အိမ်ဆိုတာဟာ  မြေပေါ်မှာသာ လှလှပပ တင့်တင့်တယ်တယ် ဆောက်ကြရတယ် မဟုတ်လားရှင်။ ဒါပေမဲ့  အများနဲ့မတူဘဲ မြေကြီးအောက်ထဲမှာမှ ထူးထူးဆန်းဆန်း ဆောက်ထားတဲ့  အိမ်တစ်လုံးအကြောင်း ပြောပြပါဦးမယ်။ အမယ်.. မြေကြီးထဲမှာ  ဆောက်ထားတဲ့အိမ်ဆိုလို့ မလှမပ ခပ်စုတ်စုတ် အိမ်တစ်လုံးလို့  မထင်ကြပါနဲ့နော်။ အင်မတန်ခမ်းနားလှပစွာ ဆောက်ထားတဲ့ အိမ်ဖြစ်ပါတယ်။  အိမ်တစ်လုံးမှာ ရှိသင့်တဲ့ ပရိဘောဂ စုံလင်စွာနဲ့ ဆောက်လုပ်ထားတာမို့  နေချင်စရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

အပေါ်က  ပုံမှာ အလယ်ကောင်က အဝိုင်းလေးဟာ မြေကြီးထဲက အိမ်ကို ဝင်တဲ့  ဝင်ပေါက်ဖြစ်ပါတယ်။ အိမ်အဝင်ဝဟာ ယခုကဲ့သို့ အဝိုင်းပုံသဏ္ဍာန် ဖြစ်ပြီး  ဘေးပတ်ဝန်းကျင်  အိမ်တွေအားလုံးကတော့ ပုံမှန်အတိုင်း မြေပြင်ပေါ်ဆောက်ထားတဲ့  အိမ်များသာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မြေကြီးထဲက အိမ်ကလေးကို  အနီးကပ်ကြည့်ကြည့်ရအောင်လားနော်။

တကယ်တမ်းတော့  ဒီမြေအောက်က အိမ်ကလေးဟာ တောင်တန်းတစ်ခုရဲ့ တောင်စောင်းမှာ တည်ဆောက်ထားတာ  ဖြစ်ပါတယ်။ အိမ်ဆီရောက်နိုင်ဖို့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့  လျှောက်လမ်းတွေကနေ တက်ရောက်နိုင်ပါတယ်။ ပြီးတော့လည်း ခုလိုတောင်စောင်းမှာ  ဆောက်ထားတာ ဖြစ်တဲ့အတွက် တောင်ပေါ်ကနေ ခဲလုံး၊ သို့မဟုတ် အရာဝတ္ထု  တစ်ခုခုများ ပြုတ်ကျလာပြီး အိမ်ကလေးကို ထိခိုက်နိုင်မယ် ထင်ပါတယ်နော်။  ဒီလိုဆိုရင်ဖြင့် အဲဒီပြဿနာကို ဘယ်လိုများ ကာကွယ်ထားသလဲလို့  လေ့လာကြည့်ရအောင်နော်။


အိမ်ကိုမြင်ရတဲ့ ညမြင်ကွင်းပါ။ 


အမှန်တော့ အိမ်ဝင်ပေါက်  အဝိုင်းကြီးရဲ့ ဘေးပတ်ပတ်လည်ကို မြင်ရတဲ့အတိုင်း သံဆန်ကာများ ကာရံထားတာ  ဖြစ်ပါတယ်။ ဒီလိုကာရံထားတဲ့အတွက် အပေါ်က ကျလာမဲ့ ကျောက်ခဲ အမှိုက်သရိုက်တွေ  အိမ်ထဲကို မဝင်နိုင်တော့ပါဘူး။ နံရံတွေကို ကျောက်တုံး၊ ကွန်ကရိများဖြင့်  ကာရံထားပြီး ပြတင်းများ ၊ တံခါးများကိုတော့ မှန်သားများ တတ်ဆင်ထားကာ  ဝက်သစ်ချသားကို အသုံးပြုထားပါတယ်။ ကြီးမားတဲ့ မှန်ချပ်ကြီးများ၊  ပြတင်းပေါက် များကတော့ အိမ်ထဲကို နေရောင်ခြည် များများရောက်နိုင်အောင်  ဒီဇိုင်းထုတ်ပြီး ဆောက်လုပ်ထားတာပါ။ 


အိမ်အတွင်းထဲရှိ  အိပ်ခန်းတစ်ခုနဲ့ အိမ်အဝင်ပေါက်ရဲ့ အနေအထားပါ။ အိမ်အပြင်ကနေ အိမ်တွင်းကို  ရေသွယ်ထားတဲ့ ပုံစံလေးက စိတ်ဝင်စားစရာရယ်နော်။

အိမ်ထဲကိုဝင်လိုက်တာနဲ့ ဒီအပြင်ဧည့်ခန်းကို ဖြတ်သန်းပြီးမှ အထဲကို ရောက်ပါတယ်။

အိမ်အတွင်းဧည့်ခန်း

အိမ်ရဲ့ မီးဖိုခန်း

အိပ်ခန်းတစ်ခု 

ရေချိုးခန်း

နောက်ထပ် အိပ်ခန်းတစ်ခု 


အောက်ထပ် မြေတိုက်ခန်း 
သာယာတဲ့ ရှုခင်းပတ်ဝန်းကျင်နဲ့ မြေအောက်အိမ်
နှင်းဖုံးနေသော ဆောင်းရာသီချိန် မြင်ရပုံ
ဒီမြေအောက်အိမ်ရဲ့  တည်နေရာက ဆွစ်ဇာလန်နိုင်ငံရဲ့ Vals ကျေးရွာကလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။   SeARCH and Christian Müller Architects  ကုမ္ပဏီရဲ့ ဒတ်ခ်ျလူမျိုး  ဗိသုကာပညာရှင် Bjarne Mastenbroek ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီမြေကမ္ဘာအောက်က  အိမ်ကိုကြည့်ခြင်းအားဖြင့် ကျွန်မရဲ့ အမြင်တော့ မြေကြီးအောက်မှာ  အိမ်ဆောက်ထားတဲ့အတွက် မီးဘေးလည်း စိုးရိမ်ဖို့မလို၊  လေပြင်းမုန်တိုင်းကိုလည်း ကြောက်ဖို့မလို ၊ ပူအိုက်လွန်းတဲ့  နွေရာသီမျိုးမှာလည်း မြေအောက်အိမ်ဟာ အေးမြနေလိမ့်မယ် စသဖြင့်  ကောင်းကျိုးတွေ ရှိတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ကရော ကောင်းကျိုး  ဆိုးကျိုး ဘယ်လိုမျိုးများမြင်ပါသလဲရှင်။


 ကိုထွေး(နည်းပညာ)
ကိုထွေး(နည်းပညာ)
 



 Posted in:
 Posted in:  









 မြန်မာငွေဈေးတွက်ချက်
  မြန်မာငွေဈေးတွက်ချက်
 
 
 
 


0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။