နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, February 15, 2012

Time မဂ္ဂဇင်း၏၂၀၁၁အံ့သြဖွယ်အကောင်းဆုံးဓါတ်ပုံ ၁၁ ပုံ

Timeမဂ္ဂဇင်းက ၂ဝ၁၁ ခုနှစ်၏ အံ့သြဖွယ်အကောင်းဆုံး ဓာတ်ပုံ၎ဝကျော်ကို ဇန်နဝါရီလ၁၆ ရက်နေ့တွင် ရွေးချယ်ဖော်ပြခဲ့သည်။ ၎င်းတို့အနက် ၁၁ ပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ နီကာရာဂွာမြို့တော်၊ မနာဂွာတွင် နွားသိုးတိုက်ပွဲ ပွဲတော်အတွင်း မျောက်တစ်ကောင်က နွားသိုးတစ်ကောင်ကို စီးလာပုံဖြစ်သည်။

၂။ နယူးဇီလန်နိုင်ငံ ခရစ်ချက်မြို့တွင် ၆ဒသမ ၃ ရစ်ခ်ျတာစကေးရှိသော ငလျင်ကြီးလှုပ်ခဲ့ရာ လူပေါင်း ၄ဝဝ သေဆုံးခဲ့ရသည်။ အဆိုပါငလျင်ကြောင့် မီးရထားလမ်းများ တွန့်လိမ်နေပုံဖြစ်သည်။



၃။ ဆူဒန်နိုင်ငံ လယ်ကွင်းတစ်ခုအတွင်း လူတစ်ဦးက ကျွဲနွား ကျင်ငယ်ရည်များဖြင့် မိမိကိုယ်မိမိ ဆေးကြောသန့်စင်နေပုံ ဖြစ်သည်။

၎။အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ဆားကွင်းအတွင်းရှိ ခြောက်သွေ့နေသော ဝက်သစ်ချပင် တစ်ပင်ပေါ်သို့ လပြည့်ည၏ လရောင်ကျရောက်နေပုံဖြစ်သည်။

၅။ စပိန်နိုင်ငံတွင် ကန်နီဗယ်ပွဲတော်အတွင်း လူတစ်ဦးက ထူးဆန်းသော မျက်နှာဖုံးနှင့် သားရေထည်တို့ကို ဝတ်ဆင်လျက် မြေပြင်ပေါ်၌ လဲလျောင်းကာ နွေဦးကို ကြိုဆိုနေပုံဖြစ်သည်။

၆။ ဥရောပအာကာသယာဉ်မှူး ပေါ်လိုနက်စပိုလီက နိုင်ငံတကာ အာကာသစခန်းမှနေ၍ ရိုက်ကူးထားသော ဓာတ်ပုံမှနေ၍ ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။

၇။ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း ဆန်ဒိုင်းဒေသ၌ ငလျင်ကြီးလှုပ်ကာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် နေအိမ်အတွင်း၌ သေဆုံးနေသည့် အဘွားအိုတစ်ဦးကို တွေ့ရပုံဖြစ်သည်။

၈။ဂျပန်နိုင်ငံ၊ မီယာဂီဒေသတွင် မတ်လ ၁၁ ရက်နေ့က ငလျင်လှုပ်ကာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီးနောက် ကျောင်းတော်တစ်ခု သစ်တောအုပ်ထဲ၌ ညပ်နေပုံဖြစ်သည်။

၉။အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ပြင်းထန်သော တောမီးက အိမ်ပေါင်းများစွာကို လောင်ကျွမ်းခဲ့ပြီးနောက် သတ္တုများ အရည်ပျော်ကာ အရပ်မျက်နှာအသီးသီးသို့ စီးဆင်းနေပုံဖြစ်သည်။

၁၀။အိုင်ဗရီကို့စ်နိုင်ငံ အဘစ်ဂျန်မြို့တွင် သေနတ်မပါဘဲ စစ်သားများ စစ်ရေးလေ့ကျင့်နေပုံဖြစ်သည်။



၁၁။ကျူးဘားနိုင်ငံ ကာမာဂွေးမြို့တွင် ရတီအမည်ရှိ ခွေးမကြီးသည် သူ၏ရင်သွေး ခွေးကလေးများကို နို့တိုက်ရုံမျှမက ဝက်ကလေး ၁၄ ကောင်ကိုလည်း နို့တိုက်နေပုံဖြစ်သည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More