နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, February 15, 2012

ပိတ်ထားတဲ့ဆိုဒ်တွေကို Tor-Proxy.NET toolbar သုံးပြီးကျော်မယ်

Access Denied နေတဲ့ဆိုဒ်တွေထဲမှာတစ်ချို့က အရေမရ အဖက်မရ ဆိုဒ်တွေရှိပေမယ့်..တကယ်အသုံးဝင်မယ့် ဆိုဒ်တွေကလဲ မနည်းလှပါဘူး..ဒါကြောင့် ကိုယ့်အတွက် အကျိုးရှိစေမယ့် ဆိုဒ်တွေကပိတ်နေရင်...ပိတ်နေတဲ့ကဆိုဒ်တွေ(Access Denied) ဖြစ်နေတဲ့ဆိုဒ်တွေကို proxy website တွေမသုံးပဲ ကျော်ကြည့်လို့ရမယ့်နည်းလမ်းလေးပါ... ဒီနည်းလမ်းလေးက ip block ခံထားရတဲ့ ning ဆိုဒ်အချို့ကိုတောင် ကြည့်လို့ရတယ်..အထင်တော့မသေးနဲ့နော်...
သိပြီးပြီးဆိုရင်တော့ သည်းခံပေးပါ...မသိတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့ ရေးပေးလိုက်တာဆရာလုပ်တယ်လို့မထင်လိုက်ပါနဲ့။
အရင်ဆုံး  Mozilla Firefox addon လေးတစ်ခုကို download လုပ်ဖို့တော့လိုမယ်။
 

အခုပေးတဲ့လင့်ကနေ download လုပ်ပြီး Firefox မှာတက်လိုက်ဗျာ....add on  ကိုအသုံးပြုဖူးတဲ့သူတွေကတော့ ဘယ်လို install လုပ်ရမယ်ဆိုတာသိပါလိမ့်မယ်။
မသိတဲ့သူများအတွက်ဘယ်လိုလုပ်ရမယ်ဆိုတာ ကို ရှင်းပြပေးပါ့မယ်။
အခုပေးထားတဲ့ link ကနေ download လုပ်လိုက်မယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း box ကလေးတစ်ခုကျလာပါလိမ့်မယ်..... ၅ စက္ကန့်လောက်စောင့်လိုက်မယ်ဆိုရင် install ဆိုတဲ့ စာလုံးလေးထင်လာပြီး install လုပ်လို့ရပါပြီ....


Picture 
Picture
install  လုပ်နေတဲ့ပုံပါ....
 
 

Picture
install လုပ်ပြီးတဲ့အခါ အဝါရောင်အတန်းလေးနဲ့ restart firefox ဆိုတဲ့စာလေးကျလာပါလိမ့်မယ်...ပုံမှာပြထားပါတယ်... restart လုပ်လိုက်ပါ...
Picture
Picture
restart လုပ်ပြီးလို့ firefox browser ပြန်ပွင့်လာတဲ tor-porxy toobar လေးတစ်ခု တိုးနေတာတွေ့ရပါလိမ့်မယ်.....

toobar မှာ  website address ရိုက်ရမယ်အကွက်လေးတစ်ခုပါလာပါတယ်...အဲဒိအကွက်ထဲမှာ ပိတ်နေတဲ့ website လိပ်စာလေးကိုဖြည့်....ပြီးရင် enter လေးကို ခေါက်လိုက်...ပိတ်နေတဲ့ဆိုဒ် ပွင့်သွားတာကို ဝမ်းသာအားရတွေ့ရပါလိမ့်မယ်....သြော်...ပြောဖို့မေ့နေတာ..website လိပ်စာဖြည့်ရင် ရှေ့က http// ကိုတော့ ထည့်မရိုက်ဖို့လိုပါတယ်။

                                                                                                     Ref: Kyaw Kyaw Oo

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More