နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, December 29, 2011

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာ

ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီး အောက်ပါ အတိုင်း ခွဲခြား ကြည့်ကာ သင့်အတွက် လိုအပ်တာတွေ ပြုပြင် လိုက်ပါ။

၁။ခေါင်းတစ်ပြင်လုံး ကိုက်ခဲနေရင် ဒါဟာ သင် ပင်ပန်း နေတယ် ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။
သင် ဒါကို လိုအပ်ပါတယ်
တစ်မှေး အိပ်လိုက်ပါ။ အိပ်ဖို့ မဖြစ်နိုင်ရင် ကော်ဖီတစ်ခွက် သောက်ပါ။ ကော်ဖီ သောက်တာကြောင့် အိပ်ငိုက် ပြေစေရုံ သာမက ခေါင်းကိုက် တာကို ဖြစ်စေနိုင်တဲ့ ဦးနှောက် အတွင်းက အရာကိုပါ ပြောင်းလဲ စေနိုင် ပါတယ်။
၂။ခေါင်းကိုက်တာ အပြင် ခေါင်းမူး သလိုပါ ဖြစ်နေရင် သင့် ခေါင်းပတ်လည်မှာ တင်းကျပ်သလို ခံစားနေရရင် သင် ချွေးထွက် များလွန်းတာကြောင့် ရေဓာတ် ဆုံးရှုံး သွားလို့ပါ။
သင် ဒါကို လိုအပ်ပါတယ်
ဖျော်ရည် တစ်ခွက် သောက်လိုက်ပါ။ ရေသောက်တာ ဟာလည်း ကောင်းပေမယ့် သံပရာရည် သောက်ပေးရင် သူ့ထဲမှာ ပါဝင်တဲ့ ဓာတ်ဆားတွေကြောင့် အမြန် ပြန်လည် လန်းဆန်း နိုင်ပါတယ်။
၃။နဖူး တစ်ပြင်လုံး တင်းကျပ်နေရင် သင် စိတ်ဖိစီးမှုများလို့ ဖြစ်တာပါ။
ဇက်ကြော တက်တာ၊ ပခုံးကြော တင်းမာတာနဲ့ အမြဲတမ်း တွဲပြီး ဖြစ်တတ် ပါတယ်။ စိုးရိမ်စိတ် အမြင့်မားဆုံး ဖြစ်တဲ့ နေ့ခင်းပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။
သင် ဒါကို လိုအပ်ပါတယ်
စိတ် ဖြေလျှော့မှု လုပ်ပါ။ အသက် ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်း ဒါမှမဟုတ် ဆွဲဆန့် လေ့ကျင့်ခန်း ပြုလုပ်ပါ။

1 ဦးမှတ်ချက်ပြုပါသည်။:

Anonymous said...

Thanks bro.

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More