နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)
Showing posts with label ကျန်းမာရေး နှင့် အလှအပ. Show all posts
Showing posts with label ကျန်းမာရေး နှင့် အလှအပ. Show all posts

Friday, February 14, 2014

ရောဂါကုသနိုင်သော အပင်ထွက်အစာများ


 


အစာလည်းဆေး၊ ဆေးလည်း အစာဆိုပြီး ရှေးကတည်းက တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။ နေ့စဉ် ကျန်းမာရေး အတွက် အစားအစာရဲ့ ကဏ္ဍက အရေးပါသလို အရက်နာကျတာ၊ ရာသီ အကြိုဝေဒနာ စတဲ့ နာမကျန်းမှုတွေ ဖြစ်ပေါ်လာရင်လည်း အပင်ထွက် အစားအစာတွေနဲ့ ကုသနိုင်ပါတယ်။
အောက်ပါ တို့ကတော့ သင့်အိမ်ရေခဲ သေတ္တာထဲမှာ အတွေ့ရများတဲ့

Thursday, May 2, 2013

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ

380318 395697287184076 1330963119 n 

တစ်ခါ တစ်ခါတော့ ကိုထွေးသူငယ်ချင်းများအတွက် ကျန်းမာရေးနဲ့အစားအစာအကြောင်းလေးများကို ပြန်လည်ဝေမျှချင်ပါတယ်။ နည်းပညာအကြောင်းတွေ၊ ကွန်ပျူတာအကြောင်းတွေတင်ရင်းနဲ့ ကျန်းမာရေးအတွက်လည်းဝေမျှပြီးတင်ပါဦးမယ်။ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပြီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း

Saturday, February 25, 2012

အရွယ်အိုမင်းမှုကိုရပ်တန့်နိုင်မည့် လျှို့ဝှက်ချက်များ









 

အရွယ်အိုမင်းမှုကို ရပ်တန့်နိုင်သည့် လျှို့ဝှက်ချက်များ
 
ကျွန်မတို့ရဲ့ Cell တွေမှာ ကျွန်မတို့ အတွက် တစ်နေ့တာလုံးလိုအပ်တဲ့ စွမ်း အင်ရဲ့ ၉၈ ရာခိုင်နှုန်းကို ထုတ်လုပ်ပေး နိုင်တဲ့ mitochondria ခေါ် အင်ဂျင် စက်သေးသေးလေးတွေ နဲ့ပြည့်နှက်နေတယ် လို့ သိပ္ပံပညာ ရှင်တွေက သိရှိနေကြတာ ကတော့ နှစ်ပေါင်းများစွာ ကြာလှပါပြီ။
ဒါပေမဲ့ သူတို့တစ်တွေမသိသေးတာက တော့ အဲဒီ mitochondria တွေဟာ ကျွန်မတို့ကို ကျန်းမာတောက်ပပြီး အရွယ်တင်နုပျိုစေဖို့ အဓိကလှုပ်ရှားနေ တယ်ဆို တာကိုပါ။ ဒါကြောင့် mitochondriaတွေ အကောင်းဆုံး အနေအထားမှာရှိပြီး သင့်ကို ၁၅နှစ်ခန့် အရွယ်တင်နုပျို ကျန်း မာစေနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။
၁) လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အင်ဂျင် စက်ကို လောင်စာဖြည့်ပါ နေ့စဉ် မိနစ် ၃၀ ခန့့်် လေ့ကျင့်ခန်း အသင့်အတင့်လုပ်တာကြောင့် mitochondria ရဲ့လှုပ်ရှားမှုဟာ နှစ်လ အတွင်း ၆၂ ရာခိုင်နှုန်း ပိုကောင်းမွန်နိုင် ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာ ကြောင့် သင်ရဲ့ Cell တွေဟာ သွေးတွင်း သကြားဓာတ်ကို ပိုမိုထိရောက်စွာ အသုံး ပြုနိုင်ပြီး mitochondria တွေရဲ့ လှုပ် ရှားမှုအတွက် လောင်စာရရှိသွားနိုင်ပါ တယ်။ သင်ဟာ လေ့ကျင့်ခန်း လုပ်ဖို့ အချိန် မပေးနိုင်ရင် လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် လှေကား အတက် အဆင်းပြု လုပ်တာလိုမျိုး ပြင်းထန်တဲ့ လေ့ကျင့်ခန်း တွေကို နေ့စဉ် ၁၀ မိနစ်လုပ်ပေးပါလို့ သုတေသီတွေက ဆိုပါတယ်။

Thursday, December 29, 2011

ပြုံးတိုင်းလှတဲ့သူ


သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်ရှင်..


လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။


အဆင့်(၁)

Image Hosted by PicturePush - Photo Sharing
အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :)  )

အဆင့်(၂)

သခွားသီး၏ကျန်းမာရေးအကျိုးကျေးဇူး

သခွားသီးမှာ ဖောလိတ်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင် B1၊ ဗီတာမင်B2 ၊ ကယ်လ်စီယမ်၊ ပရိုတင်း၊ အဆီ၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ သွပ်ဓာတ်၊ ဆီလီကာနဲ့ မဂ္ဂနိစ်တို့ ပါဝင်ပါတယ်။ သခွားသီးမှာ အာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။
အသားအရေ
သခွားသီးက အေးမြကြည်လင် စေတဲ့ အာနိသင် ရှိတာကြောင့် အသားအရေ အတွက် အကျိုးရှိပါတယ်။ ရေဓာတ် ပါဝင်မှု မြင့်မားတဲ့ အပြင် ဗီတာမင် အေ၊ ဘီ၊ စီ နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အသားအရေ ထိန်းသိမ်းရေးမှာ သခွားသီးက မရှိမဖြစ် အရေးပါ တာပါ။ သခွားသီး အရည်နဲ့ မျက်နှာကို ပေါင်းတင် ပေးတာက အရေပြားကို တင်းရင်းစေ ပါတယ်။

သင့်အသားအရေအတွက်မဖြစ်မနေလုပ်ဆောင်ရမည့်အရာ(၁၀)မျိုး

သင့် အသားအရေက သင့်အကြောင်းကို  ပြောပြနိုင် ပါတယ်။ သင့် အသားအရေကို ကြည့်ပြီး သင် ရေဓာတ် ပြည့်ဝရဲ့လား၊ အစားအသောက်ကို အာဟာရ ညီညွတ်အောင် စားရဲ့လား၊ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရဲ့လား စတဲ့ အချက်တွေကို သင့် အသားအရေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ အရေပြား ဆရာဝန်က သင့် အသားအရေကို ကြည့်ရှု စစ်ဆေးပြီး အချိန် တစ်မိနစ်၊ နှစ်မိနစ် အတွင်းမှာပဲ သင့် ကျန်းမာရေး အခြေအနေကိုပါ မှန်းဆနိုင်ပါတယ်။
အရေပြား ကျန်းမာရေးဟာ ခန္ဓာကိုယ် အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သင့် အသားအရေ ကျန်းမာ လှပရေး အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လမ်းညွှန် ဖော်ပြလိုက် ရပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာ

ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီး အောက်ပါ အတိုင်း ခွဲခြား ကြည့်ကာ သင့်အတွက် လိုအပ်တာတွေ ပြုပြင် လိုက်ပါ။
၁။ခေါင်းတစ်ပြင်လုံး ကိုက်ခဲနေရင် ဒါဟာ သင် ပင်ပန်း နေတယ် ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။
သင် ဒါကို လိုအပ်ပါတယ်

ဗီဇ ပြုပြင်ထားသောဗိုင်းရပ်စ်များကိုထိုးသွင်းခြင်းဖြင့်ကင်ဆာကိုကုသနိုင်

ဗီဇ ပြုပြင် ထားသော ဗိုင်းရပ်စ် တစ်မျိုးကို သွေးကြောထဲသို့ ထိုးသွင်းခြင်း အားဖြင့် ခန္ဓာကိုယ် တစ်လျှောက်လုံးရှိ ကင်ဆာ ဆဲလ်များ ဆီသို့ ရွေးချယ်ကာ ဦးတည် သွားနိုင်ပြီး ကင်ဆာရောဂါ ကုသမှုတွင် အသုံးပြု နိုင်ကြောင်း ပညာရှင်များက စက်တင်ဘာ လ ၁ ရက် နေ့တွင် ကြေညာခဲ့သည်။
အဆိုပါ နည်း လမ်းကို

Wednesday, October 12, 2011

ဦးနှောက်ကိုထိခိုက်စေသောအမူအကျင့်

                          


*နံနက်စာ မစားသုံးခြင်း။*
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ်
ပမာဏ နည်း လို့ ဦးနှောကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့
ဦးနှောက်ကို ယိုယွင်းစေပါတယ်။
*
**အစားအလွန်အကျွံစားသုံးခြင်း။*
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။
*
**ဆေးလိပ်သောက်ခြင်း။*
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။

* သကြားအများအပြားစားသုံးခြင်း။*
သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေလို့ အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို
အနှောင့် အယှက်ဖြစ်စေပါတယ်။

*လေထုညစ်ညမ်းခြင်း။*
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။
ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို
အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ်
ပါ တယ်။

*အိပ်ရေးပျက်ခြင်း။*
အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ
ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။

*ခေါင်းစွပ်နှင့်အိပ်ခြင်း။*
ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး
အောက်စီဂျက်စုစည်းမှုကို လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို
ဖြစ်စေနိုင်ပါတယ်။

*နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။*
နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်
ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။
*
**နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။*
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။

Friday, September 9, 2011

ပန်းသီး စားကြတဲ့ အခါ သတိထားပါ

                                                            
ပန်းသီး စားကြတဲ့ အခါ အခွံ့ နွှာစားတဲ့  သူရှိသလို..ဆေးဖက်ဝင်လို့ ဆိုပြီး ပန်းသီး အခွံ့ ကိုပါ စားတတ်ကြပါတယ်။ များသောအားဖြင့် USကလာတဲ့ ပန်းသီးများအပါအဝင် နိုင်ငံရပ်ခြားမှ ဝင်လာတဲ့ပန်းသီးတွေဟာ နှစ်ပေါက်နေပေမယ့် လတ်ဆတ်တဲ့  ပုံစံအတိုင်း
အနေအထားမပျက်တွေ့ရှိကြရပါတယ်။ဒါကတော့ပန်းသီးအခွံ့ ကို ဖယောင်းနဲ့ အုပ်ထားတဲ့အတွက် ပြင်ပမှ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်တဲ့ အပြင် အရည်ဓာတ်ခမ်းခြောက်ခြင်းလည်းမရှိပါ။ဖယောင်းနဲ့  ပြန်အုပ်ထားတာကို ပုံမှာ ပြထားတဲ့အတိုင်းစမ်းသပ်နိုင်ပါတယ်။ပန်းသီး ကြိုက်သူများ အခွံ့ ကိုပါ မနွှာတမ်း အလုံးလိုက် ကိုက်စားချင်သူများ… သတိထားရှောင်ရှားကြဖို့ ပါ…လမ်းကြုံရင် သူငယ်ချင်းတွေကိုပါ လက်ဆင့်ကမ်း သတိပေးလိုက်ကြပါဦး။

ရှားစောင်းလက်ပတ်အကြောင်း

                                                            
ဒီနေ့မြန်မာ့အသံမှာလာတဲ့ယဉ်တကိုယ်မယ် လေးပြောသွားသလိုပဲ ရှားစောင်းလက်ပတ်လေးအကြောင်းကို သူပြောတာထက်အသုံးဝင်ကြောင်းလေးကို သူငယ်ချင်းတို့ကိုပြောပြပေးချင်ပါတယ်။လူတိုင်း အလှအပကိုမြတ်နိုးကြမယ်လို့ထင်ပါတယ်။
ရှားစောင်းလက်ပတ် ရဲ့ ဂျယ်လီလိုဖြစ်နေတဲ့အသားတုန်တုန်ကလေးတွေ ကို မျက်နှာမှာ အသာလိမ်းပေးပြီး မယ်ဆိုရင်မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အမဲကွက်တွေ နေလောင်တာတွေကိုကာကွယ်ပေးပါတယ်။ အသားအရေ ခြောက်တာလည်းမဖြစ်တော့ဘူးပေါ့။ မိန်းကလေးတွေအများစုဟာ မိတ်ကပ်ကို လိမ်းတတ်ကြပါတယ် မနက်ပိုင်းလိမ်းပြီးလို့ မိတ်ကပ်ကြောင့်အသားအရေးမပျက်စီးရအောင် ညနေအိမ်ပြန်ရောက်တဲ့အခါ(သို့)ညအိပ်ယာဝင်ခါနီး မျက်နှာသစ်ပြီးတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လီလေးကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ်(၂၀)လောက်မှာ ရေအေးနဲ့ မျက်နှာပြန်သစ်ပေးမယ် ဆိုရင် မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ ၀က်ခြံဖုပေါက်တာ၊ နေကြောင့်အသားအရေလောင်တာ ခြောက်တာတို့ကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။ နောက်ပြီး ရေနွေးပူလောင်တာ ၊မီးပူလောင်တာ တို့ဖြစ်တဲ့အခါမှာ လည်း ဖြစ်ဖြစ်ချင်း ရှားစောင်းလက်ပတ်ကိုရေနဲ့သန့်သန့်ဆေး၊ နှစ်ခြမ်းခွဲပြီး အပူလောင်တဲ့ ဒါဏ်ရာပေါ်ကို ကပ်ပေးပြီး မကြာခဏ ရှားစောင်းလက်ပတ် လဲလှယ်ပေးမယ်ဆိုရင် ဒါဏ်ရာဟာ အပူဖူ(အရည်ကြည်ဖု) ဖြစ်မလာတော့ပဲ ခဏအတွင်းသက်သာမှာဖြစ်သလို နဂိုအသားအရေအတိုင်း ပြန်ရမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ် ယိုလို့ပြောရမလား ချက်ဆေးလို့ပြောရမလား လုပ်ပြီး စားလို့လည်းရပါသေးတယ် ။အဲဒါကတော့ ရှားစောင်းလက်ပတ်ရယ်၊ ထန်းလျက်အမဲရယ်၊ မန်ကျည်းသီးမှည့်ရယ်ရောကြိုရတာပါ။တချို့ကတော့ စမုံမျိုး(၅)ပါးထည့်ကြပါတယ်။ကျွန်မကတော့ အလွယ်ပဲ ကြိုစားဖြစ်တာပါ စမုံမျိုး(၅)ပါး မထည့်ဖြစ်ပါဘူး။ ရှားစောင်းလက်ပတ်ကတစ်ဆ ၊မန်ကျည်းသီး တစ်ဆကို ထန်းလျက်က နှစ်ဆထည့်ရမှာပါ။ အရင်ဆုံးအပင်ကခူးလာတဲ့ ရှားစောင်း လက်ပတ်ကို ရေအေးနဲ့သန့်နေအောင်ဆေးရပါမယ် ပြီးတော့ ကျိတ်စက်ကလေးနဲ့ တစ်ချောင်းချင်း ကျိတ်ပေးရပါတယ်။ဒါမှမဟုတ်ရင်လည်း ဓါးနဲ့ပါးပါးလေးလှီးပေးရင်လည်းရပါတယ် ကျိတ်စက် ဆိုတော့မြန်တာပေါ့နော။ ထန်းလျက်ကိုလည်းရေနည်းနည်းနဲ့ကြိုထားရပါမယ်။ မန်ကျည်းသီးကိုတော့ ရေအေးနည်းနည်းနဲ့ စိမ်ပြီးပွနေအောင်ထားရပါမယ်။ပြီးမှ မျည်ကျည်းသီးကို အနှစ်တွေပဲရအောင် ဇကာကလေးနဲ့တိုက်ချပေးရပါတယ်။ပွနေတဲ့မန်ကျည်းသီးကို ဒီအတိုင်းထည့်လည်းရပါတယ်။ ကျွန်မကတော့ အနှစ်ကလေးတွေပဲရအောင်ဇကာလေးနဲ့ တိုက်ချတာပါ။ကြိုထားတဲ့ ထန်းလျက်ကို အအေးခံပြီး ရေစစ်နဲ့စစ်ပေးရပါမယ်ဘာကြောင့်လဲဆိုတော့ ထန်းလျက်မှာအမှိုက်ကလေးတွေ သဲလေးတွေပါနေတတ်တာကြောင့်ပါ။ ပြီးရင်အဲဒီ(၃)မျိုးကို ဒန်အိုးသန့်သန့်ထဲပေါင်းထည့်ပြီး ကြိုလို့ရပါပြီ။ ကြိုနေရင်းနည်းနည်းပြစ်လာပြီဆိုရင်တော့ ဆက်တိုက်မွှေပေးရပါမယ်။ ထန်းလျက်ပါတာကြောင့် မီးတူးတတ်တယ်လေ။ ရေတွေခန်းသွားခါနီးမှာ တော့ ဆားသင့်တော်ယုံ လောက်ထည့်ပြီးမွှေပေးရပါတယ်။ ရေလည်းမကျန်၊တအားစေးကပ်သွားတာလဲမဟုတ်ပဲ သင့်တော်တဲ့အနေအထားထိထားပြီး အအေးခံထားလိုက်ပါ။ ပြီးရင် ပုလင်း(သို့)ဗူးထဲထည့်ပြီး ညနေစာနဲ့ ဝေးတဲ့ ညအိပ်ခါနီးအချိန်မှာ အဲဒီရှားစောင်းလက်ပတ်ယိုကို စားပေးမယ်ဆိုရင် ဆီး၊၀မ်း၊လေ မှန်ပြီး အသားအရေစိုပြေမှာဖြစ်ပါတယ်။ နောက်ပြီး ဆံပင်ကျွတ်ခြင်း ၊ဗေါက်ထခြင်းကိုတော့ မိမိခေါင်းလျော်တဲ့အခါမှာ မိမိအသုံးပြုတဲ့ရှန်ပူ နဲ့အတူရောလျော်ရင် ဗေါက်ထတာ ဆံပင်ကျွတ်တာကနေ ကင်းဝေးပြီး ပျော့ပျောင်းလှပတဲ့ဆံပင်ကလေးကို ရရှိမှာဖြစ်ပါတယ်။ အဲဒါကတော့ မိမိခေါင်းလျော်ရည်ထည့်မည့် ဖလားဒါမှမဟုတ် ဇလုံကလေးပေါ့ အဲဒီအထဲကို ရှားစောင်းလက်ပတ်ရဲ့ဂျယ်လီကလေးတွေပဲရအောင်အပေါ်ယံကအစိမ်းဖတ်ကလေးကို ဓါးနဲ့ အသာခွာယူပြီး ဂျယ်လီလိုအသားကလေးတွေကို မိမိအသုံးပြုတဲ့ ဘီးကလေးနဲ့ သာသာကလေး ခြစ်ယူပါ။ ပြီးရင်မိမိအသုံးပြုမယ့် ခေါင်းလျော်ရည်ထည့်ထားပြီး မိနစ်၃၀ခန့်ထားပေးပါ။ ခေါင်းလျော်တဲ့အခါ ရောမွှေလိုက်ပါ ။လျော်တဲ့အခါမှာ ဦးရေကိုလက်နဲ့ဖွဖွသာကုတ်ပါ။ ခဏပေါင်းထား သလိုဖြစ်အောင် ဖွဖွကုတ်ပေးပါ။ ၅မိနစ် ၁၀ မိနစ်လောက် ထားပြီး ရေနဲ့လျော်ပေးမယ်ဆိုရင် သင့်ဆံပင်ဟာ နူးညံ့ပြီး ဗေါက်ကင်းတဲ့သူဖြစ်မှာပါ။ ဆံပင်သားဟာလည်း နှစ်ခွမဖြစ်တော့ပါဘူး။ နောက်ထပ်အသုံးဝင်တာရှိပါသေးတယ် ။အဲဒါကတော့ ရှားစောင်းလက်ပတ်သတ္တုရည်ကိုသောက်သုံး ခြင်းပါပဲ အဲဒါကတော့ ကိုယ်အတွင်းက ကလီစာတွေအတွက် သိပ်ကောင်းတဲ့ဆေးရည်ပါတဲ့။ အဲဒါကို ဂျပန်နိုင်ငံက ထုတ်လုပ်နေပြီလို့သိရပေမယ့် ဆေးရည်ကြိုနည်းကို အတိအကျမသိသေးတဲ့အတွက် နောက်မှဆက်လက်ဖော်ပြပေးပါ့မယ်လို့ ..........နော်။ အထက်ကဖော်ပြပေးခဲ့တာတွေကတော့ ကျွန်မလက်တွေ့ မို့ပါ။ ကျွန်မ သင်တန်းတခုတက်ရတုန်းက ကျွန်မဆံပင်က တင်ပါးဖုံးခါနီးအထိရှည်ပါတယ်။ သင်တန်းမှာက ဆံထုံး မထုံးမနေရဆိုတော့ ဆံပင်ကို ခေါက်ရပါတယ်။ သူများလို တစ်ပတ်လျှိုလည်းမထုံးတတ်ပါဘူး ။အဲဒါကြောင့် ပိုက်အုတ်နဲ့ပဲ မရမက ခေါက်ထုံးရတာဆိုတော့ ခေါက်ထားတဲ့အရာကနေဆံပင်တွေကျိုးကုန်ပါတယ် ။တော်တော်လည်းပျက်စီးကုန်ပါတယ်။ ရေမကောင်းတာလဲပါတာပေါ့နော်။ အဲဒါကြောင့်ဆံပင်ကိုကျော်လည်အထညှပ်လိုက်ရပါတယ် ။ အဲဒီနောက်မှာမှ ရှားစောင်းလက်ပတ်နဲ့လျော်ရတယ်ဆိုတာကိုသိပြီးလျော်ဖြစ်တာပါ။
                                                                  ref:kabarthit

 

ရှားစောင်းလက်ပပ်သတ္တုရည်ပြုလုပ်နည်းနှင့်အခြားနည်းများ

ရှားစောင်းလက်ပပ်အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ဖြတ်ပါ။ တစ်ယောက်စာအတွက်ပဲဆိုရင်တော့ လေးရွက်၊ငါးရွက်လောက်အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ်လေးတွေကိုမဖြတ်ပဲအပင်မှာပဲချန်ထားခဲ့ပါ။ ရေစင်စင်ဆေးပြီး
ဆူးတွေနဲ့ထိပ်ဖျားကို ဖြတ်ပစ်လိုက်ပါ။
၁။ ဓါးနဲ့ပါးပါးလှီးပြီး သစ်သီးဖျော်ရည်စက်နဲ့မွှေပါ။
၂။ ပိတ်စပါးသန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်းလက်ပပ်ရည်ကို အိုးသန့်သန့်တစ်လုံးနဲ့ ခံယူပါ။
၃။ ရှားစောင်းလက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင်ကျိုပါ။
ဆူလာတဲ့အခါမှာ အမြှုပ်တွေတက်လာပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို
ခပ်ထုတ်ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့်
အမြှုပ်တွေကိုကုန်အောင်ခပ်ထုတ်ရတာပါ။
၎။ ပျားရည်(သို့မဟုတ်) သကြားသန့်သန့်သင့်ရုံလောက်ကို ကြိုက်နှစ်သက်တဲ့အရသာဖြစ်အောင်ထည့်ပြီး သမအောင်မွှေပေးပါ။ အအေးခံထား
ပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ဆီးချို ရှိသူများ အတွက်ကတော့ အချိုမထည့်သင့်ပါဘူး။ သဘာဝ
အတိုင်းသောက်တာပိုကောင်းပါတယ်။ ရှားစောင်လက်ပပ်သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ဇွန်းနှုန်းဖြင့် သုံးကြိမ်သောက်သင့်ပါတယ်။
ရှားစောင်းလက်ပပ်ရည်ကို ဒီအတိုင်းပဲထားမယ်ဆိုရင် သူ့ထဲမှာပါဝင်တဲ့ အောက်ဇားလစ်အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်းသွားတတ်
ပါတယ်။ ဒါကြောင့်ရေခဲသေတ္တာ မရှိသူများ နှစ်ရက်စာလောက်သာကျိုချက်သောက်လျှင်ကောင်းပါတယ်။ နှစ်ရက်ထက်ပိုမထားသင့်ပါဘူး။
ရှားစောင်းလက်ပပ်အမှုန့်ပြုလုပ်နည်း
ရှားစောင်းလက်ပပ် အမှုန့်ပြုလုပ်နည်းကတော့ ........................
ရှားစောင်းလက်ပပ်အရွက်ကို သန့်စင်အောင်ဆေးပြီး ဆူးတွေနဲ့ထိပ်ချွန်တွေကို
ဖယ်ပြီး ပါးနိုင်သလောက်ပါးအောင်လှီးပါ။ ပါးလေကောင်းလေဖြစ်ပါတယ်။
လှီးထားတဲ့ရှားစောင်းလက်ပပ် အဖတ်လေးတွေကို ၀ါးနဲ့
လုပ်ထားတဲ့ဆန်ကောထဲမှာဖြန့်လှန်းပါ။တစ်ရက်နဲ့မခြောက်ရင် နှစ်ရက်၊ သုံးရက်
စသည်ဖြင့်လုံးဝ ခြောက်သွားအောင်လှန်းပါ။
နှစ်ရက်၊သုံးရက်ကြာတဲ့အခါရှားစောင်းလက်ပပ်တွေလုံးဝ ခြောက်သွားပြီဆိုရင်
ဆုံထဲမှာထည့်ပြီး ထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ်ဆိုရင်တော့
ဆန်ကာချပေးရုံပါပဲ။
ရှားစောင်းလက်ပတ်အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို
ရေနွေးတစ်ခန်ခွက်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ်၊သုံးကြိမ်သောက်ပါ။
ရှားစောင်းလက်ပပ်အမှုန့်ပြုလုပ်ဖို့အချိန်မရသူတွေအတွက် ရှားစောင်းလက်ပပ်
အခြောက်ဖတ် အတိုင်း ရေနွေးဆူဆူထဲခတ်ပြီး
ရေနွေးကြမ်းသောက်သလိုသောက်သုံးနိုင်ပါတယ်။ သောက်ရတာခက်တယ်ထင်ရင်တော့
ပျားရည် လေးနည်းနည်း ထည့်သောက်ပါ။ သွေးချို၊ဆီးချိုရှိ သူများအတွက်ကတော့
ပျားရည်မထည့်သင့်ပါဘူး။ပျောက်ကင်းကာကွယ်နိုင်တဲ့ရောဂါများကတော့
အစာအိမ်ပြည်တည်နာနဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါ၊ ဆီးချို၊သွေးချို၊
အသည်း၊သွေးတိုးရောဂါ အစရှိသည်တို့ကိုကာကွယ်ပျောက်ကင်းနိုင်ပါတယ်။

မှတ်ချက် ၊ ဆရာမောင်မောင်လှိုင်ဘာသာပြန်ဆိုရေးသားတဲ့ အံ့ဖွယ် အစွမ်းထက်တဲ့
ရှားစောင်းလက်ပပ်သတ္တုရည်စာအုပ်မှ စုစည်းတင်ပြခြင်းဖြစ်ပါတယ်။

Thursday, September 8, 2011

တောက်ပကြည်လင်တဲ့အသားအရေရရှိစေဖို့




စာဖတ်သူများနဲ့ သူငယ်ချင်းများ အတွက် တောက်ပ လန်းဆန်းတဲ့ အသားအရေ ကို ဘယ်လို ဖန်တီးကြမလဲ ဆိုတာနဲ့ပါတ်သက်ပြီး စုဆောင်းထားသမျှ လေးတွေကို အကြံပြု ဖော်ပြ ပေးလိုက်ပါတယ်…ညိုးနွမ်းခြောက်သွေ့နေတဲ့ အသားအရေနဲ့ဆို လူတွေကြား သွာလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်စိတ် နည်းစေပါတယ်.. ဒီတော့ စိုပြေ လတ်ဆတ်တဲ့ အသားရေ ရရှိဖို့ အောက်က အချက်လေးတွေကို ကြိုးစားပြီး လုပ်ကြည့်ကြစေလိုပါတယ်…

၁. နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်နိုင်ရန် ကြိုးစားပါ… တစ်နေ့လျှင် နာရီဝက်ခန့် လုပ်နိုင်လျှင် ကောင်းပါသည်။ လေ့ကျင့်ခန်း လုပ်ခြင်း၊ လမ်းလျှောက်ခြင်းသည် ကိုယ်ခန္ဓာအတွင်းမှ ချွေးများကို ထွက်လာစေဖြင့် အရေပြားကို သန့်ရှင်းကြည်လင်စေပါသည်။
၂. ရေများများသောက်ပါ။ တစ်နေ့ကို ရေ ဂခွက်မှာ  ၁၀ခွက် သောက်သင့်ပါသည်။ ရေသည် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှား ပေးပြီး အသားအရေကို တောက်ပ လန်းဆန်း စေနိုင်ပါသည်။ ရေ တစ်ဖန်ခွက် အပြည့်ကို သောက်ရခက်လျှင် ရေခွက်ထဲသို့ သံပုရာသီး တစ်စိတ် ညှစ်ထည့်ခြင်းအားဖြင့် သောက်ရ လွယ်ကူစေ နိုင်ပါသည်။

၃.သန့်ရှင်းလတ်ဆတ်သော အသီးအနှံကို များများစားပေးပါ။ ပန်းသီး၊လိမ္မော်သီး၊ တို့ကိုနေ့စဉ် စားပါ။  မုံလာဥနီဖျော်ရည်နှင့် ပဲနို့ သည် အသားအရေကို စိုပြေလှပစေဖို့ လွန်စာအထောက်အကူ ဖြစ်စေနိုင်ပါသည်။

၎.နွားနို့ တစ်ခွက် နေ့စဉ်သောက်သုံးပါ။

၅.အပြင်ထွက်ပြီး ပြန်လာတိုင်း မျက်နှာကို ဆပ်ပြာအပျော့စားနှင့် စင်ကြယ်အောင် ဆေးကြောပါ။ မျက်နှာသစ်ပြီးတိုင်း moisturizer လိမ်းပေးပါ။

၆. နေ့စဉ်ငါးကြီးဆီ စားပါ။

၇. အဆီများသောငါးနှင့် ဆယ်လ်မွန်ငါး၊ တူနာငါး၊ဆာဒင်းငါး စသည်တို့ကို များများ စားပါ…

၈. အသီးအရွက်များများစားပါ။ နေ့စဉ် အရွက်သုပ် တစ်မျိုးမျိုးကို မပါမဖြစ် စားသုံးပေးပါ။

၉. နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ  ရှောင်ကျဉ်ပါ။ နေပူထဲ မထွက်မဖြစ် ထွက်မည်ဆိုပါက အင်္ကျီ လက်ရှည် ၀တ်ဆင်ပါ။

၁၀. ငှက်ပျောသီး၊  သဘောင်္သီး၊ ထောပတ်သီး တစ်မျိုးမျိုးကို နွားနို့နှင့်ရောနယ်ကာ မျက်နှာပြင်ပေါ် လိမ်းခြယ်ပါ။      ၁၀မိနစ်မှ ၁၅မိနစ် အထိထားပြီး ခြောက်သွေ့သွားလျှင်
ရေအေးနှင့် မျက်နှာကို ဆေးကြောပါ။ တစ်ပတ် ၂ကြိမ် ပုံမှန် ပြုလုပ်ခြင်းအားဖြင့် စိုပြေနူးညံ့ကာ တောက်ပသော မျက်နှာပြင် အလှကို ပိုင်ဆိုင်နိုင်ပါသည်။ ရှားစောင်း လက်ပတ် အနှစ်ကို မျက်နှာပြင်ပေါ် နေ့စဉ် လိမ်းကျံပြီး ရေအေးနှင့် ဆေးကြောခြင်းကို လဲ ပြုလုပ်နိုင်ပါသည်။
၁၁. နေ့စဉ် အိပ်ရေး၀၀အိပ်ပါ။ အိပ်ရေးပျက်ဖန် များလျှင်လည်း အသားအရေကို ခြောက်သွေ့ပြီး မျက်ဝန်းတစ်ဝိုက် မျက်ကွင်းညိုများ ဖြစ်ပေါ် စေနိုင်ပါသည်။

၁၂. စိတ်ဖိစီးမှုများ၊စိုးရိမ်ပူပန်မှုများကို အတတ်နိုင်ဆုံး လျှော့ချပါ။ စိုးရိမ်ပူပန်စိတ်များလွန်းလျှင်လည်း လျှင်မြန်စွာ အိုမင်းရင့်ရော်ခြင်းကို အားပေး စေပါသည်။
၁၃. ဆောင်းရာသီတွင် ရာသီဥတု အေးလွန်းသဖြင့် အသားအရေ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ ဖြစ်တတ်ပါ သည်။  ၄င်းအတွက် အကောင်းဆုံးနည်းမှာ မြန်မာပြည်တွင် အလွယ်တကူ ၀ယ်ယူ ရရှိ နိုင်သော (Glycerine) အသားလှဆီရည်ကို ရေနှင့်ရော၍ နေ့စဉ်လိမ်းပေးပါက စိုပြေတောက်ပသော အသားအရေကို အမြန်ဆုံးပြန်လည်ရရှိစေနိုင်ပါသည်။

                                                                                           ချော(အစိမ်းရောင်လွင်ပြင်)

Wednesday, September 7, 2011

ရှူးဖိနပ်တွင်း အနံ့နံခြင်းအတွက်

မုန့်ဖုတ်ဆော်ဒါအနည်းငယ်ကို ဖိနပ်ထဲဖြူးပြီးမှ ၀တ်ဆင်ပါ။ ဖိနပ်အတွင်းဖြူးထားတဲ့ မုန့်ဖုတ်ဆော်ဒါတွေများသွားပါက ပြန်ဖယ်ရှားဖို့မမေ့ပါနဲ့။ ညဖက်မှာ ဖိနပ်အတွင်း လိမ္မော်သီးခွံထည့်ထားနိုင်ပါသေးတယ်။ ဘတ်တီးရီးယားတွေကြောင့်ထွက်လာတဲ့ အနံ့အသက်တွေကို ဖယ်ရှားနိုင်ပါတယ်။

ချိုင်းချွေးနံ့ နံခြင်းအတွက်

ပန်းသီးအရက်ကို ဂွမ်းအနည်းငယ် ဒါမှမဟုတ် အ၀တ်စသန့်သန့်နဲ့တို့ပြီး ချိုင်းကိုလိမ်းပေးပါ။ ပန်းသီးအရက်က ချိုင်းကြားမှ ချွေးထွက်တာကို တားဆီးပေးတာကြောင့် ဘတ်တီးရီးယားတွေပေါက်ဖွားရှင်သန်မှု မရှိစေဘဲ အနံ့အသက် ကင်းစေပါတယ်။

သဲဝဲစားခြင်းအတွက်

ပန်းသီးအရက်ကို ရေသုံးဆရောပါ။ ရလာတဲ့အရေဟာ ခြေထောက်မှာ ကပ်တတ်တဲ့ မှိုပိုးကိုသေစေပါတယ်။ သဲဝဲစားနေတဲ့ ခြေထောက်ကို ပန်းသီးအရက်နဲ့ရေ ရောစပ်ထားတဲ့အရည်ထဲမှာ နှစ်ပြီး စိမ်ထားပေးပါ။

အရေပြား နှင့် နှုတ်ခမ်းခြောက်သွေ့ခြင်းအတွက်

သံလွင်ဆီဟာ သဘာဝကရတဲ့အဆီဖြစ်တဲ့အတွက် လက်ဖ၀ါးပေါ်ကို သံလွင်ဆီအစက်အနည်းငယ်ချပြီး ခြောက်သွေ့နေတဲ့ နှုတ်ခမ်း နဲ့ အရေပြားကို ညင်သာစွာပွတ်လိမ်းပေးပါ။ သင့်အရေပြားနဲ့နှုတ်ခမ်းသားတွေ နှုးညံ့လာအောင် သံလွင်ဆီက လုပ်ဆောင်ပေးပါတယ်။

လက်ဖ၀ါးအရေခွံကွာခြင်းအတွက်

သင့်လက်ဖ၀ါးကို ရေဆွတ်ပြီးသကြားနဲ့ပွတ်ပေးပါ။ သကြားတွေက သင့်လက်ဖ၀ါးမှာရှိတဲ့ ဆဲလ်အသေတွေနဲ့ ကွာကျနေတဲ့အရေခွံအစအနတွေကို ဖယ်ရှားပေးပြီး ကြေးကျွတ်စေပါတယ်။

နေလောင်ခြင်းအတွက်

သင့်ရဲ့နေလောင်ထားတဲ့ အရေပြားကိုသေချာစွာသန့်စင်ဆေးကြောပါ။ အ၀တ်စသန့်သန့်တစ်ခုကို အေးနေသောနွားနို့ပန်ကန်ထဲ နှစ်ပြီး နေလောင်ထားတဲ့အရေပြားပေါ် တို့လိမ်းပေးပါ။ နွားနို့ဟာအေးမြနေမှ အရေပြားပေါ်ထိတွေ့လာတဲ့ နွားနို့ရဲ့အေးမြမှုက ရောင်ရမ်းတာကိုလျော့နည်းစေမှာပါ။ နွားနို့မှာပါတဲ့ လက်တစ်အက်ဆစ်က ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့အာနိသင်ရှိပါတယ်။ ရောင်ရမ်းမှုကိုဆန့်ကျင်ပေးနိုင်တဲ့ ဓါတ်ပေါင်းတွေပါဝင်တဲ့ သံလွင်ဆီကိုလည်း သုံးနိုင်ပါတယ်။                                                                      

ခရီးကပြန်လာရင် သဘာဝကျကျ အသားရေထိန်းသိမ်းမယ်

၁) သခွားသီးကပ်ခြင်း
          ခရီးကပြန်လာလို့ ပင်ပန်းနေချိန်မှာ မျက်ကွင်းညိုပြီး မျက်လုံးတွေညောင်းညာနေရင် သက်သာစေဖို့ သခွားသီးကိုပါးပါးလှီးပြီး မျက်ဝန်းတွေပေါ်ကပ်ထားပေးပါ။ မျက်လုံးတွေပေါ်မှာ သခွားသီးပါးပါးကပ်ပေးတာဟာ မျက်ဝန်းတွေကိုအေးမြစေပြီး လန်းဆန်းမှုကိုရရှိစေပါတယ်။              
         သခွားသီးနဲ့သံပုရာရည်ကို ရောမွှေပြီး မျက်နှာအရည်ပြားပေါ် လိမ်းပေးတာကလည်း မျက်နှာပေါ်က အမည်းစက်တွေနဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေပါတယ်။

၂) ပျားရည်နှင့်သံပုရာရည်ရောလိမ်းခြင်း
        ပျားရည်ထဲကို သံပုရာရည်အစက်အနည်းငယ် ထည့်ပြီး အဲဒီအရောအနှောကို မျက်နှာပြင်ပေါ်လိမ်းပေးတာက အရေပြားကို ကြေးချွတ်နည်းပါ။


၃) ဒိန်ချဉ်လိမ်းခြင်း
       မျက်နှာပေါ်မှာ ဒိန်ချဉ်လိမ်းပေးတာက မျက်နှာအသားအရေကို နှုးညံ့ချောမွေ့ပြီး ပျော့ပျောင်းစေပါတယ်။ ဒါကြောင့်ဒိန်ချဉ်ကို အသားအရေခြောက်သွေ့သူတွေက အစိုဓါတ်ထိန်းပစ္စည်းအနေနဲ့ အသုံးပြုကြတာပါ။

၎) ခရမ်းချဉ်သီးအနှစ်ဖြင့် သန့်စင်ခြင်း
       ခရမ်းချဉ်သီးအနှစ်ကို အသားအရေသန့်စင်ပေးတဲ့ ပစ္စည်းအဖြစ်အသုံးပြုနိုင်ပါတယ်။ ခရမ်းချဉ်သီးအနှစ်ရည်ကို ပျားရည်နဲ့ရောမွှေပြီး မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။ အချိန် ၁၀-၁၅မိနစ်ကြာမှ မျက်နှာကိုရေနဲ့ဆေးကြောချလိုက်ပါ။ ခရမ်းချဉ်သီးအနှစ်ရည်က အဆီပြန်တဲ့အသားအရေနဲ့ ဆားဝက်ခြံအမည်းတွေရှိနေတဲ့ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

၅) သင်္ဘောသီးဖြင့်ပေါင်းတင်ခြင်း
      သင်္ဘောသီးကို အလွှာပါးလေးတွေ လှီးကာမျက်နှာပြင်ပေါ်ကပ်ထားပေးပါ။ အရေပြားအိုမင်းတဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေပါတယ်။

၆) နွားနို့ရည်ဖြင့်သန့်စင်ခြင်း
     နွားနို့ကအသားအရေကိုတင်းရင်းစေတဲ့ အကောင်းဆုံးသန့်စင်ဆေးရည်ဖြစ်ပါတယ်။ နို့ရည်ကိုအသားအရေသန့်စင်ပေးတဲ့ အရာအဖြစ်ကောင်းကောင်းအသုံးပြုနိုင်ပြီးအရေပြားစပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။

Saturday, September 3, 2011

သိထားသင့်သော ကျန်းမာရေးဗဟုသုတများ

လူသားတို့၏ခန္ဓာကိုယ်သည် အံ့သြဖွယ်စွမ်းရည်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ထိုစွမ်းရည်များထဲမှ တစ်ခုသည် နာမကျန်းဖြစ်နေ ပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။ နံနက်ခင်းမျက်နှာသစ်ပြီးစအချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့်မိတတ်ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန်အနည်း ငယ်မျှပေး၍ ကြေးမုံပြင်တွင်ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းပုံရိပ်များကို ကြည့်ရှုစစ်ဆေးပေးခြင်း ဖြင့် ကျန်းမာရေးယိုယွင်းလာမှု၏ အစောပိုင်းလက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေးဆိုင်ရာပညာရှင်တို့ ဆိုကြ ပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှုစစ်ဆေးသင့်ကြောင်း ပညာရှင်တို့အကြံပြုထားပါသည်။
(၁) လက်သည်း လူသားတို့၏အရေပြားတွင် ခုံးထနေသောမှဲ့များ တွေ့ရတတ်ပါသည်။ ထိုမှဲ့များသည် အရေပြား ကင်ဆာ၏ ရှေးဦးသင်္ကေတဖစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင်အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦး ပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များထိခိုက်ပျက်စီးရာမှ ဖြစ်ပေါ်လာတတ်သာကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြားကင်ဆာများ ထဲတွင် အသေအပျောက်အများဆုံးသောရောဂါ ဖြစ်သည်ဟု နယူး ယောက် စီးတီးမှ အရေပြားအထူးကုဒေါက်တာ အေရီအော့စတိ က ဆိုပါသည်။ သို့ရာတွင် စောစီးစွာသိရှိကုသနိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်းနိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အထက်ပါအချက်များကို စောစီးစွာ သိနိုင်မည်ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများရှိနေပြီး ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခန္ဓာကိုယ်ကခံစားနေရပြီဆိုပါက သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှုအားနည်းရာမှ ဖြစ်ပေါ်လာတတ်သော သင်္ကေတဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုအဖြူစင်းများသည် ဆီးတွင်ပါသွားသော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည်စုပ်ယူမထား နိုင်ခြင်းသင်္ကေတဖြစ်သည်ဟု ဒေါက်တာအော့စတိကဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာ ကိုယ်သည် အသားဓာတ်ထိန်းသိမ်းထားနိုင်မှုထက် ဆုံးရှုံးမှုကပိုများနေကြောင်း၊ ကျောက်ကပ်များလုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့်ပြသကာ ဆီးစစ်ရန်လိုအပ်ကြောင်းညွှန်ပြနေသော အမှတ်အသား ဟု ဆိုရ မည်ဖြစ်သည်။
(၂) ချိုင်း။ တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသောအမည်းကွက်များ မြင်တွေ့ရလေ့ရှိပါသည်။ နေရောင်ဒဏ်ခံအဆီ သုတ်လိမ်းထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချိုရောဂါရှိနေခြင်း သင်္ကေတ ဖြစ်နိုင်သည်ဟု Web MD’s Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။သွေးထဲတွင် အင်ဆူလင်အမြောက်အများ ရှိနေခြင်းသည် အရေပြားဆဲလ်များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မားစေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်း ကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ်စမစ်ကဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက် များတွေ့ရပါက ဆီးချို၊ သွေးချိုရောဂါရှိမရှိကို စစ်ဆေးသင့် ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည် ရောဂါ ဖြစ် ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသောရောဂါဖြစ်သည်။
(၃) မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်။ မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်တို့တွင် သေးငယ်ပျော့ပြောင်းသော အဖြူရောင် (သို့မဟုတ်) ဝါကျင်ကျင်အလုံးလေးများ တွေ့ရလျှင် သတိထားသင့်သည်ဟု ဒေါက်တာစမစ်ကဆိုပါသည်။ ထိုအလုံးကလေးမျာကိုလည်းတွေ့ရ၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရောပမာဏလည်း မြင့်တက်နေပါက အသက်အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာဖြစ်သည်။ ထိုလက္ခဏာကို သိရှိမြင်တွေ့ရပါက ကျွမ်းကျင်သူဆရာဝန် နှင့် တိုင်ပင် ဆွေးနွေးသင့်သည်ဟုလည်း ဒေါက်တာစမစ်က ဆိုထားပါသည်။
(၄) ဦးရေပြား။ ဦးရေပြားအရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထိုလက္ခဏာသည် စိတ်ဖိစီးမှု၏လက္ခဏာဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြားထွက် စေသည်။ ကော်တီဆုန်းဟော်မုန်း သည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝလုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြား ကို လည်း သွေ့ခြောက်စေသည်။ ဦးရေပြားသွေ့ခြောက် ပြီး အရေခွံများကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်း လျှော်ရည် များသုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်းစေနိုင်သော်လည်း လုံးဝပျောက်ကင်းသက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှခေတ္တအနားယူခြင်းတို့ပြုလုပ်ရန် လိုအပ် ပါသည်။
(၅) ဝမ်းဗိုက်။ အမျိုးသမီးများတွင် ဆီးခုံအောက်ဖက်ပိုင်း၌ အမွေးနုများပေါက်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံတစ်လျှောက်တွင်မကဘဲ ဝမ်းဗိုက်အပေါ်ထိပါပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ် များစွာ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက်ဆေးတက္ကသိုလ် သားဖွားနှင့်မီးယပ်ဌာန ဒေါက်တာ ပါမာလဘီရင်ကဆိုပါသည်။ ကျားဟော်မုန်း အများအပြားထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့်နောက်ကျောများတွင် အမွေးကြမ်းများပေါက်ခြင်း တို့ဖြစ်ပေါ်တတ်ပါသည်။ ထိုရောဂါလက္ခဏာ များ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွားနိုင်ခြင်းနှင့် နှလုံးရောဂါကဲ့သို့သော ရောဂါအန္တရာယ်များ ကြုံတွေ့ရ တတ်ပါသည်။ ထိုလက္ခဏာများဖြစ်ပေါ်ပါက သားဖွားနှင့်မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်းပမာဏထိန်းညှိရန် လိုအပ် ပါသည်။
(၆) လျှာ။ လျှာသည် ပုံမှန်အရောင်အဆင်းမဟုတ်ဘဲ
အဖြူရောင် ဆေးသုတ်ထားသကဲ့သို့ ဖြူဆွတ်ဆွတ်ဖြစ်နေပါက အိပ်မော ကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန်ဖိတ်စင်မှုကြောင့်ဖြစ်နိုင်သည် ဟု ဒေါက်တာဖရိုင်ဟိုမာကဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့်အဆို့ရှင်သည် အစာအိမ်အတွင်းသို့ ရောက်ပြီးသောအစာများကို  ပြန်မဖိတ်စင်အောင် ပြုလုပ်ပေးသည်။ ထိုအဆို့ရှင်မလုံသောအခါ အစာခြေအက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန်ဖိတ်စင် သော ကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွား နေ ပါလိမ့်မည်။ ထိုရောဂါလက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေးသောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ် များ သော အစား အစာ၊ ပူစပ်သောအစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင်ပါသည်။ မသက်သာပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ်ထုတ်လုပ်မှုလျှော့ချရန်ဆေးဝါးများ သောက်သုံးသင့်ပါသည်။
(၇) မျက်စိ။ တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်းညိုလာတတ်ပါသည်။ မျက်ကွင်းညိုရခြင်းတွင် အကြောင်းအရင်းများစွာရှိ တတ်ပါသည်။ ညဥ့်နက်သန်းခေါင်တိုင်အောင် အလုပ်လုပ်ရသောအခါတွင်လည်း မျက်ကွင်းညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်းညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ် မတည့်ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်းဟူသည့် ဓာတုပစ္စည်းတစ်မျိုးထွက်ရှိပါသည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့်အခြားအရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာဆုံးနေရာတွင် အမည်းကွက်များ ဖြစ်ပေါ်စေပါသည်။ ထိုသို့ မျက်ကွင်းညိုလာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းဖြစ်စေသော ဓာတ်မတည့်သည့်ပစ္စည်းကို သိရှိကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ် ကြွတက် နေသော အဖုလေးတွေ့ရတတ်ပါသည်။ သာမန်အားဖြင့် အန္တရာယ်မရှိသော မျက်သားတက်ခြင်းဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များ ကြောင့် ဆက်သွယ်တစ် ရှုး များ အလွန်အမင်းကြီးထွားလာခြင်းဖြစ် သည်ဟု မျက်စိအထူးကုဒေါက်တာ ထရေစီဂိုးစတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက်ကြီးထွားမလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန် တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်းမျက်နှာသစ်ပြီးချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံသာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကို ရှာ ဖွေကြည့်နိုင်ကြပါစေ။

                                                                                                   Ref: Cherry Myay

Twitter Delicious Facebook Digg Stumbleupon Favorites More