နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Saturday, February 25, 2012

ကြယ်ပုံသဏ္ဍာန်သက်ရှိ

 ကြယ်ပုံ သဏ္ဌာန် သက်ရှိ
 
ငါးမြှောင့် ပါသော ကြယ်ပုံ သဏ္ဌာန် ကို ကမ္ဘာ လောက ကြီး အတွင်း နေရာ အမျိုးမျိုးတွင် သဘာဝအ လျှောက် တွေ့နိုင်ပါတယ်။ အဲဒီထဲက တစ်ခုကတော့ Starfish လို့ခေါ်တဲ့ ပင်လယ်ထဲမှာ ကျက်စားနေထိုင်သော ရေသတ္တဝါမျိုးဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ဟာ ရေမကူးတတ်ပါဘူး။ သူတို့ရဲ့ လက်တံတွေမှာ ပါဝင်သော သေးငယ်တဲ့ ပိုက်ပြွန်သဏ္ဌာန် ခြေ ထောက်များနှင့် သမုဒ္ဒရာကြမ်းပြင် ပေါ်မှာ လမ်းလျှောက်သွားကြပါတယ်။ အလွန်မြန်မြန်လည်း မသွားနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ သားကောင်ကို မီအောင် လိုက်ဖမ်းဖို့အတွက် သူတို့ရဲ့ အံ့ဩဖွယ်စွမ်းဆောင်နိုင်လှသော အစာခြေစနစ်က ကူညီပေးပါတယ်။ သူတို့ရဲ့ အစာအိမ်ကို ပါးစပ်ကနေ ခန္ဓာကိုယ် အပြင်ဘက်ကို ဆန့်ထုတ် လိုက်ပြီး သူတို့ရဲ့သားကောင်ကို ဝါးမျိုလိုက်ပါတယ်။ ဥပမာ -ခုံးကောင် သို့မဟုတ် ယောက်သွားရဲ့ အသားကို စားဖို့အတွက် အခွံကို ထိုးခွဲလိုက်ပြီး အက်ကွဲသွားတဲ့ အပေါက်မှတစ်ဆင့် အသားတွေကို မျိုချလိုက်ပါတယ်။ Ref : 2011 RD March

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More