နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Friday, September 9, 2011

ကိုးကွယ်ရာမှာ ယုံကြည်မှုအပြင်

မေး။    ။ ဘာသာတရားတစ်ခုကို ကိုးကွယ်ရာမှာ ယုံကြည်မှုအပြင် ဘယ်လိုအရာတွေလိုအပ်ပါသလဲဘုရား။
ဖြေ။    ။ ဝေဖန်ဆန်းစစ်မှုပညာ လိုအပ်တယ်။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာအားလုံးရဲ့ သိသိ သာသာ ကွဲပြားခြားနားတဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါဘာလဲဆိုတော့တခြားဘာသာတွေက ယုံကြည်မှု(သဒ္ဓါ)တစ်ခုနဲ့ပဲတည်ဆောက်ထားတယ်၊ ဗုဒ္ဓဘာသာကတော့
ယုံကြည်မှု(သဒ္ဓါ)၊ ဝေဖန်ဆန်းစစ်မှု(ပညာ)နှစ်ခုလုံးနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့အချက်ပါပဲ။

အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကလျာဏမိတ္တသုတ်မှာ ကိုးကွယ်ဆည်းကပ်ရမယ့် ဆရာကောင်းရဲ့အင်္ဂါ(၇)ချက် ဟောထားပါတယ်။ အဲဒါတွေကတော့ -



   ၁။ ရိုသေထိုက်သောဂုဏ်
   ၂။ ချစ်ခင်ထိုက်သောဂုဏ်

   ၃။ ချီးမွမ်း ထိုက်သောဂုဏ်
   ၄။ တပည့်လွဲမှားနေလျှင် ဆုံးမရဲသည့်ဂုဏ်
   ၅။ တပည့်ကမေးလာလျှင် ကျေနပ်အောင် ဖြေဆိုနိုင်သည့်ဂုဏ်
   ၆။ နက်နဲသည့်တ၇ားကို ဟောကြားနိုင်သောဂုဏ်
   ၇။ အကျိုးများရာကို ညွှန်ပြနိုင်သည့်ဂုဏ် တို့ပါပဲ။

ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်တဲ့ဂုဏ်ဆိုတာ
ဒါန= ပေးကမ်းစွန့်ကြဲခြင်း၊ လောဘနည်းခြင်း၊
ပေယျဝဇ္ဖ = ချစ်ခင်ဖွယ်ရာ စကားကိုပြောခြင်း၊ ဒေါသနည်းခြင်း
အတ္တစရိယ= တပည့်တို့၏ ကောင်းကျိုးကို ကျင့်ခြင်း (ပရဟိတ စိတ်ဓါတ်ရှိခြင်း)၊
သမာနတ္တတာ = တပည့်နှင့် တန်းတူရည်တူ ဆက်ဆံခြင်း (မာနကင်းခြင်း) တို့ပါပဲ။
တရားစစ်တရားမှန်ရဲ့ ဂုဏ်အင်္ဂါတွေကိုလည်း အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကေသမတ္တိသုတ်
မှာ ဟောထားတာက -

၁။ အပြစ်ကင်းခြင်း(သတ်ဖြတ်မှု၊ ညှင်းဆဲမှုမပါခြင်း)၊
၂။ ကောင်းကျိုးကို လက်တွေ့ပေးစွမ်းနိုင်ခြင်း၊
၃။ ပညာရှိသူတော်ကောင်းများက မကဲ့ရဲ့ခြင်း။
၎။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာဆိုးများကို ပယ်သတ်ပေးနိုင်ခြင်း စသည့်တို့ပါပဲ။ အကျယ် သိချင်ရင်တော့ ဆရာတော်ရေးတဲ့ဆရာကောင်းကိုရှာဖွေခြင်း စာအုပ်နဲ့ အရှုံးမရှိသော ဒဿန စာအုပ်တို့မှာ ဖတ်ရှု့ နိုင်ပါတယ်။ 
                                                          

အရှင် ဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ )

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More