နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Saturday, February 25, 2012

အရွယ်အိုမင်းမှုကိုရပ်တန့်နိုင်မည့် လျှို့ဝှက်ချက်များ









 

အရွယ်အိုမင်းမှုကို ရပ်တန့်နိုင်သည့် လျှို့ဝှက်ချက်များ
 
ကျွန်မတို့ရဲ့ Cell တွေမှာ ကျွန်မတို့ အတွက် တစ်နေ့တာလုံးလိုအပ်တဲ့ စွမ်း အင်ရဲ့ ၉၈ ရာခိုင်နှုန်းကို ထုတ်လုပ်ပေး နိုင်တဲ့ mitochondria ခေါ် အင်ဂျင် စက်သေးသေးလေးတွေ နဲ့ပြည့်နှက်နေတယ် လို့ သိပ္ပံပညာ ရှင်တွေက သိရှိနေကြတာ ကတော့ နှစ်ပေါင်းများစွာ ကြာလှပါပြီ။
ဒါပေမဲ့ သူတို့တစ်တွေမသိသေးတာက တော့ အဲဒီ mitochondria တွေဟာ ကျွန်မတို့ကို ကျန်းမာတောက်ပပြီး အရွယ်တင်နုပျိုစေဖို့ အဓိကလှုပ်ရှားနေ တယ်ဆို တာကိုပါ။ ဒါကြောင့် mitochondriaတွေ အကောင်းဆုံး အနေအထားမှာရှိပြီး သင့်ကို ၁၅နှစ်ခန့် အရွယ်တင်နုပျို ကျန်း မာစေနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။
၁) လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အင်ဂျင် စက်ကို လောင်စာဖြည့်ပါ နေ့စဉ် မိနစ် ၃၀ ခန့့်် လေ့ကျင့်ခန်း အသင့်အတင့်လုပ်တာကြောင့် mitochondria ရဲ့လှုပ်ရှားမှုဟာ နှစ်လ အတွင်း ၆၂ ရာခိုင်နှုန်း ပိုကောင်းမွန်နိုင် ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာ ကြောင့် သင်ရဲ့ Cell တွေဟာ သွေးတွင်း သကြားဓာတ်ကို ပိုမိုထိရောက်စွာ အသုံး ပြုနိုင်ပြီး mitochondria တွေရဲ့ လှုပ် ရှားမှုအတွက် လောင်စာရရှိသွားနိုင်ပါ တယ်။ သင်ဟာ လေ့ကျင့်ခန်း လုပ်ဖို့ အချိန် မပေးနိုင်ရင် လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် လှေကား အတက် အဆင်းပြု လုပ်တာလိုမျိုး ပြင်းထန်တဲ့ လေ့ကျင့်ခန်း တွေကို နေ့စဉ် ၁၀ မိနစ်လုပ်ပေးပါလို့ သုတေသီတွေက ဆိုပါတယ်။

၂) ဟင်းနုနယ်စားပြီး ခွန်အားတိုး အောင်လုပ်ပါ ခွက်တစ်ခွက်စာ ဟင်းနုနယ်နဲ့ အ စိမ်းရောင်ပန်းဂေါ်ဖီ၊ ငရုတ်ပွစိမ်း၊ ဆလတ်ရွက်လိုမျိုး အစိမ်းရောင်ဟင်းသီး ဟင်းရွက်တွေစားပေးရင် သင်ရဲ့လုပ် ဆောင်ချက်တိုင်းအတွက် ခွန်အားတွေပို ကောင်းစေနိုင်ပါတယ်။ အစိမ်းရောင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ များ စွာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ mitochondria တွေအတွက် အာဟာရဖြစ်စေပြီး ပျက်စီးတာတွေကို ပြန် လည်ပြုပြင်ပေးနိုင် တဲ့အပြင် ခန္ဓာ ကိုယ် မှ mitochondria အသစ်တွေ ထပ်မံ ထုတ်လုပ် နိုင်အောင် ပြုလုပ်ပေးလို့ပါ။
၃) ခန္ဓာကိုယ် အဆီကို လျှော့ချပြီး အရွယ်တင်နုပျိုအောင် ပြုလုပ်ပါ ဓာတ်ခွဲခန်းမှ လေ့လာမှုအရ ကယ်လိုရီနည်းပါးတဲ့ အစားအစာကို စားသူ တွေရဲ့ mitochondria တွေဟာ သက်တမ်း ၄၀ ရာခိုင်နှုန်း ပိုရှည်တယ်လို့ အကြံပေးထားပါတယ်။ ဆာလောင်နေတဲ့ အတွက် ဗီဇ (gene) တွေ အနေနဲ mitochondria တွေရဲ့ အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေတဲ့အပြင် သူတို့ရဲ့လုပ်ဆောင် ချက်တွေ မြန်ဆန်စေတာကြောင့်လို့ ဆိုပါ တယ်။ ဒီလိုဖြစ်အောင် အစာငတ်ခံနေ စရာမလိုပါဘူး။ သင့်ခန္ဓာကိုယ်အလေး ချိန်ဟာ စံအလေးချိန်နဲ့ နီးနီးကပ်ကပ်ရှိ နေဖို့သာလိုအပ်ပါတယ်။ ပိုလျှံနေတဲ့ ပေါင်ပို ၁၀ ပေါင် ကိုခြောက်လအတွင်း လျှော့ချနိုင်တာဟာ အရွယ်တင်နုပျိုနိုင်တဲ့ gene တွေ ထွက်ရှိလာစေနိုင်ပါတယ် လို့ ဗြိတိန်က မကြာခင်ကပြုလုပ် တဲ့လေ့လာမှု အရ တွေ့ရှိခဲ့ ပါတယ်။ နေ့စဉ်စားနေ ကျပုံစံထဲက ၂၀ဝ ကယ် လိုရီလျှော့ ပြီးစားပါ။ အချိုရည်တစ်ခွက် ဒါမှ မဟုတ် ဒိုးနပ်မုန့် တစ်ခု ဒါမှမဟုတ်အာလူးကြော် တစ်ထုပ်ပဲ စားပါ။
၎) အားဖြည့်ဆေး မှီဝဲပြီး Cell များ ကျန်းမာအောင် ပြုလုပ်ပါ နေ့စဉ် L.carnitine အားဖြည့်ဆေး ၁၀ဝ၀ မီလီဂရမ်မှီဝဲပါ။ L.carnitine ဆို တာဟာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ကျန်းမာတဲ့ Fatty acid မှ စွမ်းအင်ထုတ် လုပ်ပေးနိုင်တဲ့ mitochondria အဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့လောင်စာ အ ဖြစ်အသုံးပြုနိုင်ပါတယ်။ Cell တွေကို ပြန် လည်ပြုပြင်နိုင်တာနဲ့ ကြီးထွားအောင် ပြုလုပ်နိုင်တာကြောင့် အဲဒီဆေးကို မှီဝဲပြီး လေးပတ် အကြာမှာ ငယ်ရွယ်နု ပျိုပြီး စွမ်း အင်ပြည့်ကာ ဖျတ်လတ်တက်ြွကနိုင်တယ် လို့ ကာကွယ်ရေးနဲ့ ဆေးပညာဌာန အထူး ကုဆရာဝန် Susan M.Lark က ပြောပါ တယ်။ ဒါ့အပြင် အစာရှောင်သူတွေကို လည်း သုံးလအတွင်း ကိုယ်အလေးချိန် ရှစ်ပေါင်ထပ်ဆောင်းပြီးလျော့ကျစေနိုင်တယ် လို့ဆိုပါတယ်။ L.carnitine ကို အစာ တစ်ခုနဲ့တစ်ခုကြားမှာ မှီဝဲပါ။ ဒါမှ ခန္ဓာ ကိုယ်က သူ့ကို စုပ်ယူမှုတွေပိုမိုကောင်းမွန် နိုင်တယ်လို့ သိရပါတယ်။
၅) သိုင်းရွိုက်လုပ်ဆောင်မှုကို စစ်ဆေးပါ သင်ရဲ့သိုင်းရွိုက်ဂလင်းလုပ်ဆောင် ချက်တွေလျော့ကျနေရင် mitochondria ရဲ့လုပ်ဆောင်ချက်လည်း ကျဆင်း နိုင်ပါတယ်လို့ အမျိုးသားကျန်းမာရေး သုတေသနပြုသူတွေက ဆိုပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်တွေ အတက်ကြွလွန်နေရင်လည်း mitochondriaတွေ အလုပ်လုပ်လွန်ပြီး ပုံမှန်ထက်သေဆုံးနှုန်းမြန်ဆန် သွားနိုင်ပါတယ်။ သိုင်းရွိုက်လုပ်ဆောင်ချက်တွေ ပုံမှန်ဟုတ် မဟုတ်သိရှိဖို့ ငါးနှစ်တစ်ကြိမ် သွေးဖောက် ပြီး စစ်ဆေးမှုပြုလုပ်ပါ။ သိုင်းရွိုက်ပြဿနာ ကိုစောစောစီးစီးသိရှိပြီး ကုသမှု ခံယူတာကြောင့် mitochondria တွေ ပျက်စီးမှုမရှိ အောင် ကာကွယ်နိုင်ပါတယ်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More