နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, December 29, 2011

သခွားသီး၏ကျန်းမာရေးအကျိုးကျေးဇူး

သခွားသီးမှာ ဖောလိတ်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင် B1၊ ဗီတာမင်B2 ၊ ကယ်လ်စီယမ်၊ ပရိုတင်း၊ အဆီ၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ သွပ်ဓာတ်၊ ဆီလီကာနဲ့ မဂ္ဂနိစ်တို့ ပါဝင်ပါတယ်။ သခွားသီးမှာ အာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။

အသားအရေ
သခွားသီးက အေးမြကြည်လင် စေတဲ့ အာနိသင် ရှိတာကြောင့် အသားအရေ အတွက် အကျိုးရှိပါတယ်။ ရေဓာတ် ပါဝင်မှု မြင့်မားတဲ့ အပြင် ဗီတာမင် အေ၊ ဘီ၊ စီ နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အသားအရေ ထိန်းသိမ်းရေးမှာ သခွားသီးက မရှိမဖြစ် အရေးပါ တာပါ။ သခွားသီး အရည်နဲ့ မျက်နှာကို ပေါင်းတင် ပေးတာက အရေပြားကို တင်းရင်းစေ ပါတယ်။
သခွားသီးမှာ ပါတဲ့ အက်စ်ကောဗစ် အက်ဆစ် နဲ့ ကဖင်း အက်ဆစ်တို့က မျက်ဝန်း တစ်ဝိုက်က ရောင်ရမ်းမှု နဲ့ ဖောင်းကားမှု တို့ကို လျော့ကျ စေတာကြောင့် မျက်လုံးပေါ်မှာ သခွားသီးကို ကပ်ကြပါတယ်။ နေလောင်တာကြောင့် အရေပြား ထိခိုက်နေရင် သခွားသီးကို ပါးပါးလှီးပြီး ကပ်ပေးပါ။
အစာကြေခြင်း
ရင်ပူတာ၊ စားချဥ့်ပြန်ရောဂါ ဖြစ်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်ရင် သခွားသီး ဖျော်ရည် သောက်ပေးပါက သက်သာပါတယ်။ သခွားသီးထဲမှာ ပါတဲ့ အမျှင်ဓာတ်က အစာခြေ စနစ်က အဆိပ်တွေကို ကင်းဝေးစေပြီး အစာခြေဖျက်မှု ဖြစ်စဉ်ကို ကောင်းမွန်စေ ပါတယ်။ သခွားသီးကို နေ့စဉ် စားပေးရင် ဝမ်းမှန်မှန် သွားစေပါတယ်။
အဆစ်ကျန်းမာရေး
သခွားသီးမှာ ပါတဲ့ စီလီကာ ဟာ တွယ်ဆက် တစ်သျှူးတွေကို သန်စွမ်းစေပြီး အဆစ် ကျန်းမာရေး ကောင်းစေပါတယ်။
သွေးဖိအား
သခွားသီးမှာ ပါတဲ့ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ် နဲ့ အမျှင်ဓာတ် တွေက သွေးပေါင်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။
သန်ကောင်ကျစေခြင်း
သခွားစေ့က အူလမ်းကြောင်းက တုပ်ပြားကောင်(Tapeworm) တွေကို ကင်းစေတယ်လို့ တချို့က ဆိုပါတယ်။ သခွားစေ့မှာ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင် ရှိတာကြောင့် နှာခေါင်းနဲ့ လည်ချောင်းရှိ အမြှေးပါးတွေကို ရောင်ရမ်းမှု လျော့ကျစေ ပါတယ်။
လက်သည်း ခြေသည်း ပြုပြင်မှု
သခွားသီးထဲမှာ ပါတဲ့ စီလီကာဟာ လက်သည်း ခြေသည်းတွေ ပျက်စီး ပွန်းပဲ့တာကို မဖြစ်အောင် ကာကွယ်နိုင် ပါတယ်။
ဂေါက်အဆစ် ရောင်နာ
သခွားသီး ဖျော်ရည်ဟာ မုန်လာဥနီ ဖျော်ရည်လိုပဲ ယူရစ်အက်ဆစ် ပမာဏကို လျော့ကျစေ တာကြောင့် ဂေါက်အဆစ် ရောင်နာ ဖြစ်နေသူတွေကို သက်သာနိုင် ပါတယ်။
သွားနှင့် သွားဖုံး ကျန်းမာရေး
သခွားသီးကို အစိမ်းလိုက် စားပေးရင် တံတွေး အထွက် များစေတာကြောင့် ခံတွင်းထဲက အက်ဆစ်တွေကို ဓာတ်ပြယ် စေကာ သွားနဲ့ သွားဖုံးကို ကျန်းမာစေပါတယ်။
ကျောက်ကပ် ကျန်းမာရေး
သခွားသီးမှာ အနာကျက်စေတဲ့ အာနိသင် ရှိတာကြောင့် ဆီးအိတ် နဲ့ ကျောက်ကပ်ရောဂါ တွေကို သက်သာစေ ပါတယ်။ သခွားသီးကို သဘာဝ ဆီးသွားစေတဲ့ အရာလို့လည်း ခေါ်ကြပါတယ်။
ဆံကေသာ ကျန်းမာရေး
သခွားသီး အရည်မှာ စီလီကာ ပါဝင်တာကြောင့် ဆံကေသာ ဖွံ့ဖြိုးမှုကို အားပေး ပါတယ်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More