ်တံတား တရုတ်နိုင်ငံ၌ ဖွင့်လှစ်

တရုတ်နိုင်ငံတွင် ကမ္ဘာ့ အလျား အရှည်ဆုံး ပင်လယ်တံတားကို ဖွင့်လှစ် လိုက်ကြောင်း DM သတင်းဌာနက ဇွန်လ ၃၀ရက် နေ့တွင် ဖော်ပြသည်။ အဆိုပါ တံတားသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သော ကင်ဒေါင် နှင့် ကမ်းလွန် ပင်လယ်ပြင်ရှိ ကျွန်းဖြစ်သော ဟန်ဒေါင်းတို့ကို ဆက်သွယ် ထားပြီး ၂၆ ဒသမ ၄ မိုင် ရှည်လျားသည်။ တံတားအကျယ်သည် ပေ ၁၁၀ ရှိပြီး တံတား တည်ဆောက်ရန် အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ သုံးစွဲ ခဲ့ရသည်။ တံတား၌ ထောက်တိုင်ပေါင်း ၅၀၀၀ ကျော်ကို အသုံးပြု ထားသည်။
အဆိုပါ တံတားကို ပင်လယ်ရေအောက် ဥမင် လိုဏ်ခေါင်း တစ်ခု နှင့် အတူ ဇွန်လ ၃၀ ရက် နေ့တွင် ဖွင့်ပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ယခု တရုတ်က ဖွင့်လှစ် လိုက်သော ပင်လယ်တံတားသည် ယခင် ကမ္ဘာ့ အလျား အရှည်ဆုံး ပင်လယ်တံတား အဖြစ် စံချိန် တင်ထားခဲ့သည့် အမေရိကန်ပြည်ထောင်စု လူစီယားနား ပြည်နယ်ရှိ ပင်လယ်တံတားကြီး ထက် သုံးမိုင်ခန့် ပို၍ ရှည်လျားကြောင်း သိရသည်။

                                                                   (အင်တာနက်မှ တဆင့်မျှဝေသည်)

ကမ္ဘာ့အပျော့ပြောင်းဆုံးတဲ့နော်

                                                        
ကမ္ဘာ့ အပျော့ဆုံး လူသားဟု သတ်မှတ် ခံထားရသော ရုရှားနိုင်ငံ မှ ခန္ဓာကိုယ် လိမ်တွန့် ပညာရှင် မိန်းကလေး ဇလာတာ၏ သရုပ်ပြနေသော ပုံများကို တရုတ်နိုင်ငံ ဆင်ဟွာ သတင်း ဌာနက သြဂုတ်လ ၁၁ ရက်နေ့တွင် ဖော်ပြ ခဲ့ကြောင်း သိရသည်။

ချင်ပန်ဇီတိုက်ခိုက်ခံရတဲ့ အမျိုးသမီးရဲ့မျက်နှာသစ်ခွဲစိတ်မှုအောင်မြင်

                                            
အမေရိကန် ပြည်ထောင်စု ကွန်နက်တိကက် ပြည်နယ်မှ အမျိုးသမီး တစ်ဦးသည် ၂ဝဝ၉ ခုနှစ်က အိမ်မွေး ချင်ပန်ဇီ တစ်ကောင် တိုက်ခိုက်ခံရပြီး မျက်နှာ တစ်ခုလုံး ပျက်စီး ခဲ့ရသည်။ သူ့အား ယခုနှစ် မေလ၌ ဘရိုင်ဂမ် ဆေးရုံနှင့် ဘော့စတွန်မြို့ရှိ အမျိုးသမီး ဆေးရုံတို့မှ ခွဲစိတ် ကုသမှု ပြုလုပ်ကာ မျက်နှာ အစားထိုးမှုကို ပြုလုပ် ပေးခဲ့သည်။ ချာလာနစ်ရှ် အမည်ရှိ အမျိုးသမီးတွင် နှာခေါင်း အသစ်၊ နှုတ်ခမ်းများ အသစ်နှင့် မျက်ခွံ အသစ်များ လဲလှယ် ပေးခဲ့သည်။
အဆိုပါ အမျိုးသမီးသည် သြဂုတ်လ ၁၁ရက်နေ့တွင် သူ၏ မျက်နှာအသစ်အား ထုတ်ဖော် ပြသ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။ ဒေါက်တာ ဘိုဒန်ပိုမန်ဟက် ဦးဆောင်ပြီး အဖွဲ့ဝင် ၃ဝ ပါဝင်သော ခွဲစိတ်အဖွဲ့က မျက်နှာ အစားထိုး ကုသမှုကို နာရီပေါင်း ၂ဝ ကြာအောင် ပြုလုပ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် လက်နှစ်ဖက်ကိုပါ အစားထိုး ကုသမှု ပြုလုပ် ပေးခဲ့သော်လည်း နစ်ရှ်သည် နမိုးနီးယား ရောဂါ ခံစားရပြီး သွေးလှည့်ပတ်မှု ဆိုင်ရာ ပြဿနာများ ရှိလာသောကြောင့် လက်နှစ်ဖက်ကို ပြန်လည် ဖယ်ရှားခဲ့ရသည်။
နစ်ရှ်သည် သူ၏ သူငယ်ချင်း ဆန်ဒရာဟာရိုး အိမ်သို့ အလည် သွားစဉ် ဟာရိုး မွေးထားသည့် ၁၅ နှစ်အရွယ် ထရာဗစ် အမည်ရှိ ချင်ပန်ဇီ၏ တိုက်ခိုက်မှု ခံခဲ့ရခြင်း ဖြစ်သည်။ ဟာရိုးက ချင်ပန်ဇီကို မီးဖိုချောင်သုံး ဓားဖြင့် ထိုးသတ်သည့်တိုင် တိုက်ခိုက်မှုကို ရပ်ဆိုင်းခြင်း မရှိဘဲ ရဲအဖွဲ့ ရောက်ရှိလာသည့် အခါမှသာ ချင်ပန်ဇီကို အသေပစ်သတ် ခဲ့ရသည်။     

                                                  (အင်တာနက် မှ ပြန်လည်မျှဝေသည်)

ထက်ထက်က ဇာတ်ကားတွေပြန်ရိုက်တော့မယ်တဲ့

                                                  
သမီးလေး စစ်လွန်းဝတီထက်ကို ဘန်ကောက်ဆေးရုံမှာသွားရောက်မွေးဖွားခဲ့ပြီး၊ ခင်ပွန်းသည် အဆိုတော်/သရုပ်ဆောင် ဇူးမြတ်ထက် နဲ့ ပျော်ရွှင်စရာမိသားစုဘ၀ကို ပိုင်ဆိုင်ထားတဲ့ ထက်ထက်မိုးဦးက သမီးလေး (၆)လပြည့်ပြီမို့ ဇာတ်ကားများပြန်လည်ရိုက်ကူးတော့မယ်လို့ ဆိုပါတယ်။ ဦးဆုံးပြန်ရိုက်မယ့်ဇာတ်ကားက ဒါရိုက်တာဟိန်းစိုးရိုက်ကူးမယ့် မင်းသားရန်အောင်နဲ့ "Over 40" ဆိုတဲ့ဇာတ်ကားပါ။

Caution

သစ္စာမေတ္တာ ချစ်ဂေဟာသို့
မာယာများသူ မလာရ......

ယုယကြင်နာ ချစ်ကမ္ဘာသို့
လိမ်ညာတတ်သူ မလာရ.....

မေတ္တာပွင့်လန်း ဥယာဉ်လမ်းမှာ
အမုန်းပန်းများ မပွင့်ရ.....

တို့ရဲ့ကဗျာ ချစ်လင်္ကာကို
လိမ်ညာလှည့်ဖြား မာယာများတဲ့
မိစိမ်းကားများ မဖြတ်ရ......

                            ထိုပလေပလှော်

ယုံ

မယုံရင်

ပုံပြင်မှတ်တဲ့

ချစ်သူ့ပုံပြင်

ယုံချင်ပါတယ်

ယုန်ကောင်လေး ငုံထားမယ်

ယုံအောင်လေး ပြောပေးကွယ်.....။

                                   ထိုပလေပလှော်

သိစေချင်တယ်

သူ့ကိုချစ်၍ မေ့ပစ်မရ
ဘ၀သွေရော် အဖော်မဲ့ကင်း
ပူပြင်းတမျှ ဒီဘဝ
သူကတော့ မသိနိုင်......

သူ့ကိုလွမ်း၍ တမ်းတမျှော်ငေး
အလွမ်းတေးသစ် ရေးခြစ်သီဆို
ငိုငိုသမျှ ဒီဘဝ
သူကတော့ဖြင့် မကြားနိုင်......

သြော်....
သူကရွှေကြာ ငါကဗေဒါမို့
ရင်မှာနွယ်ကြိုး ရစ်ကာတိုး၍
ခိုးချစ်သမျှ သောကအပူကို
သူသိစေချင်လိုက်တာ......။

                              ထိုပလေပလှော်

မျက်ရည်တွေသွေးဖြစ်သွားတာက လွဲရင်

အလွမ်းဆိုတာ...
နက်နက်နဲနဲချစ်မိတဲ့ နှလုံးသားအတွက်
အကြီးမားဆုံး လက်ဆောင်တဲ့...
မိန်းခလေးရေ...
ချစ်မိပြီဆိုရင် နှလုံးသားကို 
သေမိန့်ချလိုက်တာနဲ့မခြားပါဘူး....
တစ်နေ့ထက်တစ်နေ့
နှလုံးသားကသာ အမာရွတ်တွေတိုးလာတယ်...
ဖြစ်နိုင်မယ့်လမ်းကတော့
စမ်းတ၀ါးဝါးပဲ....
မွှေးမြဖြူစင်တဲ့ပန်းကို
ဘယ်တော့များမှ အလွမ်းကင်းကင်းနဲ့
နမ်းခွင့်ရမလဲ.....
ဘာတွေမှ မပြောင်းလဲခဲ့ပါဘူး...
မျက်ရည်တွေ သွေးဖြစ်သွားတာက လွဲရင်ပေါ့......။


                                        လင်းခက်ပိုင်

သီအိုရီ

ယာယီခွင့်လွှတ်ထားပေမယ့်
စကားလုံးတွေက အရှုံးမပေးချင်သေးဘူး...

ငါ့ရဲ့ရပ်တည်ရာကို ညွှန်ပြပေးပါ
အတိတ်ဟာ တစ်ချိန်မှာ
ငါ့ကျောကိုထောက်မဲ့ ဓားတစ်လက်ပေါ့......

အကောင်းချည်းလို့
နင့်အတွက်....ငါတွေးပြီး
အပြစ်ဆိုတာ ငါ့ရင်မှာမဖြစ်ထွန်းဘူး.....

နင့်ကိုကြိုဆိုကမ်းလှမ်းဖို့
ငါ့လက်ချောင်းတွေဟာ
သံစဉ်တစ်ပုဒ်တောင်
ဖြစ်ခွင့်မရလိုက်ပါလား.....

ငါတို့တွေ့နေကျ
အညတရ ဒီဇင်ဘာရဲ့ကြားမှာ
ကွဲပြားနေတဲ့ စိတ်နှစ်ခုညီမျှဖို့
ပုံသေနည်းမှန်ခဲ့ကြရဲ့လား.....။

                                    ချွန်းအုပ် (အရောင်မဲ့ဇုံ)

ကောက်ကြောင်းမဲ့ ရင်ခွင်

မတမ်းတတော့ပါဘူးကွယ်...
လေပြေက ရှင့်ကိုယ်သင်းရနံ့တွေ
ယူဆောင်ပေးလည်း
နမ်းရှိုက်ခွင့်မှ မရှိတာ.....

နေရောင်က ရှင့်ရဲ့ချောမောမှုကို
အရောင်တင် ခြယ်သထားလည်း
ငေးမောခွင့်မှ မရှိတာ.....

ရှင့်မျက်ဝန်းတွေက
ကြယ်တွေလို လင်းလက်နေတယ်ဆိုရင်လည်း
အကြည့်ချင်းမှ မဆုံနိုင်တော့ပဲကွယ်....

ဘာပဲဖြစ်ဖြစ်..
ရှင့်ရဲ့အချစ်ကိုမရခဲ့ရင်လည်း
မျှော်လင့်ခြင်း တစ်စနှစ်စနဲ့

ypöKyÜefrSm rSDwG,f&Sifoefyg&apvdkY...

                               နှင်းသံချို (အရောင်မဲ့ဇုံ)

Twitter Delicious Facebook Digg Stumbleupon Favorites More