နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, March 8, 2012

ပုံပြင်လေးမဟုတ်တဲ့ သူယောင်မယ်သီး

 
ဒီနေ့တော့ဗဟုသုတလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက သူယောင်မယ်သီးနဲ့ပတ်သက်လို့ ပုံပြင်လေးတွေကြားခဲ့ဖူးမှာပေါ့နော်။သူယောင်မယ် အသီးက ဆယ့်ငါးနှစ်ရွယ်၊ ဆယ့်ခြောက်နှစ်ရွယ်ခန့်ရှိသော မိန်းမငယ် ယောက်ျားငယ်ကဲ့သို့ တင့်တယ်သော မိန်းမသဏ္ဍာန်၊ ယောက်ျား သဏ္ဍာန်ချည်း သီးကုန်သည်။ ဦးစွန်းနေရာမှ အညှာတို့သည် ဖြစ်ကုန်၏။ တွဲရရွဲဆွဲလျက်သာတည်ကုန်၏။ လေခတ်သောအခါ ကခုန် မြူးထူးဘိ သကဲသို့လည်းကောင်း၊ တစ်ဦးသည် တစ်ဦးအား ပိုက်နွှဲဖက်ရမ်းဘိ သကဲ့သို့လည်းကောင်း ဖြစ်ကုန်၏။




 
ဇော်ဂျီတွေဟာ ဇော်ဂျီဖြစ်စေဖို့ နှစ်ပေါင်းများစွာ ဆေးမြစ်တွေတူး ဆေးတွေစပ် ဆေးတွေဖော်ပြီး နောက်ဆုံးမှာ သူတို့ ဖိုဝင်ကြတယ်။ ဖိုဝင်လို့ အောင်သွားရင် ဇော်ဂျီ ဖြစ်တော့တာပဲ။
ဇော်ဂျီဖြစ်တာနဲ့ ထိုတောထဲမှာ ရှိနေတဲ့ သူယောင်သီး ကို သူ့ရဲ့ တောင်ဝှေးနဲ့ ထိုးလိုက်ရင် ဒီအသီးဟာ ကြွေကျလာပြီး တကယ့်လူလို အသက်ဝင်လာတယ်။ ဒီအခါမှာ ဇော်ဂျီတွေဟာ ဒီသူယောင်မယ် လူအတုနဲ့ ပျော်ပါးနေထိုင်တယ်။ နောက်တော့ သူကအလိုမရှိတော့ဘူးဆိုရင် သူ့တောင်ဝှေးနဲ့ ပြန်ထိုးပြီး အသက်နုတ်လိုက်လေ့ရှိတယ်။
ဒီအသီးတွေဟာ အသက်မရှိပဲ မြေပေါ်ကို ပြူတ်ကျပြီး ပုပ်ရင် လူသေတစ်ယောက်လိုပဲ အနံ့ထွက်တယ်ဟု သိရှိရပါသည်။

 
 
မိန်ခလေးသဏ္ဌာန်နဲ အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်.. မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတာင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲ ထပ်မံသိရ ပါသေးတယ်။ Naree ဆိုတာ ကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။
ယခု အခါ သူယောင်သီးအခြောက်များလဲ နိုင်ငံခြားဈေးကွက်ဝင်ဖြစ်နေကြောင်းသိရပါသည်

        
သိရှိနေကျတဲ့ သူယောင်မယ် သီးဆိုတာ ပုံပြင်လေးတစ်ပုဒ်မဟုတ်ဘဲ အပြင်မှာတကယ်ရှိတယ်ဆိုတာ ကို တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ သူငယ်ချင်းအားလုံးကျေနပ်မိမယ်လို့ ထင်ပါတယ်နော်
                                          

3 ဦးမှတ်ချက်ပြုပါသည်။:

Anonymous said...

လေးတောင့်ကွက်တွေဘဲ တွေ့ရတယ် ဘယ်လိုလုပ်ရနယ် ပြောပါဦး

Unknown said...

အရမ်းသဘောကျပါတယ်
အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်

Unknown said...

အရမ်းသဘောကျပါတယ်
အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More