နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, September 6, 2011

လူကြီးတွေပေးစားမှ မိန်းမရတော့မယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

                                             
ဟိုးအရင်က ကိုသားကြီး(ဒွေး)ရိုက်ခဲ့တဲ့ “ဝမ်းနည်းမိုးတိမ်”ဇာတ်ကားကို စိုင်းစိုင်းခမ်း လှိုင်က ဒါရိုက်တာ   မောင်မျိုးမင်း(ရင်တွင်း ဖြစ်) အေးမြတ်သူ၊ ဖူးဖူး၊ အောန်ဆိုင်း၊ အိချောပိုတို့နဲ့ သရုပ်ဆောင်နေပါတယ်။ အရင်က ကိုသားကြီးဇာတ်လမ်းဖြစ်တဲ့အတွက် ကိုသားကြီး သရုပ် ဆောင် ထားတာ ကိုကော ကြည့် ဖြစ်လား    မေး တော့…”ကျွန်တော်မကြည့်ဖူးဘူး။ ကျွန်တော် အဲဒီကား ပြန်ရှာတာ၊ ရှာလို့မတွေ့ဘူး။ ဦးမျိုး ဆီမှာလည်း မရှိတော့ ကျွန်တော်မကြည့်ရ ဘူး။ ဇာတ်လမ်းကိုပဲဖတ်ပြီး ကျွန်တော့် အတွက်ကတော့ အဲဒီဝတ္ထုကိုပဲ ရိုက်တဲ့ သဘောဖြစ်သွားတာပေါ့။ ကိုသားကြီး ရိုက် ခဲ့တုန်းကတအားအောင်မြင်ခဲ့တယ်လို့ လည်း ဦးမျိုးကပြောပါ တယ်။ အခုကတော့ စိုင်းစိုင်း ဗားရှင်းပေါ့ဗျာ”လို့ လက်ရှိရိုက်နေတဲ့ ဇာတ်ကားနဲ့ပတ်သက် ပြီး ပြောပြပါတယ်။
ဒီဇာတ်ကားထဲက မင်္ဂလာဆောင်တဲ့ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေတာတွေ့ရ တဲ့ စိုင်းစိုင်းခမ်းလှိုင်က အခုလောလောဆယ် တော့ လူကြီးတွေပေးစားမှ မိန်းမရမယ့် သဘောရှိတယ်လို့ပွင့်လင်းစွာပြောလာပါ တယ်။ စိုင်းစိုင်းခမ်းလှိုင်က မလေးရှားနိုင်ငံကို ဖျော်ဖြေရေးအနေနဲ့ သြဂုတ် ၂၉ရက်နေ့က ထွက်ခွာသွားပြီး ၃၁ရက်နေ့ မှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ကိုယ်သရုပ်ဆောင်ထား တဲ့ဇာတ်ကားတွေကို ပြန် ကြည့်ပြီးရှက်နေ တုန်းပဲ လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင် က “တချို့ဇာတ်ကား တွေမှာ ဂွမ်းတယ်ဗျာ၊ ရှက်စရာကြီးဆိုတဲ့ အခန်းတွေရှိနေ တုန်းပဲ။ ဒါ ကျွန်တော် မရှက် တမ်း အမှန်တိုင်းပြောတာပါ။ တဖြည်းဖြည်း နဲ့တော့ ကျွန်တော်ပိုပြီး အားရလာ ပါတယ်။ အမှန်တော့ သရုပ်ဆောင်ကောင်းတစ် ယောက်ဆိုတာ ကာရိုက် တာ တော်တော်များများကို ဝင်စားပြီး လုပ်နိုင်ရမှဗျ။ ကျွန်တော်က ကျွန်တော်နဲ့လိုက်တဲ့ ကာရိုက်တာဆိုတာ မရှိ ချင်ဘူး။ ကျွန်တော် သိပ်ကောင်းတဲ့ ဇာတ်လမ်း တွေမှာပေါ့ဗျာ၊ ကြမ်းရင်ကြမ်းသွားမယ်ဗျာ။ နုရင်နုသွားမယ်၊ ပျော့ရင်ပျော့သွားမယ်၊ မာရင်မာသွား မယ်၊ ကျွန်တော်ရိုက်ကြည့်ချင် တယ်။ ကျွန်တော် အရင်တုန်းက ဗီစီဒီထဲမှာ အဆိုတော်ပုံစံ၊ ဂေါ်လီပုံစံတွေနေတာများ တော့ ပရိသတ်ကတော့ ဒီလိုကာရိုက်တာ တွေရိုက်ဖို့ အကြံပေး တာပေါ့ဗျာ။ နောက် ကျွန်တော် “အမုန်းသမိုင်း” လို့ ဂျစ်ကန်ကန် ပုံစံရိုက်တော့လည်း ဒီဇာတ်ကောင်စရိုက်ကို ပရိသတ်လက်ခံတယ်ဆိုတော့ ဒီကာရိုက် တာ လိုက်တယ်ပေါ့။
အာဒမ်၊ ဧဝလိုမျိုး၊ သစ္စာ စောင့်နတ်သမီးလိုမျိုးကြည့် ပြီးတဲ့အချိန်ကျ တော့လည်း မဆိုးပါဘူးပေါ့။ ကျွန်တော်က တော့ လုပ်ပြရမှာ ကြိုးစားရမှာ။ ဆရာဝန် ဖြစ်ပါစေ၊ အင်ဂျင်နီယာဖြစ်စေ၊ ခါးပိုက်နိုက် ဖြစ်ပါစေ၊လူမိုက်ဖြစ်ပါစေ၊ အဲဒီလို ကာရိုက် တာမျိုးစုံမှာ စိုင်းစိုင်းနဲ့လိုက်ပါတယ် ဆိုတာ မျိုးဖြစ်အောင် ကျွန်တော့်ဘက်ကကြိုးစားရ မှာ။ အဓိကက သရုပ်ဆောင်တစ် ယောက်ရဲ့ တာဝန်က ဒီဇာတ်ကားထဲမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ဖို့ပါပဲဗျာ။ အဲဒီ့အတိုင်း အတာထိရောက်အောင်သွားနိုင်ဖို့ ကြိုးစား နေပါတယ်။ အကောင်းဆုံးသီချင်း   တွေရေးနိုင်အောင်လည်းကြိုးစား ပါမယ်”လို့ သူ့ရဲ့ အနုပညာတွေ ပိုပြီးတိုးတက်ကောင်းမွန်လာ အောင် ကြိုးစားနေကြောင်းပရိသတ်ကို အသိပေးပြော ကြားသွားပါတယ်။

                                                                             Ref: ပေါ်ပြူလာ စာပေနှင့်အနုပညာဂျာနယ်

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More