နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Monday, September 26, 2011

Video to DVD Burner လေး



Allok Video to DVD Burner  လေးတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးက Burnning Tool 
တွေထဲမှာတော့အသုံးပြုရတာအလွယ်ကူဆုံးပါပဲ။ သုံရတာလဲအရမ်းလွယ်ပါတယ်။ Add File ကနေပြီး
တော့မိမိတို့ Burn ချင်တဲ့ Video File ကိုထည့်လိုက်ပါ။ ပြီးရင် Start Button ကိုနှိပ်ပြီး Burn ယုံပါပဲ။
   

Sunday, September 25, 2011

Photoshop သမားများအတွက်( အကောင်းဆုံး)

                                                          
 
Photoshop သမားများအတွက်ပါ။ Photoshop ရဲ့ လျှို့ဝှက်ချက်တွေ အထဲမှာ movie တွေနဲ့ သေသေချာချာ ရှင်းပြထားပါတယ်။ တော်တော်လေးကောင်းပါတယ်။ ဆိုက်ကတော့ အတော်လေး ကိုကြီးပါတယ်။ Download လုပ်ထားသင့်ပါတယ်။ တစ်ကယ့်ကို Professional ကျကျ လုပ်ပြ ထားတာပါ။ အဲ့ကောင်လေးကို ဖတ်ပြီးရင် ဒီဇိုင်းပိုင်းကိုတော့ တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သွားပါပြီ။

 

RAR အတွက် tool လေး

 
RAR ဖြည်တဲ့ အချိန်မှာ ကြုံတွေ့နေရတဲ့ ပြဿနာလေးတွေနဲ့ Password အခက်အခဲများ အတွက် ဒီ System tool လေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ RAR ဖိုင်တွေကို Repair လုပ်ပေးနိုင်ရုံသာမက Password အတွက်ကိုပါ Tool လေးထပ်ထည့်ပေးထားပါတယ်။ RAR ကိုပါ PRO လေး ထည့်ပေးထားပါတယ်။ Window OS အားလုံးကို Support လုပ်ပေးပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။


Saturday, September 24, 2011

Theme လှလှလေးလာပြန်ပြီ

                                                                     
ဒီ Theme လေးက သူ့မှာဆွဲဆောင်မှုလေး တွေတော်တော် များတယ။် နောက်ခံ Backgroung Wallpaper လေးရော ၊ Start Menu မှာထည့်ပေးထားတဲ့ Background လေး ရောတော်တော်လှတယ်။ ကျွန်တော့်လိုပဲ ကြိုက်နှစ်သက်မယ် ထင်ပါတယ်။ ဖိုင်ဆိုဒ်က 8.58 MB ပဲရှိပါတယ်။

Focus Photoeditor ဓာတ်ပုံသမားများအတွက်

 
 
ဓာတ်ပုံသမားတွေ အတွက်တော့ အသုံးဝင်မဲ့  Photo Editor လေးပါပဲ။ဓာတ်ပုံတွေကို စိတ်ကြိုက်ပြုပြင် ပေးနိုင်မှာဖြစ်ပါတယ်။ ဒီကောင်လေးမှာ Photo တွေကို  Editing လုပ်ပေးဖို့ အတွက် Tool တော်တော်များများ ပါပါတယ်။ ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် Keygen လေးပါထည့် ပေးထားပါတယ်။ 

Driver Checker လေးနော် (အသစ်)

Driver Chacker လေးတစ်ခု တင်ပေးလိုက်ပါတယ်။ ဒီကောင်လေး ကတော့ မိမိတို့ ကွန်ပျူတာ မှာလိုအပ်နေတဲ့ Driver တွေကိုရှာဖွေ ပေးမယ် ၊ ပြီးရင် တစ်ခါထဲ ဒေါင်းလော့တန်းချပြီး လိုအပ်တဲ့ Driver တွေ ကိုတန်းပြီး Install လုပ်ပေးနိုင်ပါတယ်။ မိမိတို့ ကွန်ပျုတာ အတွက်လိုအပ်နေတဲ့ Driver တွေကို အခုကျွန်တော် တင်ပေးလိုက်တဲ့ Driver Chacker လေးကိုသုံးပြီး အလွယ်တကူ ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အလွယ်တကူ ဒေါင်းလော့ချပြီး Install လုပ်ပေးလိုက်ယုံပါပဲ။ Key

Friday, September 23, 2011

ISO to USB Software လေး




ဒါလေးကတော့ ကျွန်တော်တို့ ISO ကနေပြီးတော့ USB ထဲကို Burn ထည့်ပေးနိုင်တဲ့ ကောင်လေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဝင်းဒိုးတင်မယ့် Bootable လုပ်တဲ့ အချိန်မှာလည်း အသုံးဝင်ပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေ သာယူသွား လိုက်ပါဗျာ။

Thursday, September 22, 2011

Office 2007 စာအုပ်လေး( Eng)

Microsoft Office 2007 မှာပါဝင်တဲ့  Excel , Outlook , PowerPoint . Word  စတာတွေကို အသုံးပြုနည်းနဲ့ပါတ်သတ်ပြီး ကိုယ်တိုင်လေ့လာနိုင်အောင် ရေးပေးထားတဲ့စာအုပ်လေး ပါ။လိုအပ်တဲ့ သူတွေအတွက်တော့ အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်..လိုအပ်တဲ့ သူတွေကတော့ အောက်မှာအ ဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ။ English လိုနော်။
 

Excle 2007 စာအုပ်လေး

Excel 2007 နဲ့ပါတ်သတ်ပြီး ဆရာအောင်လင်း ရေးသားထားတဲ့စာအုပ်လေးပါ.. အသုံးပြုနည်းတွေကို တစ်ချက်ချင်းအသေးစိတ်ရေးပေးထားပါတယ်..။စတင်လေ့လာခါစလူတွေအတွက်ပါ လေ့လာရလွယ်ကူစေမဲ့စာအုပ်တစ်အုပ်ပါ...လိုအပ်တဲ့သူတွေကတော့အောက်မှာ အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ။

Wednesday, September 21, 2011

ဂျက်ကီချန်းရဲ့ငယ်ဘ၀ပုံပြင်

                                                   
ကျွန်တော်က နာမည်မရှိတဲ့ကလေးသရုပ်ဆောင်ဘဝက စခဲ့တာပါ။ ကျွန်တော် အသက်(၆)နှစ်အရွယ်မှာ ကျွန်တော့်ဖေဖေက ပြဇာတ်ရုံမှာ ကျွန်တော်ကို"ရောင်း"ခဲ့သလားတောင် ထင်ရပါတယ်။ အဲဒီကစ ပြဇာတ်တွေကို ကျွန်တော်စသင်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အရမ်းပင်ပန်းခဲ့တယ်။ စားဖို့ရှိရင်၊ အိပ်ရရင်ပဲ ကျွန်တော်အရမ်းကျေနပ်ခဲ့တယ်။ ကျွန်တော်ရဲ့ပထမဦးဆုံးကားဖြစ်တဲ့ "Butterfly Lovers"ကို ရိုက်တုန်းက အဲဒီဇာတ်မှာ ကျွန်တော်လူသေကောင်အဖြစ် သရုပ်ဆောင်ရတယ်။ ပထမဆုံးအကြိမ် သရုပ်ဆောင်တော့ ဒါရိုက်တာက ကျွန်တော့်ကိုဒေါသတကြီး ဆဲတယ်။ "မလှုပ်နဲ့.. မင်း သေနေပြီ။ မင်းဗိုက်က ဘာလို့လှုပ်နေသေးလဲ" တဲ့။ အဲဒီမှာ ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းစိတ်ပျက်မိတယ်။ လူသေကောင်အဖြစ် သရုပ်ဆောင်တာတောင် ကျွန်တော်ကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့ဘူး။ အဲဒီနောက် ကျွန်တော်အသေးစိတ်ဂရုစိုက်ခဲ့တယ်။ ဘယ်အချိန်မှာ အသက်ရှုရမယ်။ ဘယ်အချိန်မှာ အသက်အောင့်မယ်။ ဘယ်အချိန်မှာ ကင်မရာက လူသေကောင်ဖက်လှည့်မယ်။ ဘယ်လိုသေရမယ်။ အဲဒီလိုနဲ့ တစ်ကြိမ်ပြီးတစ်ကြိမ်... နောက်ဆုံးမှာ ကျွန်တော်အကောင်းဆုံး "သေ"နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက သိုင်းနည်းပြတစ်ဦးဖြစ်ဖို့ ကျွန်တော်စိတ်ကူးအိပ်မက်မက်ခဲ့တယ်။ သိုင်းနည်းပြရဲ့ဟန်ပန်က ခန့်ညားလို့ဖြစ်တယ်။ သိုင်းနည်းပြတစ်ဦးလုပ်ချင်ရင် ကင်မရာရိုက်ကွက်ကို အရင်နားလည်ရတယ်။ ဒီလိုနဲ့ ကင်မရာထမ်းသူအဖြစ် ကျွန်တော်(၂)နှစ်လုပ်ခဲ့တယ်။

အဲဒီခေတ်တုန်းက ရုပ်ရှင်သိုင်းလောကမှာ

Tuesday, September 20, 2011

ဘ၀က မစသေးဘူးဆိုတဲ့ လင်းဇာနည်ဇော်

                                                                    
အခုချိန်ထိ လှပဆဲ မလင်း(လင်းဇာနည်ဇော်) ကို အခုချိန် Show ပွဲလျှောက်ရတဲ့ ခံစားချက်လေး မေးကြည့်တော့- “မလင်းက Actor ဆိုတော့ Show လျှောက်တာ ကိုယ့်အလုပ် မဟုတ်ဘူးပေါ့နော်။ အမှန်က ကိုယ်လမ်း လျှောက်တာ သူများကြည့်နေရင် သိပ်ရှက်တာ။ သရုပ် ဆောင်ဖြစ်ပေမယ့် ရှက်တတ် တယ်။ အခုတော့ လျှောက်တာလေးများလာတော့ အတွေ့အကြုံ ရပြီပေါ့လေ။ မော်ဒယ် တွေ လောက်တော့ မလျှောက်တတ်ဘူးလေ။ အဲဒီတော့ ရင်ကတော့ တုန်နေတာပဲ။ မလင်းက သီချင်းတွေ လည်း လိုက်ဆိုနေတော့ အဲဒီ ခံစားချက်ကို ပိုကြိုက်တယ်။ အောက်က ပရိသတ်က ကျေနပ်ရင် ကျေနပ်တယ်၊ မကျေနပ်ရင် မကျေနပ်ဘူးပေါ့”လို့ဆိုလာတဲ့ မလင်းက ဗီဒီယိုတွေ ရိုက် နေသလို ဒီဇိုင်နာ Show လေးတွေ လျှောက်ဖို့ လက်ခံထားတယ်လို့ ဆိုပါတယ်။
မကြာ ခင်ရုံတင်တော့မယ့် အငိုမျက်လုံးအပြုံးမျက်နှာ ကားကြီးအတွက် အဓိက ဇာတ်ကောင် နေရာ က ပါဝင်ခွင့်ရခဲ့တဲ့ မလင်းရဲ့ရင်ခုန်သံကို မေးကြည့်တော့-“အတတ်နိုင်ဆုံး ကောင်းအောင် လုပ်ခဲ့ပေ မယ့် အစ်မကိုယ် အစ်မ ဘယ်တုန်းကမှ မကျေနပ်ခဲ့ဘူး။ ပြန်ကြည့် ရင်အမြဲလိုနေတာပါပဲ။ ဒီကားကြီး ပေါ်မှာလည်း အများကြီး မမျှော်လင့်ရဲပါဘူး။ ကိုယ်ကြိုးစား လုပ်ထားတဲ့ အလုပ်လေးမို့ အများကြီး အရာမထင် တောင်နည်းနည်းလေးထင်ရင် ကျေနပ် ပါတယ်။ ပြီးတော့ ဒီကားရိုက် ဖြစ်ခဲ့တာက ထွေထွေထူးထူး မရှိပါဘူး။ ကိုမင်းအုပ်စိုးနဲ့ ဗီဒီယိုလေးတွေ ရိုက်နေရင်းနဲ့မှ “ငါကားကြီးတစ်ကား ရိုက်မယ်” ဆိုတော့ ပထမ နောက်နေတာမှတ်လို့ မင်းသမီး ဘယ်သူလဲဆိုတော့ “မင်းသမီးက နင်ပဲ” လို့ ပြောတယ်။အဲဒီတော့ အဲဒီအချိန်မှာ ကိုယ့်ကိုမင်း သမီးတင် ရိုက်မယ့် သူက ဘယ်သူမှ မရှိဘူးလေ။ သူ့ကိုနောက်နေတယ်လို့တောင် ထင်တာ။ နောက်မှ မောင်နှမ ဇာတ်မှန်း သိရတယ်။ ကားကြီးလည်း ဖြစ် ကိုယ်လုပ်ချင်တဲ့ကာ ရိုက်တာလည်း ဖြစ်တော့ အရမ်း ပျော်သွားခဲ့တယ်။ အခုဆို မလင်းက လူလတ်ပိုင်းဖြစ်သွားပြီ ဘဝတော့ မစသေးပါ ဘူး။ လေးဆယ်ကျော်မှ ဘဝစတာလေ။ အဲဒီ တော့ လေးဆယ်မကျော်သေးတော့ ကလေးတော့ ကလေးပေါ့ (ရယ်လျက်) ဒါပေမဲ့ ဖန်စီလေးတွေ အလန်းလုပ်ရတဲ့ ဇာတ်တွေက ကိုယ်နဲ့မလိုက်တော့ဘူးပေါ့ ညီမရယ်။ အဲဒါကြောင့် ကိုယ်နဲ့လိုက်မယ့် ကာရိုက်တာလေးတွေ ရွေးပါတယ်။ မလင်း အတတ်နိုင်ဆုံး ကြိုးစားထားတယ်ပေါ့နော်။ ဒါပေမဲ့ခေတ်ကလည်း မလင်းခေတ် မဟုတ်တော့ ဘူးလေ။ ဒရာမာအနေနဲ့လည်း ခေတ်ကလည်း သိပ်လက်မခံသေးတဲ့ ခေတ်ဆိုတော့ မလင်းတို့ကြိုးတော့ ကြိုးစားထားကြတာပဲ”လို့ ဖြေသွားခဲ့ပါတယ်။
အခုချိန်မှာ အပျိုကြီးဖား ဖားဖြစ်ပြီးလှချင်တိုင်းလှနေတဲ့ မလင်းရဲ့ သမီးလေးက အနုပညာကို အရမ်း ဝါသနာပါတယ်လို့ သိရတာကြောင့် မိခင်တစ်ယောက်ရဲ့ ပူပန်မှုကို မေးကြည့် တော့- “မလင်းကို သူကချစ် လည်း ချစ်တယ်။ ကြောက်လည်း ကြောက်တယ်။ သူ့ကို မလင်းက သူငယ်ချင်းပေါင်း ပေါင်းပေမယ့် သေချာ စည်းကမ်းချတယ်။ တအားကြောက်အောင် လုပ်ရင် လည်း ကွယ်ရာ မိဘမသိအောင် လုပ်နိုင်တယ်။ အဲဒီအတွက် သူ့ကိုမလျှော့မတင်း လေးတော့ ထားပါတယ်။ သူကတော့ အနုပညာပိုး အရမ်း ပါတယ်။ စာကလည်း တော်တယ်။ မလင်းကတော့ သူ့ကို ပညာရေးဖက်ပဲဦးစားပေးချင်တယ်။ ဒီအလုပ်ကို သိပ်မလုပ်စေချင်ဘူး။ ဒါပေမဲ့ သူက အရမ်းဝါသနာပါနေတော့ ဘယ်တတ်နိုင်မလဲ လုပ်ပေးရမှာပေါ့” လို့ ရင်ဖွင့်သွားခဲ့ပါတယ်။
 

                                                                                                                              ဝါဝါကြည်
                                                                                                                              Ref: ရိုးရာလေး

မြန်မာကားရိုက်မယ့် အိန္ဒိယမင်းသမီး Laila Khan (ခ) စန္ဒာဝင်း

                                                             
စိန်ဌေး ဗီဒီယို ထုတ်လုပ်ရေးရဲ့ ဇာတ်ကား ကန်တော့ ပေးပွဲမှာ ပါဝင် သရုပ် ဆောင်ဖို့ မြန်မာပြည်ကို ရောက်ရှိ လာတဲ့ အိန္ဒိယမင်းသမီး Laila Khan ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပွဲထုတ် မိတ် ဆက် ပေးခဲ့ပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးမယ့် “တိုက်ဆိုင်မှုရှိလျှင်” ဆိုတဲ့ ဇာတ်ကားမှာ ပြေတီဦး၊ မိုးဟေကိုတို့နဲ့အတူ ပါဝင် သရုပ်ဆောင်မယ့် Laila Khan (ခ) စန္ဒာဝင်းနဲ့ မေးဖြစ်သမျှက တော့...
ဘောလိဝုဒ်မှာ ဇာတ်ကားတွေရိုက်ခဲ့တဲ့ မစန္ဒာ အနေနဲ့ မြန်မာ ရုပ်ရှင်ဇာတ် ကားတွေကို ဘယ်လောက်အထိ လေ့လာ ကြည့်ဖြစ်ခဲ့ပါသလဲ။
အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ဟိုတုန်းကတော့ မြန်မာ ရုပ်ရှင်ကားတွေ ကြည့်ဖြစ်ခဲ့ပါ တယ်။ ကိုရန်အောင်တို့၊ မစိုးကြီးတို့ ခေတ်ကကားတွေတော့ ကြည့်ဖူးတယ်။ အခု နောက်ပိုင်း ကား တွေကိုတော့ လုံးဝ မကြည့်ဖြစ်ခဲ့ပါဘူး။
မြန်မာ ဇာတ်ကား တစ်ကားကို ရိုက်တော့မယ့် မစန္ဒာအနေနဲ့ အခုနောက်ပိုင်း မြန်မာ ဇာတ်ကားတွေ မကြည့်ဖြစ်တော့ ကိုယ်နဲ့အတူ လက်တွဲလုပ်ရမယ့် သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ လက်တွဲလုပ်တဲ့အခါ အဆင် ပြေနိုင်မယ်လို့ ယုံကြည်မိလား။
မလိုပါဘူး မင်းသား မင်း သမီးပဲနော် သူတို့ အိုက်တင်ကောင်း လို့သာ ဒီအခြေအနေကို ရောက်နေကြ တာလေ။ ကိုပြေတီဦးဆိုလည်း ဒီမှာ နာမည်အကြီးဆုံးထဲက တစ်ယောက်လို့ ထင်ပါတယ်။ မိုးဟေကိုဆိုလည်း နာမည် အကြီးဆုံး လို့ထင်ပါတယ်။ သူတို့တွေလည်း သူတို့ဟာနဲ့သူတို့ တော်ကြလို့သာ ဒီအခြေအနေရောက်နေကြတာလေ။ သူ့ဟာနဲ့သူရှိကြမှာပါ။ စန္ဒာကတော့ ဘယ်သူနဲ့မှ ပြိုင်တယ်ဆိုင်တယ် သဘောမထားပါဘူး။ ဒါကိုအလုပ်လုပ် တယ်လို့ပဲ သဘောထားတယ်။ သူတို့အကူအညီလိုရင်လည်း ကူညီပေးမှာ။ အိုင်ဒီယာ လိုရင် လည်း အိုင်ဒီယာ ပေးမှာပါ။ ကိုယ့်ကိုယ် ကိုယ်လည်း နိုင်ငံခြားကလာတယ်ဆိုပြီး ဘယ်လိုမှလည်းမနေပါဘူး။ အကုန်လုံးကို ကိုယ့်ညီငယ်၊ ညီမငယ်လေးတွေလို သဘော ထားပြီး လုပ်သွားမှာပါ။
ဒီကားက မြန်မာပရိသတ်အတွက် ရိုက်မယ့်ကားဆိုတော့ ခါတိုင်းနဲ့မတူတဲ့ အိုက်တင်တွေ၊ ဖက်ရှင်တွေ အတွက် ဘယ်လိုစီစဉ်ထားလဲ။
ခါတိုင်းနဲ့မတူ ယဉ်ယဉ်ကျေးကျေးရိုက်ရ မယ်။ ဒါပေမယ့် အစ်မရဲ့ကာရိုက်တာက မြန်မာဆန်တဲ့ ကာရိုက်တာ မဟုတ်ဘူးရှင့်။ အဲဒီတော့ ဘာမှသိပ်ပြီး ထူးထူးခြားခြားလုပ်ရတာမျိုး မရှိဘဲ ဒီအရင် ပုံစံအတိုင်းလေးပဲ။ အဝတ်အစားဒီဇိုင်းကအစ ဒီပုံစံပဲလုပ်ရမှာပါ။
ထုတ်လုပ်ရေးကရော စိန်ဌေးနဲ့ပဲလား။
အဲဒါတော့ စန္ဒာမသိပါဘူး။ စိန်ဌေးဖြစ်ဖို့များ ပါတယ်။ စိန်ဌေး ဟုတ်လား မဟုတ်လားမသိပေမယ့် ဦးမျိုးမင်းနဲ့ဟုတ်ပါတယ်ရှင်။ အကယ်၍ မြန်မာပရိသတ်က လက်ခံတယ်ဆိုရင် အချိန်ပေးရင် ပေးသွားသလို ဇာတ်ကားတွေ ကူညီ ရိုက်ကူး ပေးမှာပါ။
မစန္ဒာလိုပဲ တစ်ချိန်ကဆိုရင် မြန်မာပြည်က မင်းသမီး ဝင်းမင်းသန်းဆိုလည်း ဟောလိဝုဒ်ကမင်းသား၊ ဒါရိုက်တာတွေနဲ့ မြန်မာပြည်မှာ ကားကြီးရိုက်ကူးခဲ့တာ တွေ ကို ကြည့်ဖြစ်လား။ ကိုယ်တိုင်ရော အိန္ဒိယ အမျိုးသမီးပုံစံ မဟုတ်ဘဲ မြန်မာဆန်ဆန် ကာရိုက်တာနဲ့ သရုပ်ဆောင်ဖို့ စိတ်ကူးရှိလား။
ကျွန်မတို့ Generation နဲ့ အရမ်းကွာဟသွားလို့ပဲလား မသိဘူး ကျွန်မ မကြည့်ဖြစ်ခဲ့ပါဘူး။ မြန်မာ ဆန်ဆန် ကာရိုက်တာနဲ့ရိုက်ဖို့ကတော့ အဲဒီအချိန်ကျမှ Story ကိုဖတ်ပြီးမှ စဉ်းစား ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဒီအတိုင်းတော့ ပြောလို့မရပါဘူး။
ဘန်ကောက်မှာရိုက်တဲ့ ရိုက်ကွင်းမှာ ပရိုဂျက်တာနဲ့ထိုးပြ တော့ ဆင်တက်နင်းတဲ့အခန်းကို ကြည့်လိုက်ရတဲ့ မစန္ဒာ ကိုယ်တိုင် ဆင်ခြေထောက်အောက်မှာ အနင်းခံ ရတဲ့အချိန် ခံစား ချက်လေး။
ဘယ်လိုမှမနေပါဘူး။ အရမ်းပျော်တာပါပဲ။ ကိုယ်ကလည်း ငယ်ငယ်လေးကတည်းက တိရစ္ဆာန်တွေကို အရမ်း ချစ်တတ်တာလေ။ တိရစ္ဆာန်တွေ့လို့လည်း လုံးဝကြောက် စိတ်မရှိဘူး။ တစ်ခါ ဇာတ်ကားတစ်ခုမှာ အန်ဒါကွန်ဒါးဆိုတဲ့ မြွေအကြီးကြီးကို ကိုယ်မှာပတ်ပြီး ရိုက်ဖူးတယ်။ ဘယ်လိုမှ မနေပါဘူး။
ဒီကားကိုရိုက်ဖို့ ဒီမှာဘယ်လောက် ကြာကြာနေမှာလဲ သိချင်ပါတယ်။
ဒီကားရိုက်ဖို့ရက် ၂၀ကျော် ကြာကြာပေးထားတယ်။ ဒီမှာ သူတို့ကို အဆင့်မြင့်နည်းနဲ့အသံသွင်းဖို့ အကြံဥာဏ်လေး နည်းနည်း ပေးထားတဲ့အတွက် အချိန်ပေးထားပါတယ်။ ဒီလ ကုန် မှာ ကျွန်မပြန်မှာပါ။ ပတ္တရား ကမ်းခြေမှာ ရိုက်ကူးရေးတစ်ခု ရှိလို့ပါ။ 
အိန္ဒိယမှာရုပ်ရှင်ဘယ်နှကားရိုက်ပြီး ပြီလဲ။ 
ရုံတင်ကား ၃ ကားက တော့ပြီးသွားပါပြီ။ တစ်ကားကတော့ရိုက်နေဆဲပါပဲ။ ဟိုမှာကတော့ ပုံမှန် တစ်နှစ်တစ်ကားပါပဲ။ ဟိုနဲ့ဒီနဲ့ ကူးရင်း ကားတွေ ရိုက်နေမှာပေါ့။ ဘန်ကောက်တို့၊ စင်ကာပူတို့မှာ ရိုက်တာများတော့ ဒီကိုအမြဲ လာဖြစ်ပါတယ်။ နှစ်လ သုံးလတစ်ခေါက်လောက် လာဖြစ်ပါတယ်။
ဒီကမြန်မာပရိသတ်တွေအတွက် စကားတစ်ခွန်းလောက်။
စန္ဒာ ပြောချင်တာက ကမ္ဘာ မှာရှိတဲ့ ပရိသတ်တွေအားလုံးထဲမှာ မြန်မာ ပရိသတ်တွေကို အချစ်ဆုံးလို့ ပြောပေးပါ။
 
                                                                                                                           ဝါဝါကြည်
                                                                                                                           Ref: ရိုးရာလေး

Driver Checker လေးနော်

 DriverChecker Update လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်ထဲမှာရှိတဲ့Printer Drivers,USB Drivers, Sound/Audio Drivers, Vista Drivers, Bluetooth Drivers, Mouse Drivers, Keyboard Drivers, RAID Drivers, Scanner Drivers, Video Drivers, Modem Drivers, Network Drivers, Linksys Drivers, Webcam Drivers, Graphic Drivers, VGA Drivers  စတဲ့ Drivers တွေအတွက် Check လုပ်ပေးပြီး၊ တစ်ခါတည်း Download ဆွဲ၊ Install လုပ်ပေးပါတယ်။

DriverChecker.2.7.5

Downloading from ifile.it

Downloading from mediafire

Windows 7 Theme လေး

                                                                         

Themes လေးအလန်းလေးတစ်ခုထပ်တင်လိုက်ပါတယ်။ဖိုင်ဆိုဒ်ကတော3.46 MB 
ပဲရှိပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လခ်လေးကနေသာယူသွား
လိုက်ပါဗျာ။

Sunday, September 18, 2011

Screen Saver လှလှလေးလာပြန်ပြီ

                                                                                                                           


 ကွန်ပျူတာကိုခဏအနားပေးလိုက်တဲ့အချိန်မှာScreenSaver လေးပေါ်လာပြီးဆိုတာနဲ့ နှင်းလေးတွေကျပြီးခရစ်စမက် ပုံလေးတွေ သမင်လေးတွေ ကျေးငှက်လေးတွေနဲ့

Saturday, September 17, 2011

ဖိုလ်ဒါ နဲ့ ဖိုင်လေးတွေကို လုံခြုံစွာသိမ်းရအောင်

                                                        
ကျွန်တော်တို့ဖိုဒါတွေကို လုံလုံခြုံခြုံလေးသိမ်းချင်သူများ အတွက်ဖြစ်ပါတယ်။ ဒီကောင်းလေးက သူကိုဝင်တဲ့ အခါမှာအရင်ဆုံး Password ပေးပြီးဝင်ရပါတယ်။ ပြီးမှမိမိတို့ လော့ချထားချင်တာပဲဖြစ်ဖြစ် ၊ ဖျောက်ထားချင်တဲ့ ဖိုဒါကိုပဲဖြစ်ဖြစ် ရွေးပေးပြီး ထည့်ပေးထားယုံပါပဲ။ ဖိုဒါကို

Friday, September 16, 2011

Windows က 32bit လား 64bit လား

                                                  
ကျွန်တော်တို့ Windows 7 အသုံးပြုသူတွေအတွက် မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Windows က 32 Bitsလား 64 Bits လားဆိုတာကိုခွဲခြားလို့ရမဲ့နည်းလမ်းလေးကိုပြောပြ ပေးချင်ပါတယ်။ သိပြီးသားသူတွေအတွက်တော့ မထူးဆန်းပေမယ့် မသိသေးတဲ့သူတွေအတွက်ကတော့ သိထားသင့်တာအမှန်ပါပဲ။မိမိတို့အသုံးပြုနေကွန်ပျူတာ 32 Bits လား 64 Bits လား သိချင်တယ် ဆိုရင် အရင်ဆုံး My Computer ကို Right Click ထောက်လိုက်ပါ..ပြီးရင် System ထဲက  System Type မှာကြည့်လိုက်ပါ။ 32 Bits Opearting System လို့ပြထားရင်မိမိတို့အသုံးပြု နေတဲ့ Windows က 32 Bits ပါ.. 64 Bits Opearting System လို့ပြနေရင်မိမိတို့အသုံးပြုနေတဲ့ကွန်ပျူတာက 64 Bitsပါ..။ဒီလောက်ဆိုရင်တော့ ကိုယ်သုံးနေတဲ့ Windows က 32Bits လား 64Bitsလားအလွယ်တကူကြည့်တက်သွားပြီလို့ထင်ပါတယ်။

CorelDRAW X4 စာအုပ်လေး

CorelDRAW X4 အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။ CorelDRAW အကြောင်းလေ့လာချင်တဲ့ သူငယ်ချင်းများအတွက်တော့ အဆင်ပြေမှာပါ။ လိုချင်ရင်တော့ အောက်မှာဒေါင်းလိုက်နော်။


Download  Ifile.it Download  Mediafire

Thursday, September 15, 2011

English အတွက်

ကျွန်တော် Ifile ကနေပြီးတော့ပဲ ရွေးပြီးတင်ပေးလိုက်ပါတယ်။ Download လုပ်ရတာအဆင် မပြေမှာစိုးလို့ ကျွန်တော် တိုက်ရိုက်လင့်ခ်လေးတွေလဲ ထည့်ပေးထားပါတယ်။ ယူထားလိုက်ပါဗျာ။

 
FL Valentine

Download
Precious

Download 

Heartache Teen Crush
Download

Heartfont
Download                                                                        

Times New Romance
Download


Kinkie
Download

Love Letters
Download 

LMS School Girl Crush
Download 

Even Hearted
Download 

AlphaShapes Hearts   ( includes three font types )
 Download

JLR Simple Hearts
 Download

KR Arrow Heart
Download 

KR Amish Heart
Download 
Lieb Mutterlein
Download 

LCR Heartful Rose
Downlaod 

LCR Hearts Afire
Download 

KG VMICE
Download 
KR Candy Kiss
Download 

KR Be Mine Again
 Download

Hearts Galore

Download

တော်တော်များများရသွားပါပြီ။ အဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်။

Tuesday, September 13, 2011

Gmail မှာ facebook တွဲပြီးသုံးရအောင်

ဖေ့စ်ဘုတ်ခ် အကောင့်ကို ဂျီမေးလ်စာမျက်နှာပေါ်မှာ add လုပ်ပြီး သုံးလို့ရပြီ ဖြစ်ပါတယ်။
အဲ့လိုလုပ်မယ်ဆိုရင် အရင်ဆုံး ဂျီမေးလ်စာမျက်နှာကို ဝင်လိုက်ပါ။ ပြီးရင် sign out လုပ်တဲ့ button ကိုနှိပ်ပြီး Account Settings ထဲဝင်ပါ။ ပြီးရင်တော့ Gmail ဘေးက setting ထဲကအပေါ်ဖက်အခန်း labs ကိုသွားပါ။
Labs ထဲကို ရောက်တဲ့အခါ add any gadget by URL ဆိုတာကို Enable လုပ်ပြီးအောက်ဆုံးဘယ်ထောင့်က  save changes လုပ်လိုက်ပါ။ ဂျီမေးလ်စာမျက်နှာ restart ဖြစ်သွားပါလိမ့်မယ်။ နောက်ထပ် ဂျီမေးလ်စာမျက်နှာ ပြန်ပေါ်လာပြီဆိုရင်တော့ mail setting ထဲကအပေါ်ဖက်ကအခန်း gadgets ကိုသွားပြီး Add ဒီမှာ ပြထားတဲ့(link) hosting.gmodules.com/ig/gadgets/file/104...0329537/facebook.xml လေးဒီ gadgets ထဲမှာ Add ထည့်လိုက်ပါ။
အဲသည်အဆင့်တွေ အားလုံးပြီးသွားရင်တော့ ဂျီမေးလ်စာမျက်နှာရဲ့ ဘယ်ဘက်အောက် နား invite bar ရဲ့ အောက်မှာ facebook link တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲသည် link က extand ကို ကလစ်လိုက်ရင် ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ နောက်တော့ ဖေ့ဘုတ်ခ် ဝင်စရာ မလိုပဲနဲ့ ဂျီတော့ကနေပြီး Facebook က သူငယ်ချင်းတွေကို ချက်လို့ရပါပြီခင်ဗျာ။

ကွန်ပျူတာကို ဒီလိုလေးထိန်းရအောင်

(၁) မိမိကွန်ပျူတာကို ပိုမြန်စေဖို့အတွက် Start ကို click ပါ။ Run box ကိုဖွင့်ပါ။ regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကိုနိပ်ပါ။ အဲဒီထဲကမှ “control panel” ကို ထပ်ရွေးပါ။
“Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်Aကွက်မှာပေါ်လာတဲ့ “Menu showdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့စက်ကို Restart ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon
exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအ ပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး
ဖျက်ထုတ်ပစ်ပါ။ (အ ချို့  လုပ်ဆောင်နေဆဲ
ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အ
ကြောင်း ပြောလာတတ်ပါတယ်။)

                                                                                    Ref: အဖြူရောင်သံစဉ်

ကိုယ်မရှိတဲ့အချိန်မှာcomputer ကိုဘယ်သူကိုင်လဲသိရအောင်

ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ ဟုတ်ကဲ့ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ဘယ်အချိန်မှာ ဖွင့်ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့်မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။
ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ။


1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။

2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ

နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ။

                                                                                                     Ref: အဖြူရောင်သံစဉ် 

ကမ္ဘာ့နားရွက်အရှည်ဆုံး ခွေး

                                                        
ဒီခွေးကြီးကို မြင်လိုက်တာနဲ့ ခွေးပျံတစ်ကောင်များ ဖြစ်လေမလားဆိုပြီး အားလုံးက ထင်ယောင်ထင်မှား ဖြစ်သွားကြမှာပါ။ ဘယ်ဘဝကုသိုလ်ကံ တွေကြောင့် သူ့ရဲ့နားရွက်က အခုလောက်တောင် ရှည်ထွက်နေရသလဲ မသိပါဘူး။အဲဒါကြောင့် ခွေးချင်းအတူတူ တခြားခွေး တွေထက် ထူးခြားမက ထူးခြားတဲ့ဒီခွေးကြီးကို ကမ္ဘာ့နားရွက်အရှည်ဆုံး ခွေးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က တညီတညွတ်တည်း အသိ အမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ နားရွက်ရှည်လျားကြီးမားတဲ့ သူတွေကို Óဏ်ပညာကြီးမားတယ်လို့ပြောချင်ကြတယ်ဆိုရင် ဒီခွေးကြီးဟာလည်း ပညာရှိခွေးကြီး ဖြစ်ကောင်းဖြစ်မယ်ထင် ပါရဲ့။ သူ့ရဲ့နားရွက်ရှည်လျားပုံကို တင်ပြရ မယ်ဆိုရင်ဘယ်ဖက်နားရွက်က၁၂ ၁/၄လက်မ၊ ညာဖက်နားရွက်က ၁၃ ၁/၂ လက်မတောင် ရှိပါတယ်။ လာဗာလို့အမည်ရတဲ့ ဒီခွေးရဲ့ ပိုင်ရှင် ဂျင်နီဖာဝပ်က "သူ့အနားက ဖြတ် သွားတဲ့ကားတွေဆိုရင်သူ့ရဲ့နားရွက်ကို အနီး ကပ်ကြည့်ဖို့ ရှေ့ဆက်မသွားဘဲ ရပ်လိုက် ရတဲ့အထိပါပဲ။ သူဟာ ကမ္ဘာမှာအလွန် အထင်ကြီးစရာကောင်းတဲ့ ခွေးတစ်ကောင်ဖြစ်နေပါပြီ"လို့ ချီးမွမ်းပြော ဆိုသွားခဲ့ပါတယ်။ ဂင်းနစ်အဖွဲ့ရဲ့အဆိုအရ သူ့ရဲ့နားရွက်နှစ်ဖက်အရှည် ဟာ ၂၃.၅ လက်မပဲရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံး လူသား (ဂျန်ရေးဘဲလ်လော်ဝိန်း)ထက် ပိုရှည် သလို ၂၆ လက်မရှိတဲ့ ကမ္ဘာ့အသေးဆုံး တရား ဝင်မောင်းနှင်ခွင့် ရကားထက်လည်း ပိုရှည်ပါ သတဲ့ ။နောက်ပြီး ၆လက်မပဲရှိတဲ့ ကမ္ဘာ့အရပ် အပုဆုံးခွေးလေးကို သူ့ရဲ့ နားရွက်ကြီး ပေါ်မှာ ချော့မော့သိပ်ထားလို့ တောင်ရတယ်လို့ ဆိုပါတယ်။

                                                                                       

မယ်လိုဒီပရိတ်သတ်ကမြန်မာနိုင်ငံမှာ၅%ထက်မပိုပါဘူး

                                                
မျိုးအခွေအတွက် ကြိုးစားနေပါတယ်။ မျိုးတို့တီးဝိုင်းက ဂျပန်သွားတယ်။ အမေရိက၊ စင်ကာပူသွားတယ်။ ဒီတစ်ခေါက်ပြန်လာမှပဲ သေချာလုပ်ရတော့မယ်။ သီချင်းတွေက အားလုံးပြီးသွားပါပြီ။ Title လည်း ပေးပြီး သွားပြီ။ ရှင်ဖုန်းဆိုခဲ့တဲ့ သီချင်းလေးပဲ။ ချစ်ခဲ့ဖူးတယ် ဆိုတဲ့ Title လေးပေးထားတယ်။ ဒီအခွေထဲမှာ ကိုဖိုးကာ၊ ကို Rဇာနည်တို့နဲ့ စုံတွဲဆိုထားတယ်။ အိုင်လပ်ဖ်ယူ ဇာတ်ကားထဲမှာ စကားဆန်းဆန်းလေးတွေ ပြောထားတယ် ဆိုတာက ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာ သင်ပေးတာပါ။
ဒီကားမှာ မျိုးပြောတဲ့ စကားလုံးလေးတွေမှာ မင်းသမီးဖြစ်မယ့် ဇာတာပါလို့လားမသိဘူး၊ လူတိုင်းကို အီစီကလီ လုပ်လိုက်ရမှ ကျေနပ်တယ်ဆိုတာက ဇာတ်ညွှန်းထဲမှာ ရေးထားတဲ့အတိုင်း ပရိသတ်ကို ခံစားစေ ချင်လို့ပါ။ ဘယ်မင်းသမီးကိုမှ ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ စကားလုံးဆန်းဆန်းလေးတွေဆို ပရိသတ်က စိတ်ဝင်စားတယ်လေ။ မျိုးက အပြင်မှာဆို ကျားကျားလျားလျားနေတတ်တယ်။
ဒီကားထဲမှာက နုနုရွရွဖြစ်နေတယ်။ အပြင်နဲ့မတူဘူး။ ဒီကားကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်နောက် နေသလို ဖြစ်နေတယ်။ မျိုးရဲ့ ပရိသတ်က မြန်မာနိုင်ငံမှာ (၁၀၀)ရာခိုင်နှုန်းရှိတယ်ဆိုရင် (၅) ရာခိုင်နှုန်းထက်တော့ မပိုပါဘူး။
မျိုးအခွေကို ကိုးလပိုင်းလောက် မှန်းထားတယ်။ ခဏခဏတော့ မှန်းထားတာပဲ။ ဒါပေမဲ့ ကိုးလပိုင်း မဖြစ်တော့ဘူးထင်တယ်။ ခရီးသွားရတာနဲ့ ကားရိုက် ရတာနဲ့ သီချင်းသွင်းရင်း recoding ထဲ ဝင်ရင်ကြောက်တဲ့စိတ်က ပိုများနေတာပေါ့။ နည်းနည်းတော့ကြာဦးမှာပါ။

Ref: 8 days

အကယ်ဒမီမရသေးပါဘူးဆိုတဲ့ စိုးမိုးကြည်

                                        
ပရိသတ်က မစိုးမိုးကို အမေခန်းမှာ ရိုက်တာကြိုက်တယ်လို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ပရိသတ်ကိုလည်း ကိုယ့်ရဲ့တတ်နိုင်တဲ့ အနုပညာနဲ့ ပေးဆပ်ရတဲ့အတွက် ကျေနပ်မိတယ်။ မစိုးမိုးကို ပရိသတ်က ချစ်တယ်ဆိုတာ ကလည်း မစိုးမိုးကို တူသောအကျိုးပေးတာလို့ ပြောချင်တယ်။ ကိုယ်ကလည်း ပရိသတ်တွေ အားလုံးကို ချစ်တယ်။ ပရိသတ်တွေ အားပေးလို့လည်း အခုထက်ထိ အနုပညာလောကမှာ မစိုးမိုးရပ်တည် နေနိုင်တာပေါ့။ မစိုးမိုးကလည်း ပရိသတ်ကို အမြဲမေတ္တာထားတယ်။
ဒါကြောင့် မေတ္တာက ရောင်ပြန်ဟပ်တာ ထင်တယ်။ လေးလေးနက်နက်ပဲ ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးပဲဖြစ်ဖြစ် ကိုယ်သရုပ်ဆောင်ရတဲ့ နေရာမှာ ပီပီပြင်ပြင် လေးလေးနက်နက် သရုပ်ဆောင်ချင်တယ်။ ပရိသတ်ကို မညာချင်ဘူး။ ကားတစ်ကားမှာ အားလုံးပါဝင်ကြိုးစားရပေမယ့် ဒါရိုက်တာက ပိုအရေးကြီးတယ်။ အားလုံးအတွက် စဉ်းစားရတာဆိုတော့ မစိုးမိုးတို့ထက်ကို ပိုပြီး အရေးကြီးတယ်။ ပိုစိတ်ရှုပ်ရတယ်။
ဇာတ်ကားကြီးတစ်ကားမှာ မစိုးမိုးနာမည်ထိုးတော့ နာမည်ရှေ့မှာ အကယ်ဒမီမစိုးမိုးကြည်ဆိုပြီး ထိုးထားတာ။ အမှန်တကယ်တော့ အနုပညာလောကမှာ မစိုးမိုးက ကြာပြီဆိုပြီး အကယ်ဒမီ ရပြီးပြီလို့ တချို့ကထင်ကြတာ တချို့ပရိသတ်တင်မကဘူး။ စာစောင်တွေမှာတောင် အကယ်ဒမီမစိုးမိုးကြည်ဆိုပြီး ရေးကြတာ၊ အဲဒါကြောင့် အဲဒီတုန်းက မစိုးမိုး အကယ်ဒမီမရသေးပါဘူး လို့တောင် ပြန်ဖြေခဲ့သေးတယ်။
ဒါပေမဲ့ အားလုံးထင်တဲ့အတိုင်း အကယ်ဒမီ စိုးမိုးကြည်ဆိုပြီး မစိုးမိုးလည်း ဖြစ်စေချင်တယ်။ မစိုးမိုးအကယ်ဒမီ လွဲခဲ့တဲ့ အမှတ်တရကားဆိုရင် ဟိုးအရင်က ဒါရိုက်တာ ဦးမျိုးမင်းရိုက်ခဲ့တဲ့ မျှော်လင့်ခြင်းများစွာဆိုတဲ့ ဇာတ်ကားပေါ့။ အဲဒီတုန်းကလည်း တော်တော်လေး ရင်ခုန်ခဲ့ရပြီး အကယ်ဒမီနဲ့ လွဲခဲ့ရတယ်။ ဒါကြောင့် မစိုးမိုး အကယ်ဒမီမရသေးပါဘူးလို့ ပြောချင်ပါတယ်။

Ref : မြန်မာသတင်းရပ်ဝန်း

Saturday, September 10, 2011

အကယ်ဒမီတော့လိုချင်တယ်ဆိုတဲ့ သက်မွန်မြင့်

                                              
အခု လတ်တလော ဗီဒီယို ရိုက်နေတယ်။ ကိုခန့်စည်သူနဲ့ အဘယ်ကြောင့်ဆိုတဲ့ ဇာတ်ကားလေး ရိုက် နေတယ်။ ရှေ့ဆက်ပြီး ဒီအနုပညာ အလုပ်တွေပဲ ဆက်လုပ်ဖို့ ရှိတယ်။ ထူးထူး ခြားခြားတော့ ဘာမှ မရှိပါဘူး။ ဇာတ်လမ်းရွေး ချယ်တာကတော့ လာ ပေးကတည်းက သက်မွန်လုပ်နိုင်မယ့်၊ သက်မွန်နဲ့ လိုက်မယ့် ပုံစံတွေပဲလာ ပေးတယ်။ အာဒံ ဧဝ ဒသကို ပရိသတ်တွေ အားပေးတဲ့အတွက် သက်မွန် ဝမ်းသာပါတယ်။ ဒီကားနဲ့ အကယ်ဒမီရဖို့ဆိုတာ ကိုယ်ကတော့ လိုချင်တာတော့ ရှိပါတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ မမျှော်လင့်ရဲဘူး။ အကယ်ဒမီဆိုတာ လက်ထဲရောက်မှပဲ ဝမ်းသာရမှာပေါ့နော်။ သက်မွန်လည်း အကယ်ဒမီကို လိုချင်သလို ဒီကားမှာ သရုပ်ဆောင်တွေ အားလုံးက ကြိုးစားပြီး သရုပ်ဆောင် ထားတာဆိုတော့ အားလုံးကို ရစေချင်ပါတယ်။ အကယ်ဒမီဆိုတာက ကံလည်း ပါမှရမှာလေ၊ ကိုယ်မျှော်မှန်းတိုင်းလည်း ဖြစ်လာတာမှမဟုတ်တာ။ အာဒံ ဧဝ ဒသ ကားလေးကို သက်မွန် လည်း ကျေနပ်ပါတယ်။ ရိုက်တုန်းကတည်းက အရမ်းလည်း ကြိုးစားခဲ့တယ်။ အရမ်း ပင်ပန်း ခံရတဲ့ ကားလေးပါပဲ။ ပရိသတ်က အားပေးတဲ့အတွက် သက်မွန် အတိုင်းထက် မက ဝမ်းသာ ပါတယ်။

                                                   

မေတ္တာလေလံ

ဒီစာစုလေးကို မချောရဲ့အစိမ်းရောင်လွင်ပြင်ထဲမှာ ဖတ်မိပြီး နှစ်သက်တာကြောင့် မူရင်းအတိုင်း ပြန်လည်ဝေမျှလိုက်ပါတယ်။ ဒီလိုစာစုမျိုးကို တင်ခဲ့တဲ့ မချောကိုလည်းကျေးဇူးတင်ပါတယ်။  
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိပ်ကိုချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိခဲ့ပါတယ်။ အသက်ကြီးပြီဖြစ်တဲ့ သူဌေးကြီးဟာ ဇနီးကလည်း ဆုံးသွားတာကြာခဲ့ပြီဖြစ်တော့ တစ်ဦးတည်းကျန်ခဲ့တဲ့ သူရဲ့သားကို သိပ်ကို ချစ်မြတ်နိုးပါတယ်။ သူဌေးကြီးရဲ့သားဟာ အနုပညာကို အလွန်ဝါသနာပါပြီး ပန်းချီကားတွေ စုဆောင်းတာ သိပ်ကို နှစ်သက် သဘောကျပါတယ်။ သားကို သိပ်ချစ်တဲ့ ဖခင်သူဌေးကြီးကလည်း သားနဲ့အတူ ကမ္ဘာတစ်ခွင် လှည့်လှည်ပြီးတော့ နာမည်ကျော် တန်ဖိုးကြီးပန်းချီကားတွေကို သားစိတ်တိုင်းကျ ဝယ်ယူ စုဆောင်းပါတယ်။ သူဌေးကြီးရဲ့သား ဝယ်ယူစုဆောင်းထားတဲ့ ပန်းချီကားတွေထဲမှာ ပီကာဆို၊ မိုးနေး၊ ဗင်ဂိုး တို့လို နာမည်ကျော် ပန်းချီဆရာများရဲ့ လက်ရာတွေတောင် ပါဝင်ပါတယ်။  တန်ဖိုးကြီး ပန်းချီကားတွေကို ကျွမ်းကျင်စွာ စုဆောင်းနိုင်သူဖြစ်လာတဲ့ သူ့သားလေးကို ကြည့်ပြီး သူဌေးကြီးဟာ ကျေနပ်အားရ ဖြစ်နေခဲ့ပါတယ်။ သားဖြစ်သူဟာ အလွန်ထူးချွန်ထက်မြက်တဲ့ အမြင်အာရုံမျိုးရှိပြီး ကမ္ဘာတစ်ဝှန်းက ပန်းချီကား စုဆောင်းထားသူတွေဆီကနေ တန်ဖိုးကြီးပန်းချီကားတွေကို ရအောင် ဝယ်ယူနိုင်တဲ့ သူ့သားရဲ့ ဆက်ဆံရေး ကောင်းမွန်ပုံ၊ အမြင်အာရုံ စူးရှထက်မြက်ပုံ၊ ပန်းချီကားတွေကို အကဲဖြတ်ရာမှာ ကျွမ်းကျင်ပုံတို့အတွက်လည်း သူဌေးကြီးက အလွန်ဂုဏ်ယူနေခဲ့ပါတယ်။



Image Hosted by PicturePush - Photo Sharing


တစ်ခုသော ဆောင်းရာသီရောက်ခါနီးမှာတော့ တိုင်းပြည်ကြီးမှာ စစ်ဖြစ်လာပါတော့တယ်။ အဲဒီတော့ တိုင်းပြည်ကို ကာကွယ်ဖို့အတွက် လူငယ်တိုင်းစစ်ထဲဝင်ကြတဲ့ နည်းတူ သူဌေးကြီးရဲ့သား လူငယ်လေးမှာလည်း ဘယ်လိုမှ တားမရဘဲ စစ်ထဲဝင်ဖို့ အိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ လူငယ်လေး စစ်ထဲဝင်သွားပြီး အချိန်အနည်းငယ်ကြာတဲ့အခါမှာ သူဌေးကြီးဟာ ကြေးနန်းတစ်စောင်ကို လက်ခံရရှိပါတယ်။ ကြေးနန်းစာထဲမှာ သူဌေးကြီးရဲ့သားဟာ စစ်မြေပြင်တစ်ခုမှာ ပျောက်ဆုံးနေကြောင်း၊ တာဝန်ရှိသူများက ကြိုးစား ရှာဖွေနေကြကြောင်း ပါဝင်ပါတယ်။ သူဌေးကြီးဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ပြီး သူ့သားလေးရဲ့ နောက်ထပ်သတင်းတွေကို စောင့်မျှော်နေခဲ့ပါတယ်။ သူ့စိတ်ထဲမှာလည်း သူ့သားလေးကို ဘယ်တော့မှ ပြန်မတွေ့ရတော့မှာကို ထိတ်လန့် ကြောက်ရွံ့လို့နေပါတယ်။ သိပ်မကြာခင်မှာတော့ သူစိုးရိမ်မိတဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။ သူ့သားသေဆုံးကြောင်း အတည်ပြုတဲ့ကြေးနန်းကို လက်ခံရရှိလိုက်ပါတယ်။ ချမ်းသာတဲ့ သူဌေးကြီးဟာ သူ့အမွေတွေကို ဆက်ခံမဲ့ တစ်ဦးတည်းသော သူ့သားလေးအတွက် မချိတင်ကဲ ကြေကွဲဝမ်းနည်းစွာနဲ့ စိတ်နှလုံးထိခိုက်ပြီး အိပ်ရာထဲမှာ လဲပါတော့တယ်။ 

တစ်ခုသော ခရစ္စမတ်ရဲ့ မနက်ခင်းမှာတော့  ဝမ်းနည်းကြေကွဲမှုတွေကိုသာ အဖော်လုပ်လို့ နေရတဲ့ သူဌေးကြီးအိမ်တံခါးကို တစ်စုံတစ်ဦးက လာခေါက်ပါတယ်။ စိတ်နှလုံး ညှိုးချုံးပင်ပန်းစွာ အိပ်ရာထဲလဲနေတဲ့ သူဌေးကြီးဟာ ချိနှဲ့လေးကန်တဲ့ ခြေလှမ်းတွေနဲ့ တံခါးရှိရာကို လျှောက်လှမ်းသွားခဲ့ပါတယ်။ အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ စစ်ဝတ်စုံပြည့်နဲ့ လူငယ်လေးတစ်ယောက်က အဖိုးအိုကို နှုတ်ခွန်းဆက်စကား ဆိုလာပါတယ်။ လူငယ်စစ်သားလေးရဲ့ လက်ထဲမှာတော့  အထုတ်ကြီးတစ်ခုကို ပွေ့ပိုက်ထားပါတယ်။ လူငယ်လေးဟာ “ကျွန်တော်ဟာ ဦးလေးရဲ့ သားနဲ့ အလွန်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းပါ.. ကျွန်တော် ဦးလေးကို ပြစရာရှိလို့ အိမ်ထဲခဏ ဝင်ခွင့်ပြုနိုင်မလားခင်ဗျာ” သူ့ကိုယ်သူ မိတ်ဆက်ရင်း ယဉ်ကျေးစွာ ဝင်ခွင့်တောင်းပါတယ်။

ဧည့်ခန်းမှာ ထိုင်ပြီးတဲ့အချိန်မှာ စစ်သားလေးက စကားစပြောပါတယ်။ “သူဌေးကြီးရဲ့သားဟာ လူတိုင်းကို သူနဲ့ သူ့အဖေတို့ အနုပညာကို ဘယ်လောက်တောင် ချစ်မြတ်နိုးကြပုံ၊ ကမ္ဘာလှည့်ပြီး အနုပညာနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေ စုဆောင်းကြပုံတို့ကို အမြဲပြောပြလေ့ရှိပါတယ်။ ပြီးတော့  ကျွန်တော်ဟာ ဒဏ်ရာရပြီး စစ်မြေပြင်မှာ လဲနေတဲ့အချိန်မှာ ဦးလေးရဲ့သားက ကျွန်တော့်ကို လာကယ်ခဲ့တာပါ။ သူကယ်တဲ့အသက်ဘဲ ကျွန်တော့်မှာ ရှိတော့တာပါ။ သူ့ကျေးဇူးကြောင့် အသက်ရှင်ခွင့်ရခဲ့တာပါ။ ကျွန်တော်လည်း ပန်းချီကို ဝါသနာပါတဲ့သူတစ်ယောက်ပါ။ ကျွန်တော်ဒီကိုလာတာက ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့ ဦးလေးရဲ့ သားကိုယ်စား ဦးလေးကို လက်ဆောင်တစ်ခု ပေးချင်လို့ ရောက်လာတာပါ ” လို့ ပြောပြီး အဖိုးကြီးလက်ထဲကို ထုပ်ပိုးထားတဲ့ အထုပ်တစ်ခုကို ထည့်ပေးလိုက်ပါတယ်။ သူဌေးကြီးက အထုပ်ပေါ်က စက္ကူတွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ သူ့ရဲ့ ချစ်လှစွာသော သားဖြစ်သူရဲ့ ပုံတူပန်းချီကား ဖြစ်နေပါတယ်။ ပန်းချီကားထဲမှာ သူ့သားလေးရဲ့ မျက်နှာပေါ်က အသေးစိတ် အချက်အလက်လေးတွေကိုပါ အနုစိတ် ထည့်သွင်းရေးဆွဲထားခဲ့တာကြောင့် သူဌေးကြီး စိတ်ထဲမှာတော့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် သူ့သားရဲ့ မျက်နှာကို အပြင်မှာတကယ် တွေ့လိုက်ရတဲ့ ခံစားချက်မျိုးပင် ဖြစ်ပေါ်လို့လာပါတယ်။

စိတ်လှုပ်ရှားခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းကြေကွဲခြင်းများစွာကို တစ်ပြိုင်တည်း ခံစားလိုက်ရပြီးတဲ့နောက် သူဌေးကြီးဟာ လူငယ်လေးကို ပန်းချီကားလက်ဆောင်အတွက် ကျေးဇူးစကားဆိုပါတယ်။ ပြီးတော့လည်း သူ့သားရဲ့ ပုံတူပန်းချီကားကို ဧည့်ခန်းကနံရံပေါ်မှာ အမြဲတမ်းချိတ်ဆွဲထားမဲ့အကြောင်း ကတိပေးပါတယ်။ အချိန်အနည်းငယ်ကြာ စကားပြောကြပြီး လူငယ်စစ်သားလေးက သူဌေးကြီးကို နှုတ်ဆက်ကာ ပြန်သွားပါတယ်။ လူငယ်လေးပြန်သွားပြီးတဲ့နောက်မှာ သူဌေးကြီးက သူ့ကတိအတိုင်း သူ့သားလေးရဲ့ ပုံတူပန်းချီကားလေးကို အခြားသော နာမည်ကျော် ပန်းချီဆရာကြီးတွေရဲ့ ဒေါ်လာများစွာ တန်ဖိုးရှိတဲ့ ပန်းချီကားတွေနဲ့ တစ်တန်းတည်း နံရံပေါ်မှာ ချိတ်ဆွဲထားလိုက်ပါတော့တယ်။ ပြီးတော့ ဧည့်ခန်းကြီးထဲက ထိုင်ခုံလေးတစ်ခုပေါ်မှာထိုင်ပြီး ထူးထူးခြားခြား ခရစ္စမတ်လက်ဆောင်ရလိုက်တဲ့ သူ့သားပုံတူ ပန်းချီကားလေးကို တစ်စိမ့်စိမ့်ကြည့်နေပါတယ်။ သူ့သားရဲ့ ပုံတူပန်းချီကားချပ်ကြီးက ဖခင်ဖြစ်သူကို ပြုံးပြလို့နေသလိုပါဘဲ။ ဘယ်သောခါမှ အိမ်ပြန်မလာနိုင်တော့မဲ့ သားတစ်ယောက်ကို လွမ်းဆွတ်သတိရခြင်းများစွာနဲ့ အဖိုးအိုပါးပြင်ပေါ် မျက်ရည်တွေ စီးကျလို့ လာပါတော့တယ်။

ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါမှာတော့ သူ့သားလေး သေဆုံးရတဲ့အကြောင်းရင်းကို သူဌေးကြီးက တိတိကျကျ ကြားသိလာရပါတော့တယ်။ သူ့သားဟာ စစ်မြေပြင်မှာ ဒဏ်ရာရထားတဲ့ လူနာများစွာကို ရဲရဲရင့်ရင့် ကယ်တင်ရင်း ကျည်ဆန်ထိမှန်ပြီး သေဆုံးရတယ်ဆိုတာရယ် သူမသေခင်လေးမှာ အသက်ပေါင်းများစွာကိုလည်း ကယ်တင်သွားနိုင်ခဲ့တယ် ဆိုတဲ့အကြောင်းတွေကို သိရပါတယ်။ သူ့သားရဲ့ ဂုဏ်ယူဖွယ်ရာ ကြီးကျယ်မြင့်မြတ်တဲ့ လုပ်ရပ်အတွက် ဖခင်သူဌေးကြီးဟာ အင်မတန်မှာ ဂုဏ်ယူမိပါတယ်။ ပြီးတော့လည်း သူ့သားသေဆုံးသွားရတဲ့အတွက် ပူဆွေးဝမ်းနည်း ဖြစ်ရခြင်းကနေလည်း စိတ်ဖြေသာရာ ရသွားခဲ့ပါတယ်။ သူ့သားရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် လူတိုင်းကို ဂုဏ်ယူစွာ ပြောပြတတ်သလို၊ သူ့သားလေးရဲ့ ပုံတူပန်းချီကားဟာလည်း သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်ကြောင်း၊ သူ့ဘဝမှာ ရခဲ့သမျှ လက်ဆောင်တွေထဲမှာ အဲဒီပန်းချီကားလောက် ဘယ်အရာကမှ တန်ဖိုးမရှိကြောင်းကို  အမြဲတမ်း အားမာန်အပြည့်နဲ့ ပြောဆိုတတ်ပါတယ်။ သူ့သားဟာ သေဆုံးသွားပေမဲ့ သူ့အတွက်တော့ ဂုဏ်သိက္ခာရှိရှိ ရှင်သန်နေတဲ့သူဖြစ်တယ်လို့ သူကိုယ်တိုင် ခံယူထားပါတယ်။ သူဌေးကြီးဟာ သူ့သားရဲ့ ပုံတူပန်းချီကိုလည်း သူကိုယ်တိုင် တယုတယ ဖုန်သုတ်ခြင်း၊ သန့်ရှင်းရေးခြင်းတို့ လုပ်တတ်ပါတယ်။

နွေဦးရာသီတစ်ခုမှာတော့ သူဌေးကြီးဟာ  အပြင်းအထန် နာမကျန်းဖြစ်လာပါတယ်။ နာမကျန်းဖြစ်ပြီး မကြာခင်မှာဘဲ သူဌေးကြီးဟာ ဆုံးပါးသွားခဲ့ပါတယ်။ အဖိုးကြီး ဆုံးပါးသွားတဲ့သတင်းဟာ  ပန်းချီကား စုဆောင်းသူတွေရဲ့လောကမှာ အပြင်းအထန် ဂယက်ရိုက်ခတ်ပါတော့တယ်။ သူဌေးကြီးမှာ အမွေဆက်ခံသူ တစ်ဦးတည်းသော သားဟာလည်း ဆုံးပါးသွားပြီဖြစ်လို့ သူစုဆောင်းထားတဲ့ ကမ္ဘာကျော် ပန်းချီကားတွေကို ဘယ်လိုဆက်လုပ်မှာပါလိမ့် ဆိုပြီး လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ နာမည်ကျော် ပန်းချီကားတွေဖြစ်လို့ လူတိုင်းကလည်း ဒီပန်းချီကားတွေကို လိုချင်နေကြသူတွေ ဖြစ်ပါတယ်။ မကြာခင်မှာဘဲ သတင်းတစ်ခု ထွက်လာပါတယ်။ သူဌေးကြီးရဲ့ သေတမ်းစာအရ သူစုဆောင်းထားတဲ့ အဖိုးတန်ပန်းချီကားအားလုံးကို လေလံတင် ရောင်းချမှာဖြစ်ပြီး အဲဒီလေလံတင်မဲ့ရက်ဟာ ခရစ္စမတ်နေ့ဖြစ်ကြောင်း ပန်းချီကားစုဆောင်းသူ၊ ပန်းချီချစ်မြတ်နိုးသူတွေ သိအောင် ကြေငြာပါတယ်။ သူဌေးကြီးဟာ သူ့သားရဲ့ ပန်းချီကားကို အမှတ်တရ လက်ဆောင်အဖြစ် ရခဲ့တဲ့ ခရစ္စမတ်နေ့ကို လေလံပွဲ ကျင်းပပေးဖို့ သေတမ်းစာမှာ ထည့်သွင်းရေးထားခဲ့တာ ဖြစ်ပါတယ်။
လေလံပွဲကျင်းပမဲ့ ခရစ္စမတ်နေ့ကို ရောက်ပါပြီ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပန်းချီမြတ်နိုးသူတွေ၊ ပန်းချီကား စုဆောင်းသူတွေဟာ လေလံပွဲကျင်းပရာ နေရာကို အသီးသီး ရောက်ရှိလို့လာပါတယ်။ သူတို့တွေရဲ့ စိတ်ထဲမှာလည်း အဖိုးတန်ပန်းချီကားတွေကို မရရအောင် ဈေးပြိုင်ပေးပြီး လေလံဆွဲဝယ်ယူကြဖို့ စိတ်ကူးကိုယ်စီ ရှိနေခဲ့ကြပါတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ ပြည့်ဝအောင် အကောင်အထည် ဖော်နိုင်ကြတော့မှာပါ။ ခန်းမထဲမှာရောက်ရှိနေကြသော လေလံပွဲကို တက်ရောက်လာကြသူတိုင်း သူဌေးကြီးရဲ့ ပန်းချီကား အကြောင်းတွေကိုသာ စိတ်ဝင်စားစွာ ပြောဆိုနေခဲ့ကြပါတယ်။
လေလံပွဲ စချိန်မှာတော့ အစီအစဉ်ကျင်းပတဲ့သူက ပထမဦးစွာ ပန်းချီကားတစ်ချပ်ကို ယူလာပါတယ်။ လေလံပွဲကို ရောက်လာကြတဲ့သူတွေ တစ်ဦးကမှ အဲဒီပန်းချီကားကို မမြင်ဖူးကြသလို၊ ပန်းချီကားဟာလည်း နာမည်ကျော် ပန်းချီဆရာတစ်ဦးဦးက ရေးဆွဲထားတဲ့ ပန်းချီကား မဟုတ်ဘူးဆိုတာ သိကြပါတယ်။ ပြိုင်ပွဲကျင်းပသူက ထိုပန်းချီကားဟာ သူဌေးကြီးသားရဲ့ ပုံတူပန်းချီကားဖြစ်ကြောင်း လေလံပွဲကို ၄င်းပန်းချီကားနဲ့ စပြီး ဖွင့်လှစ်မှာဖြစ်ကြောင်း ကြေငြာပါတယ်။ ကြော်ငြာပြီးတာနဲ့ လေလံပွဲ ကြွရောက်လာသူများထဲမှ စတင်ပြီး ဈေးဖွင့်လှစ်ပေးဖို့ ကမ်းလှမ်းပါတယ်။ သို့သော်လည်း ခန်းမကြီးတစ်ခုလုံး ဘယ်သူကမှ ဈေးမဖွင့်ကြဘဲ တိတ်ဆိတ် ငြိမ်သက်လို့ နေကြပါတယ်။

Image Hosted by PicturePush - Photo Sharing
အချိန်အတန်ကြာတဲ့အထိ ဘယ်သူကမှ ဈေးဖွင့်ခြင်းမရှိတာနဲ့ အစီအစဉ်ကျင်းပသူက စတင် ကြေငြာပါတယ်။  
“ဒီပန်းချီကားကို ဒေါ်လာတစ်ရာနဲ့ ကြမ်းခင်းဈေး သတ်မှတ်ပါတယ်။ ဘယ်သူက ဒီဈေးကို စပြီးပေးပါမလဲခင်ဗျာ”  

ထိုပန်းချီကားကို ဘယ်သူကမှလည်း ဒေါ်လာတစ်ရာတန်တယ်လို့ မထင်ကြတဲ့အတွက် တစ်ဦးတစ်ယောက်ဆီကမှ အသံထွက်မလာခဲ့ပါ။
ထိုစဉ်မှာ ထောင့်တစ်နေရာကနေ အသံထွက်လာပါတယ်။ “ဘယ်သူက သူ့သားရဲ့ ပုံတူကို စိတ်ဝင်စားမှာလဲ။ အဲဒီ ပန်းချီကားကြီးကို ထားလိုက်စမ်းပါ။ အဖိုးတန်တဲ့အချိန်တွေ အလကားဖြစ်တယ်။ တစ်ခြား နာမည်ကျော် ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားကို လေလံစဖွင့်ပါ။” လို့ အော်လိုက်တဲ့အသံ ဖြစ်ပါတယ်။ အဲဒီလူရဲ့ စကားသံဆုံးတာနဲ့ အခြားသော လူအသီးသီးတွေဆီကလည်း သူ့လေသံအတိုင်း အဲဒီပန်းချီကားကို ထားလိုက်ဖို့ အသံတွေ ကြွက်စီကြွက်စီ ထွက်လာပါတော့တယ်။ ဘယ်သူကမှ သူဌေးကြီးသားရဲ့ ပုံတူကို စိတ်ဝင်စားပုံမရသလို၊ ဝယ်ကြမဲ့ပုံလည်း မရပါဘူး။ သို့သော်လည်း လေလံကျင်းပသူက အခိုင်အမာပြောပါတယ်။ “ ဝမ်းနည်း ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့မှာ ဒီပန်းချီကားကို အရင်ဆုံးရောင်းရမဲ့တာဝန် ရှိပါတယ်။ ဒါကြောင့် ဒီပန်းချီ ကားကိုသာ အရင်ဆုံး လေလံဆွဲကြဖို့ အသိပေးလိုပါတယ်ခင်ဗျာ”
အရင်ကအတိုင်းပါဘဲ .. ဘယ်သူ့ဆီကမှ အသံထွက်မလာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လေလံပွဲကို ပွဲကြည့်ပရိတ်သတ်အဖြစ်သာ ရောက်လာတဲ့ အဖိုးအိုတစ်ဦးက

 “ ကျုပ်မှာ ဒေါ်လာတစ်ဆယ် ရှိပါတယ်။ ဒီပန်းချီကားကို ၁၀ဒေါ်လာနဲ့ ရောင်းမယ်ဆိုရင် ကျုပ်ဝယ်ပါ့မယ်၊ ကျုပ်မှာလဲ ဒီထက်ပိုပြီး မရှိတော့လို့ပါ။ ”  ဆိုတဲ့စကားသံ ထွက်လာပါတယ်။
“တစ်ယောက်ယောက်က ဒေါ်လာတစ်ဆယ်ထက် ပိုပေးနိုင်ပါသေးလား ” လေလံပွဲကျင်းပသူက အသံမြှင့်ပြီး အော်လိုက်ပါတယ်။ သို့သော် မည်သည့်အသံမှ ထွက်မလာပါ။ သူ သုံးကြိမ် သုံးခါ အော်မေးပါတယ်။ အသံထွက်မလာပါ။
လေလံပွဲကျင်းပသူက စပြီး အမှတ်စဉ် ရေတွက်ပါပြီ…
“၁…….       ၂……..    ၃……… ”
“အမှတ်စဉ် သုံးထိ ရေတွက်ပြီးပေမဲ့ ဒေါ်လာတစ်ဆယ်ထက် ဘယ်သူကမှ ပိုပေးနိုင်သူ ထွက်မလာတော့တဲ့အတွက် ဒီပန်းချီကားကို ဒေါ်လာတစ်ဆယ်ပေးတဲ့ အဖိုးက ပိုင်သွားပါပြီခင်ဗျား”

အားလုံးဆီက လက်ခုပ်သြဘာသံတွေ ထွက်လာပါတယ်။ တကယ်တမ်း သူတို့လက်ခုပ်တီးတာက ဒီပန်းချီကားကြီး ရောင်းထွက်သွားတဲ့အတွက် နောက်လေလံပွဲ မြန်မြန်ကျင်းပတော့မှာမို့ ဝမ်းသာတဲ့အတွက် တီးကြတဲ့ လက်ခုပ်သံတွေ ဖြစ်ပါတယ်။
“ကဲ.. အခု နာမည်ကျော်ပန်းချီကားတွေ စပြီး လေလံတင်တော့ဟေ့၊ စောင့်ရတာကြာနေပြီ” တစ်စုံတစ်ယောက်က အသံကျယ်ကြီးနဲ့ အော်လိုက်ပါတယ်။ ကျန်တဲ့သူတွေကလည်း လေလံပွဲ မြန်မြန်စဖို့ လိုက်အော်ကြပါတယ်

လေလံပွဲကျင်းပသူက ဧည့်ခန်းထဲမှာ ရှိနေတဲ့ ပရိတ်သတ်တွေကို တည်ငြိမ်စွာကြည့်လိုက်ပြီးတဲ့နောက် “ လေလံပွဲ ပြီးဆုံးပါပြီခင်ဗျား” လို့ ကြေငြာလိုက်ချိန်မှာတော့ အံ့သြနေတဲ့  ပရိတ်သတ်အတွင်းက မကျေမနပ် ဆူပူသံများ ထွက်လာပေါတော့တယ်။ “ ဘာပြောတယ်ကွ… ငါတို့ဒီလေလံပွဲကိုလာတာ ဘာမဟုတ်တဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားကို လေလံဆွဲဖို့မဟုတ်ဘူး. တစ်ခြား ပန်းချီကားတွေ ဘယ်မလဲကွ၊ အဲဒါတွေကို လေလံမတင်တော့ဘူးလား၊ မင်းတို့ဒီလိုလုပ်လို့ရမလား” စသဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်သံများက ခန်းမကြီးတစ်ခုလုံး ဖုံးလွှမ်းသွားပါတယ်။

လေလံပွဲကျင်းပသူက အောင်မြင်ခန့်ညားတဲ့ အသံနဲ့ “အားလုံးမျှော်လင့်နေတဲ့ ဒေါ်လာများစွာ တန်ဖိုးရှိတဲ့ ပန်းချီကားတွေက ဒီမှာဘဲ ရှိပါတယ်ခင်ဗျာ၊ ခင်ဗျားတို့ကို ကျွန်တော်ရှင်းပြပါ့မယ်။ ရိုးရိုးလေးပါဘဲဗျာ. သားကို သိပ်ချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ သေတမ်းစာအရ သူ့သားရဲ့ ပန်းချီကားကို တန်ဖိုးထားပြီး ဝယ်ယူတဲ့သူဟာ ဟောဒီက အဖိုးတန် ပန်းချီကားတွေကိုလည်း အလိုလို ပိုင်ဆိုင်ခွင့်ရသွားပြီ ဖြစ်ပါတယ်” လို့ ကြေငြာလိုက်ပါတယ်။
အဲဒီနေ့က လေလံပွဲကို တက်ရောက်ကြသူတွေအားလုံးဟာ ဒီလေလံပွဲမှာ တူညီစွာ ရှာဖွေတွေ့ရှိလိုက်ရတာက စစ်ပွဲမှာ အခြားသူတွေရဲ့ အသက်ကိုကယ်တင်ရင်း သူရဲကောင်းပီသစွာ ကျဆုံးသွားသော သားတစ်ယောက်အပေါ် ထားရှိတဲ့ ဖခင်တစ်ယောက်ရဲ့ တန်ဖိုးထားခြင်း၊ ချစ်ခြင်းမေတ္တာကြီးမားခြင်းတို့ပဲ ဖြစ်ပါတော့တယ်။  
                                                                             ချော (အစိမ်းရောင်လွင်ပြင်) 

Twitter Delicious Facebook Digg Stumbleupon Favorites More