နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Monday, February 27, 2012

Tablet ၀ယ်မယ်ဆိုရင်....



 လူတိုင်းအကြိုက်ကို ဖြည့်ဆည်းပေး နိုင်အောင် function တွေ တစ်မျိုးပြီးတစ်မျိုး တိုးလာတာကြောင့်လည်း တက်ဘလက်ခေတ်ကို ရောက်ပြီလို့ ပြောနိုင်တာပေါ့။
iPad ဆိုတာက tablet လောကမှာ ရှေ့ဆောင်နေတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပိုင်း ကုမ္ပဏီ အတော်များများ tablet လိုင်းကို ပြောင်းလာကြတယ်။ တစ်ယောက်တစ်မျိုး tablet လိုင်းကို တိုးလာကြပေမယ့် မူလဆရာကြီးဖြစ်နေတဲ့ iPad ရဲ့ သဘောတရားတွေကိုတော့ ဖောက်ထွက်ကျော်လွန်နိုင်စွမ်း မရှိသေးပါဘူး။

၂ဝ၁၁ မှာ ထွက်လာသမျှ tablet တွေထဲက လူတွေ စွဲမက်လောက်အောင် ဖြစ်ခဲ့ရတဲ့ iPad စတိုင်နဲ့ လိုက်ထုတ်ကြတဲ့ tablet တွေကို ပြန်ပြီး သုံးသပ်ကြည့်ရအောင်။ တကယ်လို့ ၀ယ်ချင်တယ်ဆိုရင်လည်း ဒီအညွှန်းလေးက အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။
ပါဝင်မှုတွေကို ပြောရတာ နည်းပညာအကြောင်း သိပ်မရင်းနှီးသူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဥပမာ Android 3.0 လို့ပြောရင် tablet ထဲမှာ run ထားတဲ့ operating system (OS) ကိုပြောတာ။ ခုချိန်မှာ version 3.0 လောက်ကိုသုံးထားရင် မြင့်နေပြီ။ CPU လို့ပြောရင် သုံးထားတဲ့ ပရိုဆက်ဆာကို ပြောတာ။ Dual-core ဆိုရင် အတော်လေး မြင့်တာကို သုံးထားတယ်လို့ ပြောနိုင်တယ်။
အရွယ်အစားမြင်ကွင်းကိုတော့ 10.1-inch စတာတွေနဲ့ပြောတယ်။ Resolution ကို 1280 x 800 စသဖြင့်ပြောတယ်။ များလေကောင်းလေပဲ။ Card reader ပါတယ်ဆိုရင် ဒေတာတွေ သိုလှောင်နိုင်မှုများများလုပ်နိုင်မယ်။ HDMI ပါတယ်ဆိုရင် ကွန်ပျူတာ၊ တီဗွီတွေနဲ့ ချိတ်ဆက်ကြည့်နိုင်မယ်။ Rear-facing နဲ့ front-facing ကင်မရာ တွေဆိုတာက tablet မှာပါတဲ့ ကင်မရာတွေ ရှေ့နဲ့ နောက်နှစ်မျိုးစလုံး ပါတယ်လို့ ပြောတာပါ။ အလေးချိန်တွေကိုတော့ 599g စသဖြင့် ဖော်ပြပါတယ်။ 3G ရတယ်ဆိုရင် အင်တာနက်အတွက် အသုံးပြုရတာ အဆင်ပြေလိမ့်မယ်။
Asus Eee Pad Transformer
ပါဝင်မှု
Android 3.0, Nvidia Tegra 2 dual-core CPU, 10.1-inch capacitive display at 1280x800, full-size keyboard dock, card reader, HDMI-out, rear-facing camera, front-facing camera
စဉ်းစားစရာ
Asus ကထုတ်လိုက်ရင် ဘယ်သူနဲ့မှမတူအောင် လုပ်တတ်တာကြောင့် နောက်ဘာထွက်လာမလဲ စောင့်ကြည့်နေရတဲ့ အနေအထားမှာရှိတယ်။ ဒီ Eee Pad က ကီးဘုတ် dock နဲ့တွဲလာတယ်။ လက်ရှိ Android နဲ့ထွက်လာတဲ့ tablet တွေထဲမှာတော့ အကောင်းဆုံးအမှတ်ပေးမယ်ဆိုရင် မငြင်းပါဘူး။


Samsung Galaxy Tab 10.1
ပါဝင်မှု
Android 3.0, 1GHz dual core CPU, 1GB RAM, 16GB/32GB storage, 10.1-inch capacitive screen at 1280x800 (WXGA), 3MP rear-facing camera, 2MP front-facing camera, 3G, 599g.
စဉ်းစားစရာ
တက်ဘလက်တွေက ထွက်ပြီးရင်းထွက်နေတာ ဆိုတော့ Galaxy Tab 10.1 ကို သိပ်ပြီး ပေါက်တယ်လို့တော့ မပြောနိုင်သေးဘူး။ သူ့ performance က အခြား Honey Tegra 2 tablet တွေနဲ့ ယှဉ်ရင် သိပ်ကွာလှတယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် ထွက်ခဲ့သမျှ ၁ဝ လက်မ tablet တွေထဲမှာတော့ အပေါ့ဆုံးနဲ့ အပါးဆုံးလို့ပြောနိုင်တယ်။ နောက်တစ်ချက်က iPad လုပ်ဆောင်နိုင်သမျှ သူ့ဆီမှာအားလုံး ရနေတယ်။


Samsung Galaxy Tab 10.1V
ပါဝင်မှု
Android 3.0, 1GHz dual core CPU, 1GB RAM, 16GB/32GB storage, 10.1-inch capacitive screen at 1280x800 (WXGA), 3MP rear-facing camera, 2MP front-facing camera, 3G, 599g.
စဉ်းစားစရာ
နောက်ထပ် အသစ်ထပ်ထုတ်လိုက်တဲ့ Galaxy အုပ်စုဝင်ပေါ့။ အရွယ်အစားကလည်း အနေတော်၊ စွမ်းအားကလည်းမြင့်၊ လုပ်ဆောင်တုံ့ပြန် နိုင်စွမ်းကလည်းကောင်း၊ ပေါ့ပေါ့ပါးပါးဆိုတော့ ပိုကြိုက်မယ် ထင်တယ်။ ကင်မရာကလည်း 8MP ရတယ်။ Samsung Galaxy Tab 10.1 နဲ့ အမည်က လည်းဆင်တူ၊ မတိမ်းမယိမ်းဆိုတော့ မှားနိုင်တယ်။


Motorola Xoom
ပါဝင်မှု
Android 3.0, Nvidia Tegra 2 dual-core CPU, 1GB RAM, 32GB Flash storage, 10.1-inch capacitive LCD at 1280x800, proximity sensor, ambient light sensor, barometer, gyroscope, 5MP rear-facing camera, 2MP front-facing camera, 3G, 730g.
စဉ်းစားစရာ
ဒုတိယမျိုးဆက် Android tablet လို့ပြောနိုင်တယ်။ ထွက်မယ်ဆိုကတည်းက စိတ်လှုပ်ရှားစရာဖြစ်ခဲ့တယ်။ Nvidia ထုတ် စူပါ ပါဝါ Tegra 2 chip နဲ့ Android 3.0 OS ကြောင့် Xoom ရဲ့ဂုဏ်က ပိုပြီးကြီး မြင့်လာရတယ်။


BlackBerry Playbook
ပါဝင်မှု
BlackBerry Tablet OS (QNX), 1GHz Cortex A9 dual core CPU, 1GB RAM, 7-inch capacitive LCD at 1024x600, 3MP front-facing camera, 5MP rear-facing camera, 400g.
စဉ်းစားစရာ
မိုဘိုင်းနဲ့ လုပ်ငန်းသုံးအတွက် အထူးထုတ်ထားတာလို့ပြောနိုင်တယ်။ အရွယ်အစားက 130mm x 194mm ပဲရှိတာကြောင့် လက်တစ်ဖက်တည်းနဲ့ ကိုင်သုံးနိုင်တဲ့ အရွယ်အစားလို့ ပြောရမယ်။ Laptop ရဲ့ ဘေးအိတ်ထဲကို အသာလေးထည့်လို့ရတယ်။ တစ်နေကုန်အစည်းအဝေးမှာ ကိုင်ပြီးအလုပ် လုပ်နေရမယ်ဆိုရင် ပိုပြီးအဆင်ပြေတာပေါ့။ အဆင်မပြေတာက အီးမေးလ်အတွက် application ပါမလာဘူး။ Application တွေ တစ်ခါတည်း ထည့်မပေးလိုက်တာကြောင့် သုံးရတာ အဆင်သိပ်မပြေဘူး။


LG Optimus Pad
ပါဝင်မှု
Android 3.0, 1GHz Tegra 2 CPU, 1GB RAM, 32GB storage, 8.9-inch capacitive screen at 1024x768, 2x 5MP rear-facing cameras for 3D capture, 2MP front-facing camera, phone-friendly 3G, 630g.
စဉ်းစားစရာ
ကြည့်လိုက်တာနဲ့ မက်စရာ၊ နောက်ဘက် ကင်မရာက 5MP နဲ့ 3D ပုံရိပ်တွေကို ရိုက်ယူနိုင်တယ်။ ရှေ့ဘက်ကင်မရာကတော့ 2MP ပဲရှိတယ်။ CPU က dual-core Tegra 2 နဲ့ OS က Android 3.0 ဆိုတော့ မကြိုက်စရာအကြောင်းကို မရှိပါဘူး။ ဈေးကတော့ နည်းနည်းများတာကြောင့် ညည်းတွားစရာ ကောင်းတယ်။


HTC Flyer
ပါဝင်မှု
Android 2.3, 1.5GHz single-core Snapdragon, 1GB RAM, 32GB memory, 7-inch capacitive LCD at 1024x600, 5MP camera, 3MP front-facing camera, phone-call-friendly 3G, 415g.
စဉ်းစားစရာ
HTC က ပထမဦးဆုံး tablet ကိုထုတ်ဖို့ စဉ်းစားကတည်းက Android Gingerbread (2.3) နဲ့ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ Honeycomb လောက်နဲ့ထုတ်မယ်လို့ ထင်ထားတဲ့လူတွေအတွက်ကတော့ စိတ်ပျက်စရာ ဖြစ်သွားတယ်။ ဒါပေမယ့် HTC ရဲ့ version အသစ်က မြင်ကွင်းနှစ်ခုကို dual-pane အနေနဲ့ဆက်ကြည့်လို့ရတယ်ဆိုလိုက်တော့ စိတ်ဝင်စားစရာ ဖြစ်သွားပြန်တယ်။ ဗီဒီယိုကြည့်တာတွေ၊ အီးမေးလ်ပို့တာတွေကို တစ်ပြိုင်တည်း လုပ်နိုင်သွားတာပေါ့။ Dual-core တွေ ထွက်နေချိန်မှာ သူက single-core နဲ့ထွက်လိုက်တာဆိုတော့ ဟန်ကျပါ့မလားလို့ အတွေးရောက်စရာဖြစ်သွား တယ်။


Samsung Galaxy Tab GT-P1000
ပါဝင်မှု
Android 2.2, 1 GHz Cortex A8 CPU, 512MB RAM, 16GB/32GB, 7-inch capacitive LCD at 1024x600, 3.2MP rear-facing camera, 1.3MP front-facing camera, phone-call-friendly 3G, 380g.
စဉ်းစားစရာ
Galaxy ကိုထုတ်မယ်ဆိုတုန်းက မျှော်လင့်ထားတဲ့အတိုင်း iPad လိုဖြစ်လာပါ့မလားလို့ စိုးရိမ်ခဲ့ရသေးတယ်။ ဒါပေမယ့် သူ့ကောင်းကွက်နဲ့သူ ဆိုတော့ တုံ့ပြန်ချက်တွေကကောင်းတယ်။ သူက SIM ကို လည်း free ပေးထားပေမယ့် Android 2.2 ကိုပဲ သုံး ထားသေးတယ်။ Wi-Fi ရတာကိုတော့ မကြာမီ လာမည်လို့ ပြောထားတယ်။


Viewsonic ViewPad 7
ပါဝင်မှု
Android 2.2, Qualcomm MSM 7227 600MHz CPU, 512MB RAM, 512MB storage, 7-inch capacitive LCD at 800x480, 3MP rear-facing camera, VGA front-facing camera, phone call-friendly 3G, 375g.
စဉ်းစားစရာ
Viewsonic ရဲ့ နည်းပညာကိုတော့ ခန့်မှန်းရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ထုတ်နေလို့ပါ။ အများအားဖြင့်တော့ တရုတ်နိုင်ငံ OEM ပစ္စည်းတွေနဲ့ တပ်ဆင်ထားတာ များတယ်။ တရုတ်ထုတ်ဆိုပြီး အထင်သေးရင်တော့ မှားသွားလိမ့်မယ်။ အရွယ်အစား၊ အသုံးဝင်မှုတွေမှာ ဘာမှပြောစရာမလိုအောင် ကောင်းတယ်။ ဈေးကလည်း သက်သာတာကြောင့် စိတ်ဝင်စားစရာ ကောင်းတယ်။


Advent Vega
ပါဝင်မှု
Android 2.2 (sans Android Market), 1GHz Nvidia Tegra CPU, 512MG RAM, 512MB storage, capacitive LCD at 1024x600, 1.3MP rear-facing camera, no 3G, 700g.
စဉ်းစားစရာ
ဈေးသိပ်မကြီးတာကြောင့် စွဲဆောင်မှုရှိတယ်လို့ ပြောနိုင်တယ်။ လုပ်ဆောင်အားကလည်းကောင်း၊ အလေးကြီးလည်းမဟုတ်၊ Android ကိုပါ သုံးထားတာကြောင့် စဉ်းစားစရာမလိုလောက်အောင် ဖြစ်သွားတယ်။ ဒါပေမယ့် 3G မပါတော့ Android ဈေးကွက်နဲ့ ဆက်ဖို့ အခက်တွေ့ရပြန်ရော။ Home ဆိုတဲ့ button လည်းမပါဘူး။ ပါတဲ့ ခလုတ်တွေကလည်း သုံးရတာ သိပ်ပြီးအဆင်မပြေဘူး။


ExoPC Slate
ပါဝင်မှု
Intel Atom N450 1.66GHz CPU, 2GB RAM, 23GB/64GB, 11.6-inch capacitive LCD at 1366x768, 1.3MP front-facing camera, 950g.
စဉ်းစားစရာ
လူတွေက tablet ဆိုရင် Android ကိုပဲ စိတ်ရောက်ပြီး Windows 7 ဆိုတာကို မေ့ထားကြတယ်။ Windows 7 ဆိုတာကို touch နဲ့ သိပ်ပြီးတော့ အဆင် မပြေသေးတဲ့ OS လို့ လူတွေက လက်ခံထားကြတာ။ ဒါပေမယ့် သုံးထားတဲ့ ဟာ့ဒ်ဝဲကိုကြည့်ရင်လည်း မက်စရာ။ လက်ရှိကတော့ Windows OS နဲ့ထွက်သမျှထဲမှာ အကောင်းဆုံးလို့ဆိုရမယ်။ ဒါကြောင့် tablet ကို Windows နဲ့ပဲသုံးချင်တယ် ဆိုသူတွေအတွက် အခြားရွေးစရာမရှိဘူး။


HP TouchPad
ပါဝင်မှု
WebOS 3.0, 1.2GHz dual-core Snapdragon CPU, 1GB RAM, 16GB, 32GB storage, 9.7-inch capacitive screen at 1024x768, 1.3MP front-facing camera, 740g.
စဉ်းစားစရာ
iPad လောက်တော့ ပြောင်ပြောင်လက်လက် မဟုတ်ဘူး။ ပါလာတဲ့ third-party application တွေက သိပ်အထင်ကြီးလောက်စရာတွေတော့ မဟုတ်ဘူး။ ဒါပေမယ့် iPad မှာမပါတာတွေကို သူကထည့်ပေးထားတယ်။ Application နဲ့ပတ်သက်ပြီး ရွေးချယ်ခွင့်တွေတော့ များတယ်။ အထူးသဖြင့်တော့ Android အနေနဲ့ ပိုပြီးသုံးရတာ စိတ်တိုင်းကျမယ်။ HDMI output လိုဟာမျိုး သူများတွေပါသလို မပါတာကတော့ စဉ်းစားစရာပဲ။


Notion Ink Adam Tablet
ပါဝင်မှု
Android 2.3, Nvidia Tegra 250, Cortex A9 dual-core CPU, 1GB RAM, 1GB SLC, 10.1-inch capacitive display at 1024x600, optional Qi display, 3.2MP swivel camera, 3G, 2x USB, accelerometer, ambient light sensor, compass, 726g.
စဉ်းစားစရာ
မျှော်လင့်ထားတဲ့ tablet အမျိုးအစားထဲမှာပါတယ်။ Android 2.3 နဲ့ run ထားတာကအစပေါ့။ ဒီ tablet ကိုထုတ်လုပ်တာက ဘင်ဂါလိုး အခြေစိုက် ကုမ္ပဏီတစ်ခုကပါ။ ကိုယ့်စက်ရုံထုတ်ပစ္စည်းတွေနဲ့ပဲ တပ်ဆင်ထားပြီး အမည်က Eden လို့ခေါ်တယ်။ ဖော်ပြထားတဲ့ ဟာ့ဒ်ဝဲစာရင်းကို ဖတ်လိုက်တာနဲ့ အထင်ကြီးသွားမယ်။ ၂ဝ၁၁ မှာ တကယ့်ကို ဖောက် ထွက်လာတဲ့ tablet လို့ပဲပြောရမယ်။ မကြာခင်ထွက်လာတော့မှာဖြစ်လို့ စောင့်ကြည့်ရမယ်။


Asus Eee Pad MeMo
ပါဝင်မှု
Android 3.0, Qualcomm Snapdragon 1.2GHz CPU, 512MB RAM, 7-inch capacitive display, 64GB Flash storage, rear-facing camera, front-facing camera, mini-HDMI out.
စဉ်းစားစရာ
Asus က MeMo ကို ထုတ်မယ်ပဲပြောထားတာ၊ ဘာမှ မပြောသေးတော့ သိပ်မသိရသေးဘူး။ ဒါပေမယ့် မော်ဒယ် ၄ မျိုးထုတ်မယ်။ MeMo ဆိုတာက အနိမ့်ဆုံးဖြစ်မယ်။ နိမ့်ပေမယ့် ထွက်လာရင်ကြည့် လိုက်စမ်းပါ အံ့အားသင့်သွားစေရမယ် ဆိုတာကိုတော့ စိတ်ဝင်စားမိတယ်။

http://www.eurodroid.com/pics/asus_eee_pad_slider_august.jpg
Asus Eee Pad Slider
ပါဝင်မှု
Android 3.0, Nvidia Tegra 2 dual-core CPU, slide-out keyboard, 10.1-inch capacitive display at 1280x800, card reader, HDMI-out, rear-facing camera, front-facing camera.
စဉ်းစားစရာ
အရွယ်က ၁ဝ.၁ လက်မနဲ့ Slider က MeMo ထက်ပိုကြီးတယ်။ ဒါပေမယ့် ကီးဘုတ်ကို ထိုးသွင်း ထိုးထုတ်လို့ရတာက ထူးခြားနေတယ်။ မျိုးဆက်သစ် netbook လို့တောင် ပြောနိုင်တယ်။ ဒီလို ဆန်းပြားတဲ့ ပုံစံနဲ့ ထွက်လာပြီး Android ကိုသုံးထားကတော့ ပထမဦးဆုံးလို့ဆိုရမယ်။ Touchscreen ပေါ်မှာ စာရိုက်ရတာ သိပ်အဆင်မပြေဘူး။ ဒါကြောင့် ကီးဘုတ်ကိုတွဲလိုက်တာကတော့ စိတ်ကူးကောင်းတစ်ခုလို့ ဆိုရမယ်။


Acer Iconia Tab A500
ပါဝင်မှု
Android 3.0, Nvidia Tegra 2 dual-core CPU, 1GB RAM, 10.1 capacitive screen, 5MP rear-facing camera, 3G.
စဉ်စားစရာ
Acer က ဒီ tablet ကို ကြေညာကတည်းက စိတ်ဝင်စားမိတယ်။ ဒါပေမယ့် ဘာတွေထည့်ပေးမယ်လို့ ပြောလိုက်တော့လည်း သိပ်အကောင်းကြီး တစ်ခု အနေနဲ့ မခံစားမိဘူး။ Tegra 2 ကို CPU ပါဝါအနေနဲ့ သုံးထားတာကိုတော့ သဘောကျတယ်။ ပြီးတော့ OS ကလည်း Honeycomb နဲ့အပြင် ဈေးကလည်း သူများတွေထက် လျှော့ဦးမှာဆိုတာကတော့ စိတ်ဝင်စားမိတယ်။
Acer Iconia Tab A100
ပါဝင်မှု
Android 3.0, Nvidia Tegra 2 dual-core CPU, 7-inch capacitive screen at 1024x600, 5MP rear-facing camera, 2MP front-facing camera, 3G.
စဉ်းစားစရာ
A100 ဆိုတာ A500 နဲ့ ညီအစ်ကိုတွေပါပဲ။ အများကြီး မြင့်လိမ့်မယ်လို့ မျှော်လင့်ထားတာ၊ ထင်သလောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ၇ လက်မချင်းတူရင် ဈေးတော့ မတူစေရပါဘူးလို့ ဆိုထားတာလေးကို စိတ်ဝင်စားမိတယ်။


Viewsonic ViewPad 10s
ပါဝင်မှု
Android 2.2 (with Tap UI), Nvidia Tegra 2, Cortex A9, 512MB RAM, 16GB Flash memory, 10.1-inch capacitive LCD at 1024x600.
စဉ်းစားစရာ
မူရင်း ViewPad တွေက သိပ်အကောင်းကြီးတွေလို့ ပြောလို့မရဘူး။ ခု tablet ကတော့ Android 2.2 ကို သုံးထားပြီး၊ Windows 7 နဲ့ Android 1.6 ကို dual-booth အနေနဲ့ သုံးနိုင်တယ်ဆိုတာက ထူးခြားသွားပြီ။ Viewsonic G Tablet တွေကို အမေရိကန်မှာရောင်းပြီး 10s အတိုင်း သုံးထားတယ်ဆိုတာရယ်၊ ဈေးသက်သာမယ်ဆိုတာရယ် လူတွေက စိတ်ဝင်စားနေကြတယ်။


Dell Streak 7, Dell Streak 10
ပါဝင်မှု
Android 2.2, 7-inch capacitive LCD, 1.3MP front-facing camera, 16GB storage.
စဉ်းစားစရာ
Dell က မနှစ်ကတည်းက ၅ လက်မ ဖုန်းတွေ၊ tablet တွေကိုထုတ်ပြီး ဈေးကွက်မှာ ဆွဲဆောင်ခဲ့တယ်။ ခုတော့ ၇ လက်မ Dell Streak နဲ့ ၁ဝ.၁ လက်မ Dell Streak 10 ကို နှစ်မျိုးထုတ်ချလိုက်တယ်။ မူလထုတ်ထားတာတွေထက် ပိုကောင်းပြီး အံ့ဩသွားရမယ်လို့ ပြောထားတဲ့အတွက် စောင့်ကြည့်ရလိမ့်မယ်။

                                                                

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More