နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Friday, March 30, 2012

မြန်မာနှစ်သစ်ကူး လက်ဆောင်

                                                                
သူငယ်ချင်းတို့အတွက် မြန်မာနှစ်သစ်ကူး သီချင်းလက်ဆောင်လေးပေါ့။ 2012 မြန်မာသင်္ကြန်လေးကို သီချင်းမြူးမြူးလေးတွေနဲ့ ဖြတ်သန်းလိုက်ကြရအောင်နော်။ သီချင်း လန်းလန်းလေးတွေပေါ့။ အားလုံးအတွက် သင်္ကြန်အကြိုလေး အ ဖြစ်တင်ပေးလိုက်ပါတယ်။

 
မြန်မာ့ရိုးရာစစ်စစ်လေး သင်္ကြန်
(ဒီပုံလေးကိုအရမ်းသဘောကြလို့ပါ)
 သီချင်းများကိုအောက်မှာဒေါင်းသွားလိုက်ပါ။

ငွေလဲနှုန်း ၁ဒေါ်လာ ၈၂၀ကျပ်နှုန်းသတ်မှတ်မည်






ခုချိန်ထိ အစိုးရက သတ်မှတ်ထားတဲ့ တရားဝင်ပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာ ကို 
၆ ကျပ်ဖြစ်ပြီး၊ လက်တွေ့ ဈေးကွက်မှာတော့ ၁ ဒေါ်လာကို ကျပ် ၈၀၀ ၀န်းကျင် 
ဈေးပေါက် ပါတယ်။ ဒီအပြောင်း အလဲကြောင့် ငွေကြေးဈေးကွက်နဲ့စီးပွားရေး
ကဏ္ဍမှာ ထူးထူးခြားခြား ရိုက်ခတ်မှုတွေ မရှိနိုင်ဘူးလို့ ငွေရေးကြေးရေးနဲ့
 စီးပွားရေးဆိုင် ရာ ဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ ဦးဟန်ထွန်း (အခွန်)က 
 သုံးသပ်ပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ စာရွက်စာတမ်းတွေကို ကိုးကားတဲ့ ရိုက်တာသတင်းမှာတော့ ဗဟိုဘဏ်က
ဧပြီလက စလို့ ဈေးကွက်ပေါက်ဈေး အတိုင်း နှုန်းရှင် စနစ်နဲ့ငွေလဲနှုန်းကို ကျင့်သုံးဖို့
ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်း နဲ့ ငွေလဲနှုန်းသစ်ဟာ 
လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ လက်တွေ့ဖြစ်လာဖွယ် ရှိပါတယ်။

Thursday, March 29, 2012

ESET NOD 32 KEYS DOWNLOAD

ESET NOD 32 အသုံးပြုနေတဲ့သူငယ်ချင်းများအတွက် Username နဲ့ Password တွေကို နေ့စွဲအလိုက်
ဒီမှာ တင်ပေးသွားပါ့မယ်။ ESET NOD 32 အသုံးပြုနေကြတဲ့ သူငယ်ချင်းများက အစဉ်ပြေပါတယ်။ လိုအပ်တဲ့ သူငယ်ချင်းတွေကတော့ အောက်မှာ 
ယူသွားလိုက်ပါ။

Tuesday, March 27, 2012

Office Word 2007 ကို Theme Color ပြောင်းတဲ့နည်း




ဒီနေ့လေးဟာ တပ်မတော်နေ့လေးဖြစ်ပါတယ်။ ပိုစ့်လေးတစ်ခုတော့တင်ဦးမှဆိုပြီး ကွန်ပျူတာရှေ့ထိုင်လိုက်တယ်ပေါ့။ ဒါပေမယ့် ဘာတင်ရင်ကောင်းမလဲ စဉ်းစားလိုက်တော့ တင်ချင်တာတော့များသား။ လွယ်တာလေးတင်မယ်လေဆိုပြီး ကျွန်တော် ဒီပိုစ့်လေးတင်ပေးလိုက်ပါတယ်။ Office 2007 Word ကို Theme Color ပြောင်းတဲ့နည်းလေးဖြစ်ပါတယ်။ မသိသေးသူများအတွက်ရည်ရွယ်ပြီး ဖော်ပြခြင်းဖြစ်ပါတယ်။ သိပြီးသားသူများကတော့နားလည်ပေးပါခင်ဗျာ။

Monday, March 26, 2012

Screen ကိုLock ချမယ်


Screen ကိုLock ချထားခဲ့ချင်သူများအတွက်ပါ။ ကိုယ်ကအပြင်သွားစရာလေးရှိနေပြီ ဒါပေမယ့်
စာရိုက်နေတုန်း(သို့) Download ဆွဲထားခဲ့ချင်တယ်ဆို ဒီ Software လေးအသုံးပြုလို့ရပါတယ်။
လိုအပ်သူများကတော့အောက်မှာဒေါင်းသွားလိုက်ပါ။

Photoshop နဲ့ Animation ပန်းပွင့်လေးလုပ်ရအောင်

 Photoshop နဲ့ Animation ပြုလုပ်ချင်တယ်ဆိုတဲ့ သူငယ်ချင်းများအတွက်ပါ။ ပထမဆုံး Animation Creation အနေနဲ့ ပန်းပွင့်ပုံလေးကို လည်နေတဲ့ လှုပ်ရှားမှုလေး ပြုလုပ်ကြည့်ကြရအောင်နာ် ... အောက်မှာ  အဆင့်လေးတွေနဲ့ ရှင်းပြပေးထားတယ်နော်။လွယ်ပါတယ် သေချာဂရုစိုက်ပြီးလုပ်ကြည့်ပါ။

စကားပြောသော ဓါတ်ပုံများ ၂

ငယ်ကတည်းက အိုင်တီနည်းပညာကို ဒီလိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်တာ...
ထမင်းမေ့ ဟင်းမေ့ ရုံတင်မက အ၀တ်အစားပါဝတ်ဖို့ မေ့ တာ...
ပုံကောင်းကောင်းတစ်ခုရဖို့ ဆိုတာ လွယ်တယ်မထင်နဲ့ ...
                                         ကလေးထက်ပိုအရေးကြီးတယ်.

တရုတ်ပြည်က စေတနာဆရာများရဲ့ ပုံကို ကြည့် ကြပါဦး...

စကားပြောသော ဓါတ်ပုံများ


                                   အားကိုးထိုက်တဲ့ မေရယ် မောင်ချစ်မယ်...

 

လှလိုက်တဲ့ ရှုခင်း...နေမင်းနဲ့ သစ်ပင်.....
 ငယ်ငယ်တုံးကသူငယ်ချင်း...
မမေ့ နိုင်စရာ ဘ၀ရဲ့ အမှတ်တရလေးများပေါ့ ..

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံသားကအသက်အရှည်ဆုံးလဲ...

မည်သည့် နိုင်ငံသားက ကမ္ဘာပေါ်တွင်ပျမ်းမျှအသက်ရှည်ဆုံးဖြစ်မည်နည်းဟု သင်သိချင်မှာ
သေချာပါတယ်...
အခုတော့ အဲဒီမေးခွန်းအတွက်အဖြေကို အမေရိကန်နိုင်ငံ၊ ဗဟိုထောက်လှမ်းရေးအေဂျင်စီ
(စီအိုင်အေ) ကအဖြေပေးလိုက်ပါပြီ...
သူတို့ ရဲ့ တရားဝင်ရည်ညွှန်းကိုးကားစရာ သုတေသနပြုစာရင်းမှာကြေငြာခဲ့ တာဖြစ်ပါတယ်...
နိုင်ငံသူနိုင်ငံသားတွေကမ္ဘာမှာ အသက်အရှည်ဆုံးဘွဲ့ ကို မြေထဲပင်လယ်က ကျွန်းကလေးတစ်
ခုဖြစ်သည့် မိုနာကိုကျွန်းကလေးက တစ်ခြားနိုင်ငံကြီးတွေကို အနိုင်ယူသွားပါတယ်...

Sunday, March 25, 2012

မြန်မာနိုင်ငံ Y Talk အသုံးပြုနည်း

                                                          
   Y talk ကိုဘယ်လို အသုံးပြုရမလဲ မသိသေးသူများအတွက်ဖြစ်ပါတယ်။ သူကမြန်မာနိုင်ငံတွင်တရားဝင်အသုံးပြုလို့ရပါတယ်။ ဖုန်းအဖြစ်လည်းခေါ်ဆိုလို့ရမှာဖြစ်ပါတယ်။ VoIP Account Card ၀ယ်ယူပြီးအောက်ပါအတိုင်းလုပ်ဆောင်ပေးလိုက်ပါ။

Saturday, March 24, 2012

Free Software များ

ကျွန်တော်တို့ ကွန်ပျူတာကို ၀င်းဒိုးအသစ်ချိန်းပြီးသွားတဲ့ အခါမှာ အခြေခံ အသုံးပြုတဲ့ စော့ဝဲတော်တော် များများဟာ Free Software များပဲ ဖြစ်ပါတယ်....ထို Software များကို သိမ်းထားတာ မရှိသူများအတွက် Google ကနေပြီးတော့ တစ်ခု ချင်းစီ ပြန်လည်ရှာပြီး ဒေါင်းယူကြရပါတယ်...ထိုကဲ့သို့ အလုပ်မများစေဖို့ အတွက် မိမိအသုံးပြုလိုတဲ့ Free Software များကို တစ်နေရာတည်းမှာ ရယူနိုင်ပါတယ်။

Windows 7 Autorun Disabler 2.0


Windows 7 Autorun Disabler 2.0 | 4.61 MB

USB Drive, CD Drive ထဲမှာပါလာတဲ့ Autorun နဲ့ရေးထားတဲ့ Bat File တွေရန်ကနေ ကာကွယ်ချင်သူတွေအတွက် မိမိနှစ်သက်ရာတွေကို ရွေးချယ်ပြီး Disable ပေးနိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်။ Portable စော့ဝဲလေးဖြစ်တဲ့အတွက် အလွယ်တစ်ကူအသုံးပြုနိုင်ပါတယ်......စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။

HP Photosmart Printer တွေကို Master reset လုပ်နည်း

                                                
zayarkyaw: hp colour printer cartidge resetter လုပ်လို့ရမယ် နည်းလေးများလိုချင်ပါတယ်။ ၀ယ်သုံးရတာ မကိုက်လို့ပါ။ကူညီပေးပါအုန်းနော်အကို။

 ဟုတ်ကဲ့အစ်ကို ...အစ်ကို့ hp color printer က model ဘယ်လောက်လည်းမသိလို့ hp color printer တွေအတွက် reset လုပ်နည်းလေးတင်ပေးလိုက်ပါတယ်။ စမ်းလုပ်ကြည့်ပေါ့နော်။"Ink system has failed. Unable to print. Refer to printer documentation. Error: 0xc19a0024 Turn power off, then on again." အဲ့လို error မျိုးပြရင်လဲလုပ်ကြည့်လို့ရပါတယ်။ အောက်မှာနည်းလေးကိုတင်ပေးလိုက်ပါတယ်အစ်ကို။
လုပ်နည်းကတော့ နှစ်နည်းရှိပါတယ်။ တစ်နည်းနဲ့မရ ရင်နောက်တစ်နည်းနဲ့စမ်းကြည့်လို့ရပါတယ်။
 

Thursday, March 22, 2012

Upload ဆိုဒ်ကောင်းကောင်းလေး

                                  

မိမိရဲ့ဖိုင်တွေကို သိမ်းထားချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ခြားသူငယ်ချင်းတွေကို file share ပေးချင် လို့ပဲဖြစ်ဖြစ် အကောင့်တစ်ခုတော့ မဖြစ်မနေ လုပ်ထားသင့်ပါတယ်...။
 

Tuesday, March 20, 2012

Internet Download Manager 6.09 Build 3 + Crack

 
 
Internet Download Manager  တင်ပေးလိုက်ပါတယ် .. အခုတင်ပေးလိုက်တဲ့ ကောင်လေးကတော့ IDM 6.09 Build 3 ပါ။ အခုကျွန်တော် ဒီကောင်လေးကို Full Version လေး သုံးလို့ ရအောင် Crack File လေးပါ ထည့်ပေးလိုက်ပါတယ် .. ကျွန်တော် ထည့်ပေးလိုက်တဲ့ Crack File လေးကို My Computer >> Local Disk ( C: ) >> Program File ထဲမှာ ရှိတဲ့ Internet Download Manager ဆိုတဲ့ Folder လေးထဲမှာ ထည့်ပြီး Double Click ပေးလိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ။

Command & Conquer Generals


Command & Conquer Generals (Rip) | 185 MB

ဒီဂိမ်းလေးကတော့ ဂိမ်းကစားတဲ့သူ တော်တော်များများ ရင်းနှီးပြီးသား ဂိမ်းလေးပဲ ဖြစ်ပါတယ်.....စစ်ပွဲတစ်ခုကို Commander နေရာကနေပြီး စီမံခန့်ခွဲပြီး တစ်ဖက် အသင်းကို နိုင်အောင် တိုက်ယူရတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်....ဒီဂိမ်းလေးကစားဖို့ အတွက် ကွန်ပျူတာရဲ့ လိုအပ်ချက်တွေကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်...Rip လုပ်ထားတဲ့ ဂိမ်းလေးဖြစ်တဲ့ အတွက် ဒေါင်းရတာ အဆင်ပြေပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။

Windows7မှာဒီError ပြနေရင်

ကျွန်တော်တို့ အသုံးပြုနေတဲ့ Windows 7 မှာ Application တွေကို Install လုပ်တဲ့ အချိန်တွေမှာ တစ်ခါတစ်ရံ “This program might not have installed correctly” ဆိုတဲ့ Error Message ကို ထုတ်ပေးတတ်ပါတယ်....ယခုနည်းလမ်းကတော့ ထို Error Message ကို Disable ပေးမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်...Error Message ကို Disable ပေးဖို့အတွက် တစ်ဆင့်ခြင်း သွားလိုက်ရကြအောင်။

Thursday, March 15, 2012

Guitar Pro Portable


Guitar Pro Portable | 35.78 MB

ဒီစော့ဝဲလေးကတော့ Guitar Pro Portable ဆိုတဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်။  ဂီတနဲ့ မကင်းဝေးတဲ့သူတွေအတွက် အသုံးဝင်မယ့် စော့ဝဲလေးပဲ ဖြစ်ပါတယ်။ ဘယ်လိုအသုံးပြုရတာဆိုတဲ့ အသေးစိတ်ကို လေ့လာချင်တယ်ဆိုရင်တော့ ဒီနေရာ လေးမှာသွားရောက်လေ့လာနိုင်ပါတယ်။ အသုံးပြုရ လွယ်ကူအောင် Portable လေးတင်ပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူသွားနိုင်ပါတယ်။

Wallpaper Site


ယခုဖော်ပြမယ့် Website ကတော့ Wallpaper လှလှလေးတွေကို စိတ်ကြိုက်ရွေးချယ်ပြီး ဒေါင်းလုပ်လုပ်နိုင်တဲ့ Website ပဲဖြစ်ပါတယ်....မိမိနှစ်သက်ရာတွေကို စိတ်ကြိုက်ရွေးချယ်နိုင်အောင်လည်း သက်ဆိုင်ရာ Topic များဖြင့် သီးခြားခွဲပေးထားပါတယ်......Resolution Size ကတော့ 1440x900 Size တွေနဲ့ချည်း တင်ပေးထားတာပါ....မိမိနှစ်သက်ရာ Wallpaper များကို စိတ်ကြိုက်ရွေးချယ်ပြီး ကွန်ပျူတာကို အလှဆင်နိုင်ကြပါစေဗျာ....Website လင့်ကတော့ အောက်မှာဖော်ပြထားပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ ထိုလင့်မှတစ်ဆင့် သွားရောက်ဒေါင်းယူနိုင်ပါတယ်။

Wednesday, March 14, 2012

တိုင်တည်ခြင်း


 
မာနမသိ အမုန်းမရှိ
အလွမ်းပကတိ အရင်းတည်၍
ချစ်ခဲ့သည်မှာ သူနဲ့စတွေ့ကတည်းက။

နေ့ရောညပါ စက္ကန့်မခြား
တနယ်စီခြား ဝေးနေရတာ
စီမံချက်လား ကံကြမ္မာ။

ဆုတောင်းတိုင်းသာ ပြည့်စုံပါက
အလွမ်းမရှိ အမုန်းမသိ
ပန်းပန်းချီသို့ ညီညာဖြောင့်ဖြူး
လှရစ်ကျူး၍ ချစ်သူတိုင်းသာ
ဆုံစေရာ၏။

ဘ၀တိုက်ပွဲ ရင်ဆိုင်နွဲဖို့
ပညာရှာရင်း ဘောင်အတွင်းက
ကုန်လွန်ရွေ့လျား နေ့ရက်များကြောင့်
ချစ်သူမုန်းမှာ ကြောက်ပါ၏။
 
ကမ္ဘာတစ်ပတ် ပြည့်သည့်ခါတိုင်း
စိတ်ထင်လှိုင်းဝယ် သံသယများရှိလာသည့်အခါ
ကမ္ဘာသစ္စာ မိုးမြေတည်၍
ငါ၏မေတ္တာ တိမ်နက်ရာကို
နေမင်းကြီးကို မေးလှည့်ပါ။
 
                           

HardDisk ရဲ့ Size အမှန်ရအောင် တွက်ချက်နည်း


HardDisk ရဲ့ Size အမှန်ကို တွက်ချက်နည်းလေး ဝေမျှပေးပါမည်။  Hard Disk Drive တခုကို ၀ယ်လိုက်တာနဲ့ အဲ့ဒီ Hard Disk ကို Format ချတော့မယ်ဆိုရင် 500 Gbyte ရှိတဲ့ Hard Disk က 465 Gbyte ဘဲ ဖော်ပြနေတယ်။ 1000 Gbyte ရှိတဲ့ Hard Disk က 931 Gbyte ဘဲ ရှိနေတာ ဘာကြောင့်လဲဆိုတာ သိသင့်တယ်ထင်လို့ တင်ပြပေးလိုက်တာပါ။ ဒါက မသိလဲ အရေးတော့ မကြီးပါဘူး။ ဒါပေမဲ့ တတ်သိနားလည်းချင်တဲ့ သူငယ်ချင်းများကို ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ။ အောက်မှာ လေ့လာပါ။

ပထမ သိရမည့် အချက် ( မှတ်ချက် ။ ။ Gbyte , Mbyte , Kbyte သာ အခုတင်ပြမည့်အပိုင်းမှာ သက်ဆိုင်လို့ ဒီသုံးမျိုးဘဲ ဖော်ပြတာပါ)

Computer connector များအကြောင်း

ဆိုဒ်တွေမှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေပဲ အများအားဖြင့်တင်လေ့ရှိပါတယ်။ အခုလည်း ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ဖတ်မိသလိုဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပြီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။

အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

ပန်းသီးကြွေခြင်း


လျှစ်စစ်ကျောက်သင်ပုန်း (iPAD) ကိုစတင်မိတ်ဆက်ပေးခဲ့သူ Steve Jobs ကွယ်လွန်ပြီးနောက် ကမ္ဘာနဲ့အ၀ှမ်းမှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ကြတဲ့ ပုံလေးတွေကို မျှဝေခံစားလို့ရအောင် တင်ပြပေးလိုက်ပါတယ်။ သူ့ကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့မှာ ၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ် နွေရာသီမှာ သူဟာ အိန္ဒယနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ဗုဒ္ဓဟောကြားခဲ့သော တရားများကိုလေ့လာကာ ဗုဒ္ဓဘာသာအဖြစ်လည်း ခံယူခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကျောင်းနေဘက်သူငယ်ချင်း ဖြစ်သူ Wozniak နှင့်အတူ Apple ကုမ္မဏီ ကိုစတည်တည်ထောင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ Apple ကုမ္မဏီရဲ့ CEO ဖြစ်လာခဲ့ပါတယ်။ ကွန်လွန်ချိန်မှာတော့ သူရဲ့ပိုင်ဆိုင်မှာခန့်မှန်း (၈.၃)ဘီလီယံ နဲ့အတူ ဇနီးနှင့် သားသမီးစုစုပေါင်း ၄ ယောက်တို့ကို ချန်ရစ်ထားခဲ့ပါတယ်။ သူကွယ်လွန်ခဲ့ပေမယ့်လည်း သူချန်ခဲ့တဲ့ ပန်းသီးလေးကို ကမ္ဘာနှင့်အ၀ှမ်း အခုလိုအောက်မေ့ တမ်းတနေပုံလေးကို ဆက်လက်ခံစားကြည့်ကြနိုင်ရန်………
 Hong Kong သတင်းဂျာနယ်ရဲ့ မျက်နှာဖုံးမှာလည်းဒီလို

Baekdu တောင်ထိပ်မှ လှပသောကောင်းကင်ရေကန်

Baekdu တောင်ထိပ်မှ လှပသောကောင်းကင်ရေကန်


ကောင်းကင်ရေကန်ဟာ တရုတ်ပြည်နဲ့ မြောက်ကိုရီးယား ကြား နယ်စပ်က မီးတောင်ဝတစ်ခုဖြစ်ပါတယ် ။ ဒီရေ ကန်ဟာ မီးတောင်ဟောင်းတစ်ခုဖြစ်တဲ့ Baekdu တောင်ရဲ့ ထိပ်တည့်တည့်မှ ဘေစင်ကဲ့သို့ မီးတောင်ဝပေါ်မှာ တည်ရှိပြီး Baekdudaegan တောင်းတန်းတွေရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရေကန်ဟာ Ryanggang စီရင်စုရဲ့ အစိတ်အပိုင်းထဲမှာလည်းပါဝင်ပါတယ် ။ လှပတဲ့ တောင်ထိပ်ပေါ်မှာ သဘာဝအလား ဖြစ်ပေါ်နေတဲ့ နတ်ရေကန်လေးကို အလည်တခေါက်သွားရောက်ကြဖို့ တိုက်တွန်းလိုပါတယ် ။ သဘာဝအလှတဲ့ ပြည့်စုံတဲ့ ကောင်းကင်ရေကန် လေးကို ခံစားကြည့်ကြရအောင်လား ။

ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ

ဂျပန်နိုင်ငံ၏ ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ




ရှုပ်ထွေးလှတဲ့ကားရောင်စုံများတွက် လမ်းပိတ်ဆို့မှုမဖြစ်အောင် ပြုလုပ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ လမ်းလွှဲစနစ်များအကြောင်းပါ။ ခေတ်မှီ ဗိသုကာလက်ရာတွေနဲ့ ယဉ်ကြောစနစ်တွေက အံမခန်းဖွယ်ရာပါပဲ ။ စက်ဝိုင်းသဏ္ဍာန်တံတားကြီးတွေနဲ့ အကွေ့အကောက်လမ်းမတွေ အရာအားလုံးဟာ သေသပ်လှပစွာနဲ့ ဂျပန်နိုင်ငံရဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပြသလို့နေပါတယ် ။ မိုးထိမြင့်တဲ့အဆောက်အဦးတွေကြားမှာ အကွေ့အကောက်များတဲ့ တံတားတွေက ကောင်းကင်ယံကနေဖြာဆင်းနေသလိုပါပဲ ။

ကမ္ဘာ့တတိယအကြီးဆုံးရေခဲတောင်

ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးရေခဲတောင် Purog Kangri Glacier



တရုတ်ပြည် တိဗက် နယ်မြေရဲ့ အနောက်တောင်ဖက်မှာရှိတဲ့ Gagqu မြို့ မှနေပြီး ကီလိုမီတာ ၅၆၀ လောက် ကွာဝေးတဲ့နေရာမှာ အလွန်လှပတဲ့ Purog Kangri လို့ အမည်ရတဲ့ ရေခဲတောင်ကြီးရှိပါတယ် ။ တောင် တစ်တောင်လုံးရဲ့ 422 square kilometer ခန့်ကိုရေခဲ ဖုံးအုပ်ထားပြီး ကမ္ဘာပေါ်မှာ တတိယ အကြီး ဆုံးရေခဲတောင်ကြီးဖြစ်တယ်လို့ သတ်မှတ်ထားခြင်းခံထားရပါတယ် ။

Monday, March 12, 2012

စကြ၀ဠာ ကလာတဲ့သတ္တ၀ါတွေလား


အိုး...............မယုံနိုင်ဖွယ်ရာပါပဲ ။ ဒီသတ္တ၀ါတွေကို သေချာကြည့်ကြပါဦး ။ တကယ့်ကို ဂြိုလ်သားပုံစံနဲ့ ထူးဆန်း ဖွယ် ကောင်းလှပါတယ် ။ တကယ်ပဲ သူတို့ဟာ အပြင် စကြ၀ဋ္ဌာက လာတဲ့ သတ္တ၀ါတွေဖြစ်ပါသလား ။ ကဲကဲ မြင်ရခဲ တဲ့ ဒီလို သတ္တ၀ါတွေကို လေ့လာကြည့်ကြရအောင် ။

ရွေးပါ

အများလုပ်တဲ့အလုပ် လုပ်တာကောင်းသလား၊
အများမလုပ်တဲ့အလုပ်ပဲလုပ်သင့်သလား၊
အများမလုပ်တဲ့အလုပ်ပဲလုပ်ပါ၊ အဲဒီအလုပ်ကအများနဲ့ ပတ်သက်မှုတော့ ရှိရမယ်။

                                                             ကံချွန်

အလှအပ နဲ့ အသိဉာဏ်


အမျိုးသား။ ။ “မိန်းမတွေ ဟာ ဘာဖြစ်လို့ အလှအပကို အသိဉာဏ်ထက် ပိုပြီး ဂရုစိုက်ကြသလဲ ဆိုတာကို ငါတော့ စဉ်းစားလို့ မရဘူး။”
အမျိုးသမီး။ ။ “ဒါကတော့ ရှင်းပါတယ်။ ယောက်ျားတွေက ဘယ်လောက်တုံးတုံး မျက်စိတော့ မကန်းကြဘူးလေ။”


                                                                                             ရွှေရိုး (၀က်ကလေး)

အကြောင်းရင်း


နပ်စ်မချောချောလေးက ဆရာဝန်ကို ပြောပါတယ်။
“ဒေါက်တာ။ ဒီလူငယ်ကို ကျွန်မ သွေးခုန်နှုန်း စမ်းလိုက်တိုင်း ပိုပြီး မြန်မြန်လာတယ်။ သူ့ကို စိတ်ငြိမ်ဆေး ပေးလိုက်ရမလား။”
ဆရာဝန်က ပြန်ဖြေပါတယ်။
“မလိုပါဘူး။ နောက်တစ်ခါ စမ်းမယ်ဆိုရင် သူ့မျက်လုံးကိုသာ အဝတ်နဲ့ စည်းထားလိုက်ပါ။”

ဘယ်သူထင်လဲ


အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အိမ်ထဲကနေ လမ်းမပေါ်ကို အထိတ်တလန့်နဲ့ ပြေးထွက်လာပြီး အော်ပါတယ်။ “ကယ်ကြပါဦး။ ကယ်ကြပါဦး။ ကျွန်မသားလေး အကြွေစေ့တစ်စေ့ကို မျိုချပြီး အသက်ရှူ လမ်းကြောင်းပိတ်နေလို့။ ကျွန်မလည်း မလုပ်တတ်တော့ဘူး။”

အနားမှာ ရှိတဲ့လူတွေ အားလုံး မျက်နှာလွှဲသွားကြပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကပဲ အမျိုးသမီးရဲ့ အိမ်ထဲကို ပြေးဝင်သွားပါပြီး သူမရဲ့ သားကို ရှာပါတယ်။ နောက်တော့ အဲဒီကလေးကို ခြေထောက်ကနေ ဇောက်ထိုးကိုင်ပြီး လှုပ်ရမ်းပါတယ်။ နောက်ဆုံးတော့ အကြွေစေ့ဟာ ကောင်လေးရဲ့ ပါးစပ်ထဲကနေ ထွက်ကျလာပါတယ်။

အမျိုးသမီးကတော့ ဝမ်းသာအားရနဲ့ “ကျေးဇူးတင်လိုက်တာရှင်။ ရှင်ဟာ ဆရာဝန်လား။” လို့ မေးပါတယ်။

အမျိုးသား ကတော့ “မဟုတ်ပါဘူး။ ကျွန်တော် အမြတ်ခွန် ဌာန ကပါ။” လို့ ပြန်ဖြေလိုက်ပါတယ်။

သိပ်သိရင် မဖြစ်ဘူး




ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့သြတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”

ကိစ္စမရှိဘူး


အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
“ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။ စိတ်မကောင်းပါဘူးဗျာ။”
အဖိုးကြီးက ပြန်ပြောပါတယ်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။”

Intel Chipset Software Installation Utility 9.3

Intel Chipset Software Installation Utility 9.3.0 တင်ပေးလိုက်ပါတယ် .. ကျွန်တော်တို့ မြန်မာလူမျိုး အများစုက Intel  Prosessor အမျိုးအစားကိုသာ အများစု အသုံးပြုကြ ပါလိမ့်မယ် .. AMD ထက်စာရင် Intel ကို မြန်မာလူမျိုးတွေ ပိုပြီးတော့ အသုံးများ ကြပါတယ် .. ကျွန်တော်တို့ အနေနဲ့ စက်အသစ် ဆင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် Windows XP ကို အသစ်တင်ပြီး သုံးတဲ့ အခါမှာပဲ ဖြစ်ဖြစ် တစ်ချို့ Driver တွေက Install လုပ်ထား ပေးမဲ့လည်း အလုပ်မလုပ် ကြပါဘူး .. အဲ့ဒီအခါမှာမျိုးမှာ ကျွန်တော် အခုတင်ပေးလိုက်တဲ့ Intel Chipset ကို မိမိတို့ ကွန်ပျူတာမှာ Install လုပ်ပေးလိုက်မှသာ Driver က အလုပ်လုပ်ပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။ တစ်ချို့ စက်အသစ် ဆင်ပြီးတဲ့

ထူးဆန်းအသီးအနှံများ

ထူးထူးဆန်းဆန်း အသီးလေးများကိုမိတ်ဆက်ပေးပါရစေဗျာ။ မမြင်ဖူးတော့မယုံဘူးပေါ့။ မြင်ဖူးတော့ ဗဟုသုတ အဖြစ်ပေါ့။



ဒီအသီးကတော့ Pududu ကျွန်းပေါ်မှာသာ သီးတဲ့ အသီးဖြစ်ပါတယ်။ နာမည်ကတော့ pepper of the black island လို့ခေါ်ပါတယ်။ အပင်ကတော့ နွယ်ပင်မျိုးဖြစ်ပြီး အရသာကတော့ ငရုပ်ပွ သီးနဲ့တူတယ်လို့သိရပါတယ်။အောက်မှာဆက်ကြည့်လိုက်ပါဦးနော်။

မြန်မာ့လူပုကလေး ဂင်းနစ်မှတ်တမ်းဝင်အောင် ကြိုးစားနေ






မှတ်တမ်းတင်နိုင်ခဲ့သမျှ အပုဆုံးဖြစ်နိုင်သော မြန်မာနိုင်ငံသား ကလေးငယ် အရပ် ၂၅ လက်မရှိ အသက် ၁၀ နှစ်အရွယ် မောင်ဇော်ဗလအောင် (ခေါ်) ဗလကြီးကို ကမ္ဘာ့ထူးခြားဆန်းကြယ်မှတ်တမ်း ဂင်းနစ်တွင် ပါရှိအောင် မိဘများက ကြိုးပမ်းနေကြသည်။

မိကျောင်းကို အသေခံမြိုသော မြန်မာ့မျိုးစိတ် စပါးအုံးမြွေကြီး


ကြုံတောင့်ကြုံခဲ ဗိုလ်လုသည့် တိုက်ပွဲအဖြစ် ခြောက်ပေရှည်သော မိကျောင်းတစ်ကောင်နှင့် ၁၃ ပေ ရှည်သည့် စပါးအုံးမြွေကြီးတစ်ကောင်တို့၏ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲမှုမှာ နှစ်ကောင် စလုံး ဘ၀ဆုံးရသည့် အဖြစ်ဖြင့် အဆုံးသတ်ရသည်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ
ပြည်နယ်၏ နွံတောများအတွင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။ စပါးအုံး မြွေကြီးမှာ မြန်မာ စပါးအုံး မြွေ ကြီးမျိုး ဖြစ်ပြီး ကြောက်စရာ ကောင်းလှသော သူ၏ ပြိုင်ဖက်ကို တစ်ကိုယ်လုံး မြိုရန် ကြိုးစား ရင်း ၀မ်းဗိုက် ကွဲထွက် သွားခဲ့ခြင်း ဖြစ်သည်။ ဧရာမ တွားသွား သတ္တ၀ါကြီး နှစ်ကောင် ၏ ဘ၀ နိဂုံးကို ဖလော်ရီဒါ ပြည်နယ်၊ အဲဗားဂလိတ် အမျိုးသား ဥယျာဉ်အတွင်း သစ်တောစောင့် အမှု ထမ်းတို့က ရင်သပ်ရှုမော တွေ့ခဲ့ကြခြင်းဟု ဆိုသည်။ ယင်း အမှုထမ်း တို့ အဆိုအရ ဤ ဇာတိဖွား မဟုတ်သော မြန်မာ မျိုးနွယ် စပါးအုံး မြွေကြီးသည် နွံတော အတွင်း မင်းမှုနေသော မိကျောင်း ကြီး၏ ဗိုလ်မထားသည့် အနေ အထားကို

လူဦးခေါင်းနှင့်မြွှေ


အင်ဒိုနီးရှားမှာ တွေ့ရှိခဲ့တဲ့ လူဦးခေါင်းနဲ့မြွေပါ။ လေ့လာနိုင်ဖို့ အတွက် ပြတိုက်မှာ ပြသထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုနှင့်နောက်နှစ်၂၀ပြဿနာ

၁၉၈၈ ခုနှစ်က ၀ါရှင်တန်တွင် အပူလှိုင်းကျရောက်စဉ် ဆီးနိတ်လွှတ်တော်ရှေ့မှောက်တွင်
အစီရင်ခံပြောကြားရာ၌ နာဆာသိပ္ပံပညာရှင် ဂျိမ်းဟန်ဆင်က ကမ္ဘာကြီးပူနွေးလာနေပြီဖြစ်ကြောင်း ပထမ
ဦးစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုတခါ တနင်္လာနေ့က ကွန်ဂရက်လွှတ်တော်ရှေ့တွင်ကမ္ဘာကြီးပူနွေး
လာမှုကိစ္စတင်ပြပြောဆိုရာ၌ ကမ္ဘာကြီးသည် လေထု အတွင်း၌ ဖန်လုံ အိမ်ဓါတ်ငွေ့သည် စိုးရိမ်မှတ်သို့
ကျော်လွန်နေပြီဖြစ်သည်။ ၎င်းဓါတ်ငွေ့သည် လေထု အတွင်း၌ အပုံ ၁ သန်းတွင် ၃၈၆.၇ ပုံ ရှိနေပြီဖြစ်
ကြောင်း ၁၉၈၈ ခုနှစ်ကထက် ၁၀ % နှုန်း မြင့်မားနေကြောင်း ရုပ်ကြွင်း လောင်စာဖြစ်သော ကျောက်မီး
သွေးကို လောင်ကျွမ်းစေခြင်းသည် ဖန်လုံအိမ်ဓါတ်ငွေ့ အဓိက ထွက်ပေါ်ရာ ဖြစ်ကြောင်း ၁၉၈၈ ခုနှစ်က
ဓါတ်ငွေ့အခြေအနေကို ပြန်ရောက်ရန် ညီညီညွတ်ညွတ် ထိထိရောက်ရောက်မကြိုးစားပါကနောင်နှစ် ၂၀
အတွင်းတွင် ကမ္ဘာ့လေထု အပူချိန်မြင့်မားမှုကြောင့် သက်ရှိ အများအပြား သေကြေ ပျက်စီးကြမည်ဖြစ်
သည့်အပြင် ပင်လယ်ရေမျက်နှာပြင်လည်း သိသာစွာ မြင့်တက်၍ ဂေဟ စနစ်ကြီး တစ်ခုလုံး ပျက်စီးသွား
သည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ကမ္ဘာနှင့်အဆက်သွယ်ပြတ်နေသောလူမျိုးစု



တောင်အမေရိကတိုက်မှ ကမ္ဘာပေါ်ရှိ လူသားများနှင့် ဆက်သွယ်မှုမရှိသော တိုင်းရင်းသား ဒေသ
ခံမျိုးနွယ်စုတစ်ခုကို ဘရာဇီးနှင့်ပီးရူးနယ်စပ် အမေဇုံသစ်တောထဲတွင်တွေ့ရှိခဲ့ရသည်ဟု ဘရာဇီးအစိုးရက
ထုတ်ပြန်ကြေညာသည်။ ဘရာဇီးနိုင်ငံ အေကာဒေသရှိ ဝေးလံသီခေါင်သော အမေဇုံသစ်တောပေါ်သို့ လေ
ယာဉ်ဖြင့် အခေါက်ခေါက်အခါခါ ပျံသန်းရှာဖွေခဲ့ရာမှ ထိုလူမျိုးစုအားဓါတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ယင်း
ကဲ့သို့ ကမ္ဘာ့နှင့်အဆက်အသွယ်ပြတ်နေသော လူမျိုးစုငယ် ၁၀၀ ခန့်အမေဇုံသစ်တောထဲတွင်ရှိနေသည်ဟု
နိုင်ငံတကာ ရှင်သန်စောင့်ရှောက်ရေး အဖွဲ့မှပြောဆိုသည်။ ၎င်းတို့နေထိုင်ရာ ဒေသအား ကာကွယ်မှုပေးမ
ထားနိုင်လျှင်

ဖရုံသီးကပြောတဲ့ စကားများ

 ဒီပိုစ့်လေးကိုတင်ထားတဲ့ မချောကိုကျေးဇူးတင်ပါတယ်၊ ကိုယ်တိုင်လည်းတင်ဖို့ မအားလပ်တာနဲ့ မချောတင်ထားတဲ့ ပိုစ့်လေးကိုပဲ ရှယ်လိုက်ပါတယ်။. လူတွေမှာ စိတ်ကူး အိုင်ဒီယာ သာ ကောင်းရင် ရွှေဖရုံသီးကနေလည်း အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ မျက်နှာတွေကို ပုံဖော်နိုင်ပါသေးတယ်..  အနောက်နိုင်ငံများမှာတော့ Halloween လို့ခေါ်တဲ့ ပွဲတွေမှာ ရွှေဖရုံသီးကို ပုံသဏ္ဍာန်အမျိုးအမျိုး ထွင်းထုပြီး အသီးရဲ့အတွင်းထဲမှာ မီးထွန်းချိတ်ဆွဲတတ်ကြပါတယ်။ Halloween ပွဲတော်အတွက်တော့ ရွှေဖရုံသီးဟာ မပါမဖြစ် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ Halloween ပွဲတော်အတွက် အမျိုးမျိုးသော ဖရုံသီး ပုံသဏ္ဍာန်များကို ထွင်းထုရင်း ပိုမိုအသေးစိတ်ပြီး လှပသေသပ်တဲ့ ဖရုံသီးအနုပညာ တိုးတက်ဖြစ်ထွန်း လာဟန် ရှိပါတယ်။

ရွှေဖရုံသီးပေါ်မှာထွင်းထုထားတဲ့ ထူးထူးခြားခြား ရုပ်ပုံများကိုကြည့်ရတာ အဓိပ္ပါယ်တွေ ရှိနေတယ်လို့ ကျွန်မက ယူဆပါတယ်။ အနုပညာမြောက်အောင် ထွင်းထုထားတဲ့ ရွှေဖရုံသီးများကို ကျွန်မ (မချော) နားလည်သလို အောက်က ပုံတွေမှာ ဘာသာပြန်ထားလိုက်ပါတယ်..


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing 
အားလုံးအတွက် ပျော်စရာနေ့လေး ဖြစ်ပါစေနော်..


Image Hosted by PicturePush - Photo Sharing
 ဓာတ်ပုံရိုက်ခံဖို့ ပဲပေးနေတာပါ.. 


Image Hosted by PicturePush - Photo Sharing
 ကျွန်တော်ကတော့ အစိမ်းရောင်လွင်ပြင်ဘလော့ကို စောင့်တဲ့တံခါးမှူးပါ...

Saturday, March 10, 2012

Medal Of Honor (2010)


Medal Of Honor (2010) Repack | 3.13 GB

ဒီဂိမ်လေးကတော့ စစ်တိုက်ရတာ ၀ါသနာပါသူငယ်ချင်းတွေအတွက် ကစားလို့ကောင်းတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်....ဒီဂိမ်းလေး ကစားဖို့အတွက် ကွန်ပျူတာရဲ့ လိုအပ်ချက်တွေကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်...တစ်ခုတော့ရှိတယ်ဗျ(တစ်ခုကပေါင်ထားတယ်လို့တော့မပြောဘူးနော်) ...ဂိမ်းလေးကဖိုင်ဆိုဒ်ကြီးတော့ Conetion ကောင်းမှအဆင်ပြေမယ်လို့ပြောချင်တာပါ။စိတ်ရှည်ရှည်နဲ့တော့ဒေါင်းပေါ့နော်။ ဒီဂိမ်းလေးကစားဖို့အတွက် Serial Key ပါထည့်သွင်းပေးထားပါတယ်.....Serial Key နဲ့ဆိုတော့ Virus ရန်ကလည်းဝေးတာပေါ့။ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။

Mp3 cutter joiner


Mp3 cutter joiner | 5.21 MB

ဒီစော့ဝဲကတော့ သီချင်းတွေကို ကိုယ်ကြိုက်တဲ့နေရာတွေကိုပဲ ဖြတ်ပြီး Phone Ringtone လုပ်ချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့စော့ဝဲဖြစ်ပါတယ်......သီချင်တွေကို ဖြတ်ရုံတင်မဟုတ်ပဲ ဆက်လို့ပါ ရတဲ့ စော့ဝဲလေးဖြစ်ပါတယ်....Crack ဖိုင်ထည့်ပေးထားတဲ့အတွက် ဖိုင်ဖြည်မယ်ဆိုရင်တော့ Antivirus ကလေးကို ပိတ်ထားဖို့တော့လိုပါလိမ့်မယ်.....
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ယူလိုက်ပါ။

ကမ္ဘာ့အကြီးဆုံး ရေခဲလှိုဏ်ဂူ

ဒီနေ့တော့ သုတအဖြာဖြာအတွက် ရေခဲလှိုဏ်ဂူကြီး တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ အဲဒီ လှိုဏ်ဂူ ကြီးဟာ သြစတြီးယားနိုင်ငံမှာ ရှိပြီး Salzburg မြို့ကနေ ၄၀ ကီလိုမီတာလောက် ဝေးတဲ့နေရာမှာ ရှိတဲ့ Eisriesenwelt ရေခဲဂူကြီးပါ။ ထုံးကျောက်တောင်ကြီးထဲမှာ ရေခဲတွေဟာ ကျောက်ပန်းစွဲတွေ ပမာ လှပဆန်းကျယ်စွာ ဖြစ်ပေါ်နေတဲ့ သဘာဝ လှိုဏ်ဂူကြီး ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ရေခဲဂူလည်း ဖြစ် ပါတယ်။ အဲဒီဂူကြီးထဲကို သွားကြည့်ရအောင်နော်။

photo

 လွမ်းမောဖွယ် Eisriesenwelt တောင်တန်း 

Friday, March 9, 2012

ဓါတ်ပုံတွေထဲမှာ Data တွေကို ဖွက်ကြည့်ရအောင်


အခု ကျွန်တော် ဖော်ပြမယ့် အကြောင်းအရာကတော့ မိမိ ဖွက်ထားလိုတဲ့ Data တွေကို CMD ကိုအသုံးပြုပြီးတော့ ဓါတ်ပုံထဲမှာ ဖွက်ထားမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်....မိမိဖွက်လိုတဲ့ Data တွေကို ဖွက်ထားဖို့ အတွက် ကွန်ပျူတာမှာ Winrar တင်ထားပြီး ဖြစ်ရပါ့မယ်....Winrar မတင်ထားရသေးဘူးဆိုရင်တော့ Winrar ကို စက်ကို ပထမဆုံး Install လုပ်လိုက်ပါ....Install လုပ်ပြီးသွားပြီ ဆိုရင်တော့ တစ်ဆင့်ချင်း သွားပါ့မယ်။

Screensaver Producer Professional


Axialis Screensaver Producer Professional 4.2 | 33.45 MB

ဒီစော့ဝဲကတော့ Windows Screensaver တွေကို ကိုယ်ပိုင်စိတ်ကူးတွေနဲ့ စိတ်ကြိုက်ဖန်တီးနိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်...ထည့်သွင်းနိုင်တဲ့ Sprite တွေကတော့ Animated objects, Flash, Slideshows,Video Movie အစရှိသည်တို့ကို ထည့်သွင်းလုပ်ဆောင်နိုင်တဲ့ အပြင် Effect များ ၊ နောက်ခံ Background အသံများကိုပါ နှစ်သက်ရာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်.....Portable စော့ဝဲဖြစ်တဲ့အတွက် အလွယ်တစ်ကူလည်း အသုံးပြုနိုင်ပါတယ်...အသုံးပြုနည်း Tutorial ကိုတော့ မူရင်းဆိုဒ်ဖြစ်တဲ့ ဒီနေရာ မှာ သွားရောက်လေ့လာနိုင်ပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။

Thursday, March 8, 2012

BSR Screen Recorder 5.2.1


BSR Screen Recorder 5.2.1 | 26.58 MB

ဒီစော့ဝဲကတော့ မိမိနှစ်သက်ရာ အစိတ်အပိုင်း တစ်ခုခုကိုပဲ ဖြစ်စေ ၊ Full Screen ကိုပဲ ဖြစ်စေ Record လုပ်ပေးနိုင်ပြီး Output File အဖြစ် AVI (including DivX and XviD), Flash (SWF), Windows Media (WMV)တို့ကို ထုတ်ပေးနိုင်တဲ့ Screen Recorder စော့ဝဲပဲ ဖြစ်ပါတယ်။ စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်.....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။



Twitter Delicious Facebook Digg Stumbleupon Favorites More