နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Saturday, February 25, 2012

မနှစ်ကအကယ်ဒမီပွဲထက်ပျော်ခဲ့တဲ့ ဖွေးဖွေး

ယခင်နှစ်က အကယ်ဒမီပွဲထက် ပျော်ခဲ့ပါတယ် ဖွေးဖွေး
အကယ်ဒမီပွဲကို သက်မွန်မြင့် တို့နဲ့ အတူလာပြီး သက်မွန်မြင့် အကယ်ဒမီ ရသွားတော့ တကယ် ချစ်တဲ့သူတွေ ချည်းပဲ ရသွားတဲ့အခါ အရင်နှစ်ထက် ပိုပျော်ခဲ့တယ် ပြောတဲ့ ဖွေးဖွေးဟာ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ပြေတီဦးရဲ့ အကယ်ဒမီ ဧည့်ခံပွဲနဲ့ အမရာဟို တယ်က သက်မွန်မြင့်ကို ဂုဏ်ပြုတဲ့ ဧည့်ခံပွဲကိုလည်း အရောက် လာခဲ့သူပါ။
ဖွေးဖွေးလည်း ဒါရိုက်တာဝိုင်းနဲ့ "လက်ပံ"လို့အမည်ပေးထား တဲ့ ဟဲဗီးဒရာမာ ရုပ်ရှင် ရိုက်ထားတာမို့
ရှေ့နှစ်တွေမှာ မျှော်လင့်လို့ရ မလား မေးတဲ့အပေါ်" အဲဒါက ရုံတင်မှ တွေ့ရမယ် ထင်ပါတယ်။ အခု ကတည်းက စိတ်လျှော့ထားတာတော့ မဟုတ်ပါဘူး။
အိုက်တင်ပိုင်း ကိုအစွမ်းကုန်အား ထုတ်ထားပါတယ်။ လွန်ခဲ့သော ၂နှစ်က ရိုက်ထား တဲ့ကားဆိုတော့ အခုပြန်ကြည့်တဲ့အခါ လိုနေတာတွေ့ရပါတယ်။ ဟို နေရာမှာ ဒီလိုလေး လုပ်လိုက်ရင် ကောင်းသားဆိုတဲ့ အတွေးမျိုးတွေ အများကြီး ရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။
ဖွေးဖွေးက အင်္ကျီကြော်ငြာ ရိုက်နေတာပါ။ ဒါရိုက်တာက သရုပ်ဆောင်အဖြစ်လည်းပါတဲ့ ကိုလူ မင်းပါ။ ဒါကြောင့် အကယ်ဒမီ သရုပ်ဆောင်တစ်ယောက်က ဒါရိုက်တာ အဖြစ် ညွှန်ကြားတာ တခြားသောကြော်ငြာဒါရိုက်တာတွေနဲ့ ဘာကွာ တာတွေ့လဲမေးတဲ့အပေါ် "ကိုလူမင်းနဲ့ ကားရိုက်လည်း မဆုံဖူးပါဘူး။
ဒီကြော်ငြာက ပထမဆုံးတွေ့တာ ဖြစ်နေပါတယ်"လို့ပြောခဲ့ပါတယ်။ ဖွေးဖွေးက ဒါရိုက်တာဏကြီး၊ သရုပ်ဆောင် ရဲတိုက်တို့နဲ့ "ဘယ်ကလဲ၊ ဘာလုပ်နေတာလဲ၊ ဘယ်ကို သွားမှာလဲ" ကားမှာ ဟစ်ဟော့ပ်အဆို တော် ဂျေမီလည်းပါဝင်ပါတယ်။
ကားတိုင်းမရိုက်တဲ့ဂျေမီရဲ့သရုပ် ဆောင်မှုများအပေါ် "တော်တော်မိုက်ပါတယ်။ သဘာဝအရမ်းကျ တယ်။ အပြင်မှာလုပ်နေတဲ့အတိုင်းပဲ၊ အက်ရှင်လို့အော်လိုက်မှ အမူ အယာပြောင်းသွားတာမျိုးမရှိဘူး၊ အပြင်မှာစကားပြောနေတဲ့အတိုင်း ဆက်ပြောနေပါတယ်။
ဖွေးက သဘာဝနဲ့ နီးစပ်တာကို ကြိုက်တဲ့ သူဆို တော့ ကိုရဲတိုက်နဲ့ သရုပ်ဆောင်မှုကို ကြိုက်တယ်လို့ပဲ ရိုးရိုးသားသား ပြောပါရစေ"လို့ဆိုပါတယ်။ လတ်တလောမှာ အလုပ်ဝန် ကြောင့် နည်းနည်း ပင်ပန်းနေတဲ့ အပေါ် စိတ်ခံစားမှုကိုမေးတဲ့အခါ ပင်ပန်းပေမယ့် စိတ်ချမ်းသာရပါ တယ်လို့ ရှင်းပြပြီး နောက်တစ်ရက်မှာ ဒါရိုက်တာ ညွန့်မြန်မာ ညီညီ အောင်ရဲ့ "မလည်ရှုပ်" ဒီဗီဒီ တစ်ကား ရိုက်နေတယ်လို့ သိရပါတယ်။ ဖွေးဖွေးက ဒါရိုက်တာဝိုင်း၊ နေတိုး၊ သက်မွန်မြင့်တို့နဲ့ "မာယာပရော ဂျက်"လို့ အမည်ပေးထားတဲ့ အချစ်ဇာတ်လမ်း တစ်ကားလည်း ရိုက်ထားတယ် ပြောပါတယ်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More