နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, September 7, 2011

ကမ္ဘာ့အကြီးဆုံးမိကျောင်းကြီးကို ဖိလစ်ပိုင်မှာတွေ့ရှိ

                                                         
ကိုယ်အလေးချိန် ၁တန်ရှိပြီး၊ ၂၁ပေရှည်သည့်မိကျောင်းကြီးကို ဖိလစ်ပိုင်နိုင်ငံမှာ အသက်ရှင်လျက်ဖမ်းဆီးရမိခဲ့ပါတယ်။ မိကျောင်းကြီးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အရှေ့တောင်ဘက် မိုင် ၅၀၀ ခန့်  အကွာတွင်ရှိ သည့် အဂူဆန်ခရိုင် အဂူဆန်မြစ်လက်တက် တစ်ခုတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယင်းမိကျောင်းကြီးသည် ဒေသခံပြည်သူတို့ကို နှစ်ပေါင်း၂၀ကြာအောင်ဒုက္ခပေးနေခဲ့ပြီး ယခုဖမ်းဆီးရရှိခဲ့သည့်အတွက် ဒေသခံများ ၀မ်းမြောက်နေကြသည်။ အဆိုပါ ရေငန်မိကျောင်းမျိုးသည် ပေ၃၀ထိရှည်လျားပြီး နှစ်ပေါင်း၁၀၀ကျော်ထိ အသက်ရှည်ကြသည်။
မြန်မာဒဏ္ဍာရီအဆိုအရ မိကျောင်းအထီးသည် ၁၁ပေရှည်လျှင် လူယောင်ဖန်ဆင်းပြီး ကုန်းပေါ်သို့တက်နိုင်သည် ဆို၏။ 
                                                                                                        Ref: Internet

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More