နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Saturday, February 18, 2012

အိုင်ဗရီကို့စ်မှာ ပေါင်သုံးသန်းတန် ဆေးရုံဆောက်မယ့် ဒရော့ဘာ




ချဲလ်ဆီးစတားဒရော့ဘာသည် သူ၏ကလပ်အသင်းအတွက်ဆုဖလားတွေ ရယူနိုင်ရေးထက်၊ သူ၏ မိခင်နိုင်ငံ အိုင်ဗရီကို့စ်တွင် ဆေးရုံများဆောက်လုပ်ဖို့ ပိုပြီး၊ စိတ်အားထက်သန်လျက်ရှိသည်။ ပြီးခဲ့သည့်အာဖရိကဖလားပြိုင်ပွဲ ဖိုင်နယ်တွင် ဇမ်ဘီယာအသင်းအား ရှုံးနိမ့်ခဲ့သော်လည်း ဒရော့ဘာတို့ လူစုအား အိမ်အပြန်တွင် အိုင်ဗရီကို့စ် ပြည်သူသောင်းကျော်က ချန်ပီယံများကဲ့သို့ လမ်းမများပေါ်သို့ထွက်ကာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲကြောင့်ဖြစ်ပွားသည့် ပြည်တွင်းစစ်ကြောင့် လူပေါင်း (၃၀၀၀) ကျော်စတေးခံလိုက်ရသည့်

အိုင်ဗရီကို့်စ်နိုင်ငံတွင်လူတစ်ဦး၏ပျမ်းမျှသက်တမ်းမှာ(၅၄)နှစ်ခန့်သာရှိပြီး၊ကျန်းမာရေးအထောက်အပံ့များအားလည်း
လုံလောက်စွာမရရှိပေ။အဆိုပါအခြေအနေများကြောင့် ဒရော့ဘာသည် သူ့နိုင်ငံ၏ ကျန်းမာရေးလိုအပ်ချက်အား ဖြည့်ဆည်းပေးရန် စီစဉ်လျက်ရှိသည်။
” စစ်ပွဲကြီးပြီးသွားပါပြီ၊ ကျွန်တော်တို့ဟာ နိုင်ငံပြန်လည်ထူထောင်ရေးအတွက်အစွမ်းကုန်ကြိုးစားရပါမယ်၊ ကျွန်တော်အနေနဲ့ ဆေးရုံဆောက်လုပ်လှူဒါန်းဖို့ မစောင့်နိုင်တော့ပါဘူး၊ အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်၊ ”
ဒရော့ဘာကပြောကြားခဲ့သည်။
ဒရော့ဘာ၏ ညီအကို ၀မ်းကွဲတော်စပ်သူ စတိဖန်၊ ဒုက္ဒသည်စခန်းကိုသွားရောက်လေ့လာတုန်းက ခင်မင်ခဲ့သည့်
လူငယ်လေး နိုဗယ်လ်တို့မှာ လူကီးမီးယားရောဂါအားခံစားရပြီး၊ သေဆုံးသွားခဲ့ကြသည်။
 “ ကျွန်တော် စတီဗန် ကို ပြင်သစ်မှာ ဆေးသွားကုနိုင်ဖို့ ဗီဇာလျှောက်ပေးခဲ့ပါတယ်၊ ဒါပေမယ့် သူအသက်မရှင်ခဲ့ပါဘူး၊အဲဒါက ဘာကိုပြသလဲဆိုတော့ ရောဂါသည်ကလေးငယ်တွေကို နိုင်ငံခြားကို သွားပြီး ဆေးကုသဖို့ မလွယ်ဘူးဆိုတာပါပဲ၊ တနည်းအားဖြင့် ကျွန်တော်တို့ နိုင်ငံတစ်ဝန်းလုံးမှာ ဆေးရုံတွေ လုံလောက်စွာ တည်ဆောက်ဖို့လိုအပ်နေပါပြီ၊ ”
”ကျွန်တော်ဟာ အင်မတန်ကံကောင်းတဲ့သူတစ်ယောက်ပါ၊ ကျွန်တော် တစ်ခုခုလိုအပ်ရင်၊ သမ္မတဆီကိုဖုန်းဆက်ပြီး၊ ပြောလို့ရပါတယ်၊ သူတို့ကတော့ အဲလိုအခွင့်အရေးမျိုးမရရှာပါဘူး၊ အလွန်သနားစရာကောင်းပါတယ် ” ဟု
ဒရော့ဘာက စာနာစွာပြောကြားခဲ့သည်။ဒရော့ဘာအနေဖြင့် ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ရွေးချယ်မည်ဆိုပါက၊ မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိနိုင်သော်လည်း၊သူ့အနေဖြင့်နိုင်ငံရေးလောကထဲသို့ဝင်ရောက်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ပီတာလေး (mutdfan.com)

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More