နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, February 14, 2012

Virus အန္တရာယ်ကင်းဝေးစေရန်

                                                              
ကွန်ပျူတာအတွင်းကို Virus တွေဝင်ရောက်ရာ၌ Virus အစစ်တင်မဟုတ်ပဲ Fake Virus ဟု ခေါ်ဆိုနိုင်သည့် Virus အတုများလည်းဝင်ရောက်နိုင်ပါသည်။ ထို Virus အတုများသည် ကွန်ပျူတာအ တွင်းဝင်ရောက်ပြီဆိုပါက ကွန်ပျူတာ System ကိုဆိုးရွားစွာထိခိုက်စေခြင်းမရှိသော်လည်း Virus ၀င် ရောက်နေကြောင်း Message များပေးပို့ပြီး အဆိုပါ Virus ကိုရှင်းလင်းနိုင်ရန် Software အသုံးပြုခအ တွက် ပိုက်ဆံများတောင်းယူတတ်ပါသည်။ အဆိုပါ Software များမှာလည်း တရားဝင် Software များ မဟုတ်ပဲ Hackaer များမှ ပြုလုပ်ထားသည့် Software များသာဖြစ်ပါသည်။ အဆိုပါ Software များကို အသုံးပြုရန်အတွက် ကွန်ပျူတာအသုံးပြုသူများကိုလှည့်စားပြီး Download ချခိုင်းစေပါသည်။ ထို Software များကို Install ပြုလုပ်ပြီး ကွန်ပျူတာကို Scan ပြုလုပ်သည့်အခါ Virus များစွာရှိနေ ကြောင်းဖော်ပြပြီး အဆိုပါ Virus ကိုရှင်းလင်းလိုပါက Software ကို Full Version အဖြစ်အသုံးပြုရန် Register လုပ်ခိုင်းပြီး ပိုက်ဆံကိုတောင်းယူတတ်သည်မှာ Fake Virus များ၏သဘောပင်ဖြစ်ပါသည်။ အောက်ဖော်ပြပါ Software များကတော့ Hacker များပြုလုပ်ထားသည့်
တရားမ၀င် Software အချို့ ပင်ဖြစ်ပါသည်။ အဆိုပါ Software များကို Install မပြုလုပ်ရန် သတိထားသည့်ပါသည်။
  • XP Antispyware
  • XP Antispyware 2011
  • XP Anti-Virus
  • XP Anti-Virus 2011
  • XP Total Security
  • XP Total Security 2011
  • XP Security
  • XP Security 2011
  • XP Internet Security
  • XP Internet Security 2011
  • XP Antimalware
  • XP Antimalware 2011
  • XP Guard
  • XP Home Security 2011
ကွန်ပျူတာတွင် Antivirus သို့မဟုတ် Internet Security Software တစ်ခုခုကို Instal ပြုလုပ် ထားသင့်ပါသည်။ သတိပြုရန်မှာ Antivirus သို့မဟုတ် Internet Security Software ကိုတစ်ခုထက် ပို၍ Install မပြုလုပ်သင့်ပါ။ တစ်ခုထက်ပို၍ Install ပြုလုပ်အသုံးပြုပါက ကွန်ပျူတာ System ကို ထိ ခိုက်စေနိုင်ပါသည်။ Antivirus ထက် Internet Security ကိုအသုံးပြုခြင်းက ပိုမိုကောင်းမွန်ပါသည်။ ဆိုလိုသည်မှာ Kaspersky Antivirus ထက် Kaspersky Internet Security ကပို၍ ကောင်းမွန်သည် ဟုပြောဆိုခြင်းဖြစ်ပါသည်။ မည်သည့် Software ကိုအသုံးပြုမည်ဆိုသည်ကို မိမိတို့အဆင်ပြေသည် နှင့်ရွေးချယ်အသုံးပြုရပါမည်။ Internet အခက်အခဲကြောင့် Antivirus သို့မဟုတ် Internet Security Software များ Update မဖြစ်သော်လည်း ထို Software များကိုဆက်လက်အသုံးပြုသင့်ပါသည်။ Update မဖြစ်၍ Virus အသစ်များကိုမကာကွယ်နိုင်သော်လည်း ၄င်း၏ Database အတွင်းရှိမှတ်သား ထားသည့် Virus များကိုမူကာကွယ်နိုင်စွမ်းရှိပါသည်။ Antivirus သို့မဟုတ် Internet Security Software များကိုတစ်ခုထက်ပို၍ မသုံးစွဲသင့်သော်လည်း အခြား Malware၊ Spyware၊ USB Protect Software များနှင့်မူ တွဲစပ်၍အသုံးပြုနိုင်ပါသည်။
ကွန်ပျူတာအတွင်း Virus ၀င်ရောက်ကူးစက်မှုအ များဆုံးဖြစ်သည့် Internet အသုံးပြုမှုနှင့် Flash Drive များအသုံးပြုမှုကို သတိနှင့်ကာကွယ်ရန်လို အပ်ပါသည်။ Internet အသုံးပြုရာတွင် မိမိသေချာမသိရှိသည့် Website များသို့ဝင်ရောက်ရာတွင် အဆိုပါ Website များမှ Link များကို Click ခြင်းမပြုမီ သေချာစွာကြည့်ရှုသင့်ပါသည်။ အသုံးပြုသူများကို စွဲဆောင်ထားသည့် Link များသည် Virus ကူးစက်ရန်အတွက် အလွယ်ကူဆုံးပင်ဖြစ်ပါသည်။ USB များမှ Virus ကူးစက်ခြင်းကို ကာကွယ် ရန်အတွက် ကွန်ပျူတာတွင် Auto run ကိုပိတ်ထားရန်လိုအပ်ပါသည်။ Auto run ကိုပိတ်ထားရန်အ တွက် Run တွင် regedit ကိုရိုက်၍ Registry Editor သို့ဝင်ရောက်ရပါမည်။ Registry Editor သို့ ရောက်ရှိပါက HKEY_LOCAL_MACHINE\ SYSTEM\ CurrentControlSet\ Services\ Cdrom သို့ အဆင့်ဆင့်ဝင်ရောက်ကာ Cdrom ကိုClick ၍ ညာဘက်ရှိ AutoRun ကို Right Click နှိပ်၍ Modify သို့ ၀င်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Value Data တွင် 1 အစား 0 ဟုပြောင်းလဲပေး၍ ကွန်ပျူတာကို Restart ပေးကာ AutoRun ကို ပိတ်ထားနိုင်ပါသည်။



ထို့နောက် Group Policy အတွင်းရှိ Autorun ကိုပိတ်ရပါမည်။ Run တွင် gpedit.msc ဟုရိုက်၍ Group Policy သို့ဝင်ရောက်ရပါမည်။ ထို့နောက် Computer Configuration\ Administrative Templates\ All Setings ကို Click ၍ ညာဘက်ရှိ Turn off Autoplay ကို Right Click မှတစ်ဆင့် Editor သို့ဝင်ရောက်ရပါမည်။


ထို့နောက် Turnoff Auto Play Box တွင် Disable ကိုရွေးချယ်ပေး၍ OK ပေးရပါမည်။ ထို့အတူပင် User Configuration\ Administrative Templates\ All Setings ကို Click ၍ ညာဘက်ရှိ Turn off Autoplay ကို Right Click မှတစ်ဆင့် Editor သို့ဝင်ရောက်ကာ အထက်ပါအတိုင်း Auto run ကို Disable ပေးရပါမည်။ ထိုသို့ကွန်ပျူတာ Auto run ကို ပိတ်ထားရခြင်းမှာ Flash Drive များ ကွန်ပျူတာတွင် တပ်ဆင်ရာ၌ Virus များအလိုအလျောက်ကူးစက်ခြင်းကိုကာကွယ်ရန်အတွက်ဖြစ်ပါ သည်။ Virus အများစုသည် ကွန်ပျူတာ System ၏ Autoplay Function ကိုအသုံးချကာ ကူးစက်ပျံ့ ပွှားစေသောကြောင့်ဖြစ်ပါသည်။ Flash Drive များတပ်ဆင်အသုံးပြုရာတွင်လည်း Flash Drive များ အတွင်းသို့ Click နှိပ်၍တိုက်ရိုက်ဝင်ရောက်ကြည့်ရှုခြင်းမျိုးထက် My Computer ကိုဖွင့်ပြီး View Menu တွင် Explore ကို Folder ဟု ရွေးချယ်ပေးမည်ဆိုပါက TreeView Panel ပေါ်လာမည်ဖြစ်ပါသည်။ TreeView Panel မှတစ်ဆင့် Single Click  ဖြင့်တစ်ဆင့်ခြင်း  ၀င်ရောက်ခြင်းသည် Flash Drive အတွင်းရှိ Virus များကို Click မိခြင်းကြောင့် ကူးစက်ခြင်းကိုကာကွယ်စေနိုင်ပါသည်။ ထို့အတူပင် မိမိတို့၏ Memory Stick ထဲတွင် autorun.inf ဖိုင်တစ်ခုကြိုတင်ဆောက်ထားပြီး အဆိုပါ autorun.inf ဖိုင်ကို Read Only ပေးထားမည်ဆိုပါက ဗိုင်းရပ်စ်ရှိသည့် စက်၌တပ်ဆင်အသုံးပြုရာတွင် ကွန်ပျူတာအတွင်းမှဗိုင်းရပ်စ်သည် Memory Stick သို့ ကူးစက်သွားသော်လည်း autorun.inf ဖိုင်ရှိပြီးသားဖြစ်နေသည့်အတွက် အဆိုပါ Memory Stick ကို အခြား ကွန်ပျူတာတွင်တပ်ပြီး အသုံးပြုမည်ဆိုပါက ဗိုင်းရပ်စ်သည်ကူးစက်ပျံ့ပွှားမည်မဟုတ်ပါ။ ထို့ကြောင့်  Memory Stick များဖြင့် Virus များကူးစက်ခြင်းကို အတန်အသင့်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ Memory Stick အတွင်း Autorun.inf ပြုလုပ်ထားရန်အတွင် notepad ကိုဖွင့်၍မည်သို့မျှရေးသားခြင်းမပြုပဲ Stick ထဲမှာ autorun.inf အမည်ပေး၍သိမ်းဆည်းရပါမည်။ ထိုဖိုင်ပေါ်တွင် right click နှိပ်ကာ properties သို့ဝင်ရောက်၍ Read-Only ကိုရွေးချယ်ကာ Autorun.inf ဖိုင်ကိုတည်ဆောက်ထားနိုင်ပါသည်။
          ထိုသို့ကာကွယ်မှုများပြုလုပ်ထားသည့်အပြင် USB Disk Security ကဲ့သို့ Software များကို အသုံးပြု သင့်ပါသည်။ Antivires Software များနှင့်တွဲဖက်အသုံးပြုနိုင်ပြီး USB Drive များမှ Virus များကို အဓိကထား ကာကွယ်ပေးပါသည်။ USB Disk Security Software ကို အောက်ဖော်ပြပါ Link တွင် Download ချနိုင်ပြီး Full Version အဖြစ်အသုံးပြုနိုင်ရန် Serial Key ပါရှိပါသည်။ ပထမဦးစွာ Software ကို Install ပြုလုပ်ပေးရပါ မည်။ ထို့နောက် Full Version အဖြစ်အသုံးပြုရန် Serial Key ထည့်သွင်းပေးရပါမည်။ Information မှ License Status ရှိ Register ကို Click ၍ Name တွင် နှစ်သက်ရာအမည်ကိုထည့်သွင်းကာ Serial Key တွင် Notepad အတွင်းရှိ Serial Key ကိုထည့်သွင်း၍ OK ပေးပြီးနောက် Full Version အဖြစ်အသုံးပြုနိုင်ပြီဖြစ်ပါ သည်။ အသုံးပြုရန်မှာ USB Flash Drive ကိုကွန်ပျူတာတွင်တပ်ဆင်လိုက်သည်နှင့် အဆိုပါ USB Drive အတွင်းရှိ Virus များကို စစ်ဆေး၍ရှင်းလင်းပေးသွားမည်ဖြစ်ပါသည်။


Download ချရန်

ထိုသို့ကာကွယ်မှုများပြုလုပ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာအတွင်း ၀င်ရောက်ကူးစက်နေသည့် Malware၊ Spyware၊ Ttojan အစရှိသည်တို့ကို ရှင်းလင်းရန်အတွက် Antivirus Software များနှင့်တွဲစပ်၍အသုံးပြုနိုင်သည့် Malware Cleaner Software များကိုအသုံးပြုနိုင်ပါသည်။ ကွန်ပျူ တာအတွင်းရှိ Malware၊ Spyware၊ Ttojan အစရှိသည်တို့ကို ရှင်းလင်းရန်အတွက် Malwarebytes Anti Malware ကိုအသုံးပြုနိုင်ပါသည်။ Full Versin အဖြစ်အသုံးပြုနိုင်ရန်အတွက် Serial Key ပါရှိပါသည်။ အောက် ဖော်ပြပါ Link တွင် Download ချရန် Install ပြုလုပ်ပေးရပါမည်။ Install ပြုလုပ်ပြီးနောက် Serial Key ထည့် သွင်းရန်အတွက် Register ကို Click ရပါမည်။


ထို့နောက် ID နှင့် Keys များကိုထည့်သွင်း၍ Register ပြုလုပ်ပြီးနောက် Full Version အဖြစ်အသုံးပြု နိုင်ပြီဖြစ်ပါသည်။Register ပြုလုပ်ပြီးပါက ကွန်ပျူတာကို Scan ပြုလုပ်ပေးရပါမည်။ Scanner တွင် Perform Quick၊ Perform Full Scan စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါသည်။ ထို့နောက်ကွန်ပျူတာအတွင်းပျံ့နှံ့နေသည့် Malware၊ Trojan၊ Spyware အစရှိသည်တို့ကို ရှင်းလင်းနိုင်ပါသည်။ Protection တွင် ကွန်ပျူတာစတင်ဖွင့် သည်နှင့် အလုပ်လုပ်ခြင်း၊ Update ပြုလုပ်ခြင်း အစရှိသည်တို့ကို မိမိတို့စိတ်ကြိုက်ပြင်ဆင်ပြောင်းလဲ အသုံးပြု နိုင်ပါသည်။


Download ချရန်

ကွန်ပျူတာနှင့် Virus မှာခွဲခြားမရနိုင်ပေ။ ကွန်ပျူတာအသုံးပြုရာတွင် Virus ကင်းစင်စွာဖြင့်အသုံးပြု နိုင်ရေးအတွက် အထက်ပါကာကွယ်မှုများအပြင် သုံးစွဲသူကိုယ်တိုင်က သတိနှင့်သုံးစွဲရန်လိုအပ်ပါသည်။ ကွန်ပျူတာကို Virus ကင်းစင်စွာဖြင့် အသုံးပြုနိုင်ရေးအတွက် ရေးသားတင်ပြလိုက်ပါသည်။ သူငယ်ချင်းများအားလုံး Virus အန္တရာယ်မှကင်းဝေးပါစေခင်ဗျာ။ အားလုံးအဆင်ပြေကြပါစေ။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More