နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, August 30, 2011

သားသမီးတွေလေးစားတဲ့ ဖခင်ဖြစ်အောင်နေမယ်ဆိုတဲ့ အဲလက်စ်

                                                 
"နောက်ကျနေတဲ့ ငါ" Single ခွေ ကို လောလော လတ်လတ် CD ထွက်ထား သလို ဒီ အခွေလေး အတွက် VCD ရိုက်ဖို့ ပြင်ဆင်နေတဲ့ အဆိုတော် အဲလက်စ်နဲ့မေးဖြစ်သမျှ-
"ကျွန်တော် အခု ကျွန် တော့်ရဲ့ Single ခွေ အတွက်VCD ရိုက်ဖို့ပြင်ဆင်နေတယ်။ ဒီအခွေ လေးကို အကောင်းဆုံးဖြစ်အောင် ဒါရိုက်တာတွေနဲ့ တိုင်ပင်ပြီး စိတ် ကူး ထားတာလေးတွေ တင်ပြဖို့ ရှိ တယ်။ မိုးတွင်းဆိုတော့ ရိုက်ရတာ သိပ် အဆင်မပြေသေးလို့လေ။ အဲ ဒါနဲ့ တစ်ကိုယ်တော်ခွေ အသစ်ရယ်၊ အတွဲခွေ တစ်ခွေရယ် အတွက် သီချင်း တွေရေးနေတယ်။ နောက်ကျနေတဲ့ ငါ CD ထွက်ပြီး ပြန်ကြားရတာ တော့ လူငယ်တွေလည်း ကြိုက်၊ လူလတ်ပိုင်းတွေလည်းကြိုက်ကြ ပါတယ်။ခေတ်ရေစီးကြောင်းမှာက Rock ကြိုက်တဲ့ လူလည်းကြိုက်၊ Hip Hop ကြိုက်တဲ့ လူလည်းကြိုက် တယ်။ ဒါပေမဲ့ Hip Hop ကို ကြိုက်တဲ့လူ ပိုများလာတယ်။တစ် ကမ္ဘာလုံးမှာလည်း အဲလိုပါပဲ။ Top Ten တွေကို Hip Hop တွေက နေရာယူထားကြတယ်။ တစ်ကမ္ဘာ လုံးမှာံ Hip Hop တွေက နည်းနည်း ကြီးစိုးကြတယ်လို ဂီတရေစီးအပေါ် အခုလို သုံးသပ်ပေးသွားသလို Copy နဲ့ Own Tune နဲ့မှာသီချင်းဆိုရတာ ချင်းတော့ အတူတူပါပဲ။ တန်ဖိုးချင်း ကတော့မတူဘူး။ ကိုယ်ပိုင် သံစဉ် ကျတော့ ကိုယ့်ရဲ့ သီချင်းဖြစ်တယ် ဆိုတော့ ကိုယ်ပိုင်တဲ့ သီချင်းပေါ့။ ကျန်တာတော့ သိပ်မထူးပါဘူး။ Copy ဆိုမယ်ဆိုရင် သူ့အနေနဲ့ စံထားပြီး သားရှိပြီပေါ့။ရှေ့က ဆိုသွားတဲ့သူက ဆိုထားတဲ့ အခံရှိပြီးသား၊ တီးတာတွေ အကုန်လုံးက ရှေ့က အင်္ဂလိပ် သီချင်းကို ကြားဖူးနေကျဆိုတော့ မှီအောင်ဆိုဖို့ ဆို တာကတော့ တစ်ခုရှိတာပေါ့။ကိုယ်ပိုင်သံစဉ်ကျတော့ သုညကနေ စရတာ ဆို တော့ အကုန်လုံးကို ဖန်တီးရတာပေါ့။ Copy ကတော့ ခရီးတစ်ဝက်လောက် ရောက်နေပြီးသားလေလို့ သူကပြောပြခဲ့ပါတယ်။
Copy ဆိုတဲ့ သူတွေလား အရမ်းက ရတဲ့အခါမှာ သူတို့ဆိုဖို့ အဆင်မပြေ ဘူး။ အဲဒါမျိုးမှာ Play Bak ဖွင့်ဆိုတယ်၊ တောက်လျှောက် ကြီးဖွင့်ထားပြီး ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ အခု ကျွန်တော်နောက်လုပ်မယ့် အခွေအတွက် ကျွန်တော့်လည်း ရေးသလို ကျွန်တော့် သူငယ်ချင်းတွေလည်း အများကြီးပါ တယ်။ ကိုရွှေဂျော် ဂျော်ရေးထားတာလည်း ပါတယ်။ ကျွန်တော်က သီချင်းရေးရင် ကိုယ့်ခံစားချက်ကိုပဲ အရင်ဆုံး ဦးစားပေးရေးပါတယ်။ ကိုယ်ဖြစ်မှ ကိုယ်ရေးလို့ ရတာ တစ်ခါတလေကျတော့ သူ များဖြစ်နေတာတွေ မြင်ရတာကိုလည်း ရေး ဖြစ်တာမျိုးရှိပါတယ်။အခုနောက်လုပ်တဲ့အခွေ အတွက် ကိုယ့်ရင်ထဲက သံစဉ် အတိုင်းရေး တယ်။ အဲဒီ အခွေက နောက်တစ်နှစ်လောက် ကြာဦးမယ်လို့ ထင်တယ်။ အခု ချစ်သူ့အနား အတွဲခွေမှာ ဦးစိုင်းခမ်းလိတ်ရေးထားတာ Own Tune လေးပါပဲ။ဦးစိုင်းထီးဆိုင် ဆို ထားတာလေ။ စဉ်းစားပါဦး သီချင်းလေး ပါ။သီချင်းရဲ့ အဓိပ္ပာယ်လေးကို အရမ်း ကြိုက်လို့ပြန်ဆိုထားတယ်လို့ပြောကြား လာတဲ့ အဆိုတော် အဲလက်စ်က အခုဆို ရင် ကျွန်တော့်ရဲ့ ကလေးတွေက(၁၁)နှစ်ရှိပြီ။ သူတို့လေးတွေ အတွက် အဖေတစ်ယောက် အနေ နဲ့ တာဝန်ကျေအောင် အကောင်းဆုံးဖြစ်အောင်ကြိုး စားပြီးတော့နေတယ်။ ကလေးတွေလေးစားအား ကျရတဲ့ ဖခင်ဖြစ်အောင်ပေါ့လို့ ပြောပြသွားခဲ့တဲ့ အဆိုတော် အဲလက်စ်က သူ့ရဲ့ သီချင်းလေးတွေကို နား ထောင်ပြီး အားလုံးပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်း ပေးသွားခဲ့ပါတယ်။
                                                                    ရိုးရာလေး website မှ တိုက်ရိုက်မျှဝေသည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More