နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, December 28, 2011

၂နှစ်ကြာဂြိုလ်သားရုပ်အလောင်း

 














ယခုဖော်ပြပါ ဓာတ်ပုံကို အတည်ပြုနိုင်ခဲ့ပါက ဂြိုလ်သားများသည် ကမ္ဘာမြေပေါ်သို့ အမှန်တကယ် ဆင်းသက်ခဲ့ပြီး ၎င်းတို့ဆင်းသက်ခဲ့ရာ နေရာသည် ရုရှားနိုင်ငံ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။ ရုရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးက သူသည် ဂြိုလ်သားတစ်ဦး၏ ရုပ်အလောင်းကို ရေခဲသေတ္တာအတွင်း ထိန်းသိမ်းထားခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ရက်နေ့တွင် ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ အနောက်ပိုင်းရှိ ပက်ထရိုဇာဗော့စီကီး မြို့တွင်နေထိုင်သော မာတာယေဂိုရော့ဗိနမ် ဆိုသူအမျိုးသမီးက ရေခဲသေတ္တာအတွင်း ၌သူထိန်းသိမ်းထားခဲ့သည်မှာ နှစ်နှစ်ကြာခဲ့ပြီဆိုသော ဂြိုလ်သားအလောင်း၏ ဓာတ်ပုံငါးပုံကို တင်ပြခဲ့သည်။
အဆိုပါဂြိုလ်သားသည် အရပ်နှစ်ပေခန့်ရှိပြီး သိသာထင်ရှားသော လက်တံများနှင့် ပေါ်လွင်သော မျက်နှာပုံသဏ္ထာန်ရှိသည်။ ၂ဝဝ၉ ခုနှစ်က ပန်ကန်ပြားပျံတစ်စင်း ပျက်ကျရာနေရာတွင် ခေါင်းကြီးကြီး မျက်လုံးပြူးပြူး တုတ်ချောင်းကဲ့သို့သော လက်များရှိသည့် ဂြိုလ်သားတစ်ဦးကို တွေ့မြင်ရသည်ဟူသော သတင်းနှင့် ယခုဂြိုလ်သားမှာ ဆက်စပ်လျက်ရှိသည် ဟုဆိုသည်။ ယေဂိုရော့ဗ်နမ်က ၂ဝဝ၉ခုနှစ်က သူ၏အိမ်အနီး၌ ပန်ကန်ပြားပျံပျက်ကျခဲ့ပြီး နောက်သူသည် ဂြိုလ်သားအလောင်းကို ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More