နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, September 20, 2011

ဘ၀က မစသေးဘူးဆိုတဲ့ လင်းဇာနည်ဇော်

                                                                    
အခုချိန်ထိ လှပဆဲ မလင်း(လင်းဇာနည်ဇော်) ကို အခုချိန် Show ပွဲလျှောက်ရတဲ့ ခံစားချက်လေး မေးကြည့်တော့- “မလင်းက Actor ဆိုတော့ Show လျှောက်တာ ကိုယ့်အလုပ် မဟုတ်ဘူးပေါ့နော်။ အမှန်က ကိုယ်လမ်း လျှောက်တာ သူများကြည့်နေရင် သိပ်ရှက်တာ။ သရုပ် ဆောင်ဖြစ်ပေမယ့် ရှက်တတ် တယ်။ အခုတော့ လျှောက်တာလေးများလာတော့ အတွေ့အကြုံ ရပြီပေါ့လေ။ မော်ဒယ် တွေ လောက်တော့ မလျှောက်တတ်ဘူးလေ။ အဲဒီတော့ ရင်ကတော့ တုန်နေတာပဲ။ မလင်းက သီချင်းတွေ လည်း လိုက်ဆိုနေတော့ အဲဒီ ခံစားချက်ကို ပိုကြိုက်တယ်။ အောက်က ပရိသတ်က ကျေနပ်ရင် ကျေနပ်တယ်၊ မကျေနပ်ရင် မကျေနပ်ဘူးပေါ့”လို့ဆိုလာတဲ့ မလင်းက ဗီဒီယိုတွေ ရိုက် နေသလို ဒီဇိုင်နာ Show လေးတွေ လျှောက်ဖို့ လက်ခံထားတယ်လို့ ဆိုပါတယ်။
မကြာ ခင်ရုံတင်တော့မယ့် အငိုမျက်လုံးအပြုံးမျက်နှာ ကားကြီးအတွက် အဓိက ဇာတ်ကောင် နေရာ က ပါဝင်ခွင့်ရခဲ့တဲ့ မလင်းရဲ့ရင်ခုန်သံကို မေးကြည့်တော့-“အတတ်နိုင်ဆုံး ကောင်းအောင် လုပ်ခဲ့ပေ မယ့် အစ်မကိုယ် အစ်မ ဘယ်တုန်းကမှ မကျေနပ်ခဲ့ဘူး။ ပြန်ကြည့် ရင်အမြဲလိုနေတာပါပဲ။ ဒီကားကြီး ပေါ်မှာလည်း အများကြီး မမျှော်လင့်ရဲပါဘူး။ ကိုယ်ကြိုးစား လုပ်ထားတဲ့ အလုပ်လေးမို့ အများကြီး အရာမထင် တောင်နည်းနည်းလေးထင်ရင် ကျေနပ် ပါတယ်။ ပြီးတော့ ဒီကားရိုက် ဖြစ်ခဲ့တာက ထွေထွေထူးထူး မရှိပါဘူး။ ကိုမင်းအုပ်စိုးနဲ့ ဗီဒီယိုလေးတွေ ရိုက်နေရင်းနဲ့မှ “ငါကားကြီးတစ်ကား ရိုက်မယ်” ဆိုတော့ ပထမ နောက်နေတာမှတ်လို့ မင်းသမီး ဘယ်သူလဲဆိုတော့ “မင်းသမီးက နင်ပဲ” လို့ ပြောတယ်။အဲဒီတော့ အဲဒီအချိန်မှာ ကိုယ့်ကိုမင်း သမီးတင် ရိုက်မယ့် သူက ဘယ်သူမှ မရှိဘူးလေ။ သူ့ကိုနောက်နေတယ်လို့တောင် ထင်တာ။ နောက်မှ မောင်နှမ ဇာတ်မှန်း သိရတယ်။ ကားကြီးလည်း ဖြစ် ကိုယ်လုပ်ချင်တဲ့ကာ ရိုက်တာလည်း ဖြစ်တော့ အရမ်း ပျော်သွားခဲ့တယ်။ အခုဆို မလင်းက လူလတ်ပိုင်းဖြစ်သွားပြီ ဘဝတော့ မစသေးပါ ဘူး။ လေးဆယ်ကျော်မှ ဘဝစတာလေ။ အဲဒီ တော့ လေးဆယ်မကျော်သေးတော့ ကလေးတော့ ကလေးပေါ့ (ရယ်လျက်) ဒါပေမဲ့ ဖန်စီလေးတွေ အလန်းလုပ်ရတဲ့ ဇာတ်တွေက ကိုယ်နဲ့မလိုက်တော့ဘူးပေါ့ ညီမရယ်။ အဲဒါကြောင့် ကိုယ်နဲ့လိုက်မယ့် ကာရိုက်တာလေးတွေ ရွေးပါတယ်။ မလင်း အတတ်နိုင်ဆုံး ကြိုးစားထားတယ်ပေါ့နော်။ ဒါပေမဲ့ခေတ်ကလည်း မလင်းခေတ် မဟုတ်တော့ ဘူးလေ။ ဒရာမာအနေနဲ့လည်း ခေတ်ကလည်း သိပ်လက်မခံသေးတဲ့ ခေတ်ဆိုတော့ မလင်းတို့ကြိုးတော့ ကြိုးစားထားကြတာပဲ”လို့ ဖြေသွားခဲ့ပါတယ်။
အခုချိန်မှာ အပျိုကြီးဖား ဖားဖြစ်ပြီးလှချင်တိုင်းလှနေတဲ့ မလင်းရဲ့ သမီးလေးက အနုပညာကို အရမ်း ဝါသနာပါတယ်လို့ သိရတာကြောင့် မိခင်တစ်ယောက်ရဲ့ ပူပန်မှုကို မေးကြည့် တော့- “မလင်းကို သူကချစ် လည်း ချစ်တယ်။ ကြောက်လည်း ကြောက်တယ်။ သူ့ကို မလင်းက သူငယ်ချင်းပေါင်း ပေါင်းပေမယ့် သေချာ စည်းကမ်းချတယ်။ တအားကြောက်အောင် လုပ်ရင် လည်း ကွယ်ရာ မိဘမသိအောင် လုပ်နိုင်တယ်။ အဲဒီအတွက် သူ့ကိုမလျှော့မတင်း လေးတော့ ထားပါတယ်။ သူကတော့ အနုပညာပိုး အရမ်း ပါတယ်။ စာကလည်း တော်တယ်။ မလင်းကတော့ သူ့ကို ပညာရေးဖက်ပဲဦးစားပေးချင်တယ်။ ဒီအလုပ်ကို သိပ်မလုပ်စေချင်ဘူး။ ဒါပေမဲ့ သူက အရမ်းဝါသနာပါနေတော့ ဘယ်တတ်နိုင်မလဲ လုပ်ပေးရမှာပေါ့” လို့ ရင်ဖွင့်သွားခဲ့ပါတယ်။
 

                                                                                                                              ဝါဝါကြည်
                                                                                                                              Ref: ရိုးရာလေး

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More