ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းအဖွဲ့သည် လူစီအမည်ရှိ ခွေးမလေးကို ကမ္ဘာ့အသေးဆုံး အလုပ်လုပ်သည့်ခွေးအဖြစ် ဇန်နဝါရီ လ ၁၆ ရက်နေ့တွင် တရားဝင် အသိအမှတ်ပြုလိုက်ကြောင်း သိရသည်။ အဆိုပါခွေးမလေးသည် အရပ်အမြင့် ၅ ဒသမ ၇လက်မနှင့် ကိုယ်အလေးချိန် နှစ်ပေါင်ခွဲသာရှိသည်။ အဆိုပါ ခွေးကလေးသည် အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်၌ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများကို ကုသပေးသည့် နေရာ၌ အလုပ်လုပ်လျက်ရှိသည်။ ဆေးရုံများနှင့် သူနာပြုဂေဟာများတွင် ခွေးမကလေး ရောက်ရှိလာပါက လူနာများ စိတ်ပျော်ရွှင်ကြသည် ဟုဆိုသည်။
0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။