နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, December 27, 2011

တစ်ကိုယ်ရေသုံး super computer လာတော့မယ်

တွက်ချက်မှုများ ပြုလုပ်ရာတွင် အလွန်လျင်မြန်တိကျသည့် စူပါကွန်ပျူတာများအကြောင်း ကြားဖူးကြပြီး ဖြစ်ပါလိမ့်မည်။ သို့သော်လည်း စရိတ်စက များပြားလွန်းသဖြင့် ငွေကြေးအင်အား တောင့်တင်းခိုင်မာလွန်းသော အဖွဲ့အစည်းကြီးများသာ အဆိုပါ စူပါကွန်ပျူတာများကို အသုံးပြုကြလေ့ရှိပြီး လူတစ်ဦးချင်းဆီအနေနှင့် စူပါကွန်ပျူတာများ အသုံးပြုနိုင်ခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း ယခုအခါတွင် အဆိုပါအခြေအနေအား ပြတိုက်တွင် မှတ်တမ်းတင်ထားရန်သာ သတ်မှတ်ကြတော့ရန် နီးစပ်လာနေပြီ ဖြစ်ပါသည်။ အနာဂါတ်ကာလ တစ်ကိုယ်ရေသုံး စူပါကွန်ပျူတာများကို စတင်မိတ်ဆက်လာပြီးနောက်တွင် စူပါကွန်ပျူတာများအား လူအများနှင့် ထိတွေ့နိုင်ရေး ခြေလှမ်းသစ်ကို လန်ဒန်တွင် စတင်မြင်တွေ့ရပြီဖြစ်သည်။ဒီဇင်ဘာလ (၄)ရက်နေ့က အဆိုပါ စူပါကွန်ပျူတာသစ်အား စတင်ပြသခဲ့ရာ လူအများ စိတ်ဝင်တစား လေ့လာခဲ့ကြသည်။ Teslaဟု အမည်ပေးထားသည့် NIVIDIAနည်းပညာသုံး အဆိုပါ စူပါကွန်ပျူတာသည် သာမန်ကွန်ပျူတာများထက် အဆ(၂၅၀) မြန်နှုန်းမြင့်မည်ဟု သိရှိရသည်။NIVIDIAမှ Graphic နည်းပညာကို ထည့်သွင်းအသုံးပြုထားသော အဆိုပါ စူပါကွန်ပျူတာသည် စတင်ရောင်းချချိန်တွင် စတာလင်ပေါင် (၄၀၀၀)ခန့်ဖြင့် ရောင်းချသွားနိုင်ရေး မျှော်လင့်ထားသည်။ NIVIDIAကမူ ယခုထုတ်လုပ်မည့် စူပါကွန်ပျူတာသည် ကွန်ပျူတာလောက သမိုင်းသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ယခုထုတ်လုပ်မှုအား microchipများ ပေါ်ပေါက်လာမှုသဖွယ် အရေးပါသည့် ဆန်းသစ်တီထွင်မှုတစ်ခုဟု ခိုင်းနှိုင်းညွှန်းဆိုသွားသည်။ ယခုစူပါကွန်ပျူတာများအား ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဌာနများတွင် စတင်အသုံးပြုသွားမည်ဟု စီစဉ်ထားပြီး ထို့နောက်တွင်မူ လူတိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ကင်းဘရစ်ခ်ျနှင့် အောက်စ်ဖို့ဒ်တို့ကဲ့သို့ ကမ္ဘာကျော် တက္ကသိုလ်ကြီးများမှ PhDကျောင်းသားများနှင့် အမေရိကန်မှ MITတို့တွင် GPU၏ စူပါကွန်ပျူတာများ အသုံးပြုနေပြီဖြစ်သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်မူ တစ်ကိုယ်ရေ စူပါကွန်ပျူတာ အသုံးပြုမှုမှာ မရှိသလောက် နည်းပါးနေသေးသည်။ပညာရှင်များက စူပါကွန်ပျူတာများသည် လူသားများအတွက် အလွန်အသုံးဝင်ပြီး ရောဂါရှာဖွေခြင်း ကဲ့သို့သော လုပ်ငန်းများတွင်ပါ တွင်တွင်ကျယ်ကျယ် အသုံးချလာနိုင်မည်ဟု ယုံကြည်နေကြသည်။
NIVIDIAက ယခုကွန်ပျူတာသစ်သည် အနာဂါတ် PC လောကအတွက် အလင်းရောင်သစ်တစ်ခုဟု ညွှန်းဆိုသွားသည်။
ယခုကွန်ပျူတာ စနစ်အရ သမားရိုးကျ ကွန်ပျူတာတစ်လုံး (၆)နာရီကြာ Download ဆွဲရသည့် Fileအရွယ်အစားကို မိနစ်(၂၀)ဖြင့် အပြီးသတ်နိုင်မည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် စူပါကွန်ပျူတာ ဈေးကွက်အား Viglen၊ Amari နှင့် Dell တို့က လွှမ်းမိုးထားပြီး နောက်ပိုင်းတွင် NIVIDIA ကပါ ၀င်ရောက်ခြယ်လှယ်လာနိုင်ဖွယ်ရှိကြောင်း သုတေသီများက ခန့်မှန်းထားသည်။ ယခုကွန်ပျူတာသစ် Tesla အား ရောင်းချနိုင်ရေးအတွက် NIVIDIAသည် Dell နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေငြာထားပြီး အဆိုပါ စူပါကွန်ပျူတာအား (http://www.nvidia.com/object/personal_supercomputing.html)တွင် ၀င်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။


                                                                         Ref: kozaw blog

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More