၁) သခွားသီးကပ်ခြင်း
ခရီးကပြန်လာလို့ ပင်ပန်းနေချိန်မှာ မျက်ကွင်းညိုပြီး မျက်လုံးတွေညောင်းညာနေရင် သက်သာစေဖို့ သခွားသီးကိုပါးပါးလှီးပြီး မျက်ဝန်းတွေပေါ်ကပ်ထားပေးပါ။ မျက်လုံးတွေပေါ်မှာ သခွားသီးပါးပါးကပ်ပေးတာဟာ မျက်ဝန်းတွေကိုအေးမြစေပြီး လန်းဆန်းမှုကိုရရှိစေပါတယ်။
သခွားသီးနဲ့သံပုရာရည်ကို ရောမွှေပြီး မျက်နှာအရည်ပြားပေါ် လိမ်းပေးတာကလည်း မျက်နှာပေါ်က အမည်းစက်တွေနဲ့ နေလောင်ဒဏ်ရာတွေကို သက်သာစေပါတယ်။
၂) ပျားရည်နှင့်သံပုရာရည်ရောလိမ်းခြင်း
ပျားရည်ထဲကို သံပုရာရည်အစက်အနည်းငယ် ထည့်ပြီး အဲဒီအရောအနှောကို မျက်နှာပြင်ပေါ်လိမ်းပေးတာက အရေပြားကို ကြေးချွတ်နည်းပါ။
၃) ဒိန်ချဉ်လိမ်းခြင်း
မျက်နှာပေါ်မှာ ဒိန်ချဉ်လိမ်းပေးတာက မျက်နှာအသားအရေကို နှုးညံ့ချောမွေ့ပြီး ပျော့ပျောင်းစေပါတယ်။ ဒါကြောင့်ဒိန်ချဉ်ကို အသားအရေခြောက်သွေ့သူတွေက အစိုဓါတ်ထိန်းပစ္စည်းအနေနဲ့ အသုံးပြုကြတာပါ။
၎) ခရမ်းချဉ်သီးအနှစ်ဖြင့် သန့်စင်ခြင်း
ခရမ်းချဉ်သီးအနှစ်ကို အသားအရေသန့်စင်ပေးတဲ့ ပစ္စည်းအဖြစ်အသုံးပြုနိုင်ပါတယ်။ ခရမ်းချဉ်သီးအနှစ်ရည်ကို ပျားရည်နဲ့ရောမွှေပြီး မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။ အချိန် ၁၀-၁၅မိနစ်ကြာမှ မျက်နှာကိုရေနဲ့ဆေးကြောချလိုက်ပါ။ ခရမ်းချဉ်သီးအနှစ်ရည်က အဆီပြန်တဲ့အသားအရေနဲ့ ဆားဝက်ခြံအမည်းတွေရှိနေတဲ့ အသားအရေကို ကြည်လင်တောက်ပစေပါတယ်။
၅) သင်္ဘောသီးဖြင့်ပေါင်းတင်ခြင်း
သင်္ဘောသီးကို အလွှာပါးလေးတွေ လှီးကာမျက်နှာပြင်ပေါ်ကပ်ထားပေးပါ။ အရေပြားအိုမင်းတဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေပါတယ်။
၆) နွားနို့ရည်ဖြင့်သန့်စင်ခြင်း
နွားနို့ကအသားအရေကိုတင်းရင်းစေတဲ့ အကောင်းဆုံးသန့်စင်ဆေးရည်ဖြစ်ပါတယ်။ နို့ရည်ကိုအသားအရေသန့်စင်ပေးတဲ့ အရာအဖြစ်ကောင်းကောင်းအသုံးပြုနိုင်ပြီးအရေပြားစပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။


ကိုထွေး(နည်းပညာ)
Posted in:
မြန်မာငွေဈေးတွက်ချက်

0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။