မတန်မရာ စကားလုံးတွေဖေါင်ဖွဲ့
ကျိုးပဲ့သွားတဲ့ တာရိုးအပေါက်ကရေတွေသွန်ကျလာသလို
ငါ့နားထဲကို စကားလုံးတွေမဆံ့မပြဲတိုးဝင်လာကြ။
ကျိုးပဲ့သွားတဲ့ တာရိုးအပေါက်ကရေတွေသွန်ကျလာသလို
ငါ့နားထဲကို စကားလုံးတွေမဆံ့မပြဲတိုးဝင်လာကြ။
ငါ့မှာလေ.........
ပတ္တာပျက်နေတဲ့ တံခါးပေါက်ပျဉ်ချပ်လို
အောက်မေးရိုးကိုဟပြီး ခန္တီစ တရားကျင့်နေလိုက်ရတာ။
ပတ္တာပျက်နေတဲ့ တံခါးပေါက်ပျဉ်ချပ်လို
အောက်မေးရိုးကိုဟပြီး ခန္တီစ တရားကျင့်နေလိုက်ရတာ။
ဒါနဲ့တောင်အားမရပဲ ကဲကြည့်စမ်း
“ ဟုတ်တယ်မဟုတ်လား ”
လား... မေးခွန်းပေါင်းများစွာကို
ပုတ်သင်ညိုလိုခေါင်းတငြိမ့်ငြိမ့် လုပ်နေရသေး။
“ ဟုတ်တယ်မဟုတ်လား ”
လား... မေးခွန်းပေါင်းများစွာကို
ပုတ်သင်ညိုလိုခေါင်းတငြိမ့်ငြိမ့် လုပ်နေရသေး။
“အေးလေ ဟုတ်တာပေါ့”
“ဒါတော့ ဘယ်ကောင်းမလဲနော်လို့”
follow လိုက်ပြောနေရတဲ့ ပါးစပ်ဟာ
မပြတ်ပြုံးနေရလွန်းလို့
အာတွေညောင်း ပါးတွေကိုက်လို့ပေါ့။
“ဒါတော့ ဘယ်ကောင်းမလဲနော်လို့”
follow လိုက်ပြောနေရတဲ့ ပါးစပ်ဟာ
မပြတ်ပြုံးနေရလွန်းလို့
အာတွေညောင်း ပါးတွေကိုက်လို့ပေါ့။
ဒီမိကျောင်းမ သားတော့
ဖားပြုပ်ကို အဖေတော်ထားရလို့
လျှာရှည်နေတာ ဘာညာစိတ်ထဲမှာ ကျိန်ဆဲရင်းနဲ့
မဲ့တဲ့တဲ့ နှုတ်ခမ်းပေါ်မှာအပြုံးပန်းအတု
လျှာရှည်နေတာ ဘာညာစိတ်ထဲမှာ ကျိန်ဆဲရင်းနဲ့
မဲ့တဲ့တဲ့ နှုတ်ခမ်းပေါ်မှာအပြုံးပန်းအတု
ပန်ထားရတဲ့ ငါ
( အခုချိန်အထိ ) အာလူးတရားတွေနာနေရတုန်း...............။
( အခုချိန်အထိ ) အာလူးတရားတွေနာနေရတုန်း...............။
နိုင်းအေနွန်အောင်
( nineaeonaung )
(Valentine's Day အတွက် အမှတ်တရကဗျာလေးဖြစ်ပါတယ်။ ကဗျာကိုကြိုက်နှစ်သက်လို့ကူးယူအသုံးပြုပါက ..ကဗျာပိုင်ရှင်၏နာမည်ကိုဖော်ပြပေးစေချင်ပါတယ်ခင်ဗျာ။)
အားလုံးကိုခင်မင်စွာဖြင့်ကိုထွေး
(Valentine's Day အတွက် အမှတ်တရကဗျာလေးဖြစ်ပါတယ်။ ကဗျာကိုကြိုက်နှစ်သက်လို့ကူးယူအသုံးပြုပါက ..ကဗျာပိုင်ရှင်၏နာမည်ကိုဖော်ပြပေးစေချင်ပါတယ်ခင်ဗျာ။)
အားလုံးကိုခင်မင်စွာဖြင့်ကိုထွေး
0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။