နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, February 15, 2012

The lady ဇာတ်ကားအတွက် ဖိအားများခဲ့တဲ့ မီရှဲလ်ရိုး

 




ကမ္ဘာကျော် သရုပ်ဆောင် မီရှဲလ်ယိုးက သူမ သရုပ်ဆောင်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဘဝသရုပ်ဖော် TheLady ဇာတ်ကားမှာ သူမအတွက် ကြီးမားသော ဖိအားတစ်ခု ဖြစ်ခဲ့သလို ဘဝ၏ ကြီးမားသော အခန်းကဏ္ဍကြီးတစ်ခုတွင် ပါဝင်နေကြောင်း HongKongတွင် ပထမဆုံးအကြိမ် ပရိသတ်အား မိတ်ဆက်အသိပေးပွဲတွင် ပြောကြားလိုက်သည်။
''ကျွန်မကို တစ်စုံတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်း ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံရတုန်းက ကျွန်မ သိလိုက်တာတစ်ခုက ဒါဟာ
ဘဝရဲ့ကြီးမားတဲ့ အခန်းကဏ္ဍကြီးတစ်ခု ဖြစ်လာတော့မယ်လို့ ခံစားမိတယ်'' ဟု မီရှဲလ်ယိုးက HongKongတွင် သတင်းထောက်များကို ပြောကြားသည်။ TheLadyဇာတ်ကားသည် HongKong၌ ရုံတင်ပြသနေပြီဖြစ်ပြီး အာဆီယံနိုင်ငံများကို လှည့်လည်ပြသသွားဖွယ် ရှိနေသည်ဟု သိရသည်။
''ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ကိုးစားထိုက်တဲ့ လူတစ်ယောက်ဖြစ်သလို လူသားဆန်တဲ့ လူကောင်းတစ်ယောက် ဖြစ်ခဲ့ပြီး ကျွန်မအတွက်တော့ အရမ်းကို ဥာဏ်ရည်ထက်မြက်တဲ့ လူတစ်ယောက်လို့ သတ်မှတ်မိတယ်။ ဒါပေမဲ့ ကျွန်မပရိသတ်အတွက် အကောင်းဆုံးလုပ်ပြခဲ့တယ်'' ဟု သူမက ဆက်လက် ပြောကြားသည်။ သူမအနေဖြင့်ကမ္ဘာကျော် ရုပ်ရှင်ကားကြီးများကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့် အသက်၄၈နှစ်အရွယ် ဟောလိဝုဒ်ကြယ်ပွင့် သရုပ်ဆောင်ဖြစ်ခဲ့သော်လည်း ယင်းဇာတ်ကားအတွက် ဖိအားများစွာ ရှိနေခဲ့ရကြောင်း သိရသည်။ ''အကောင်းဆုံးသော ဇာတ်ဝင်ခန်း တွေအတွက် ဖိအားတွေ ရှိခဲ့ပေမယ့် ဘာကအရေးကြီးလဲဆိုတာ ကျွန်မစဉ်းစားမိသလို ပရော်ဖက်ရှင်နယ် ဆန်ဆန်ပဲ လုပ်ခဲ့ပါတယ်'' ဟုသူမက ပြောကြားသည်။ ''မြန်မာလူထုအတွက်တော့ အံ့သြစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါပဲ'' ဟု သူမက ဆက်လက်ပြောကြားသည်။ မီရှဲလ်ယိုအနေဖြင့် မြန်မာနိုင်ငံကို ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလက ရောက်ရှိခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံခဲ့ပြီး၊ ၂ဝ၁၁ ခုနှစ် ဇွန်လတွင် လာရောက်ရန်လည်း ကြိုးပမ်းခဲ့ဖူးသေးကြောင်း သိရသည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More