
သွားဆိုတာဟာ  လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ  ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊  စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း  လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ  ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊  ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက်  ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး  အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ  မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့  သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့  ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ  ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက  ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ  လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်ရှင်..
လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။
အဆင့်(၁) 


အဆင့်  (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို  အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊  လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို  ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ  ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့  တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ  ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ  ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ  ပြောကြလေမလား မသိနော် :)  ) 
အစာစားပြီးတိုင်း၊  ကော်ဖီ၊ အချိုရည် သောက်ပြီးတိုင်း သွားတိုက်နိုင်အောင် ကြိုးစားပါ။  သွားတိုက်ဖို့ အခက်အခဲရှိပါက ရေများများဖြင့် ပလုတ်ကျင်းပါ။ အရောင်ရင့်သော  အစားအသောက်များသည် သွားကို စွန်းထင်းစေနိုင်ပါတယ်။  ဥပမာ- ဘလူးဘယ်ရီသီး
အဆင့်(၃) 


မကြာခဏ  စတော်ဘယ်ရီသီးဖြင့် သွားတွေကို ပွတ်တိုက်ပေးပါ။ စတော်ဘယ်ရီသီးတွင်  ပါဝင်သော အင်ဇိုင်းများမှာ သွားများကို ဖြူစေသော ပစ္စည်းပါဝင်သောကြောင့်  ၄င်း အသီးဖြင့် ပွတ်တိုက်ပေးသင့်ကြောင်း အကြံပြုပါတယ်... စတော်ဘယ်ရီဖြင့်  ပွတ်တိုက်ပြီးပါက သွားကို စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်.. မဟုတ်ပါက  အသီးမှာ ပါဝင်တဲ့ သဘာဝ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်များ ကြွင်းကျန်ခဲ့မှာ  ဖြစ်ပါတယ်.. ရှောက်သီးစိတ်၊ သံပုရာသီးစိတ်တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။ 
အဆင့်(၄) 


ကျွတ်ဆတ်သော  သစ်သီးဝလံ အစိမ်းကို များများစားပါ။ ( ဥပမာ- မုန်လာဥနီ၊ တရုတ်နံနံ၊  ပန်းမုန်လာစိမ်း( Broccoli)၊ ပန်းသီး၊ သရက်သီးစိမ်း၊ မာလကာသီး )။ ၄င်း  အသီးအနှံများကို များများစားပေးခြင်းအားဖြင့် သွားတွင် ကပ်ညှိနေသော  သွားချိုးများကို ပွတ်တိုက်ပြီး ပြောင်စင်သွားစေနိုင်ပါသည်။ (သွားချိုးတွေက  အစာနဲ့အတူ ဗိုက်ထဲဝင်ကုန်ရော :)   ) 
အဆင့်(၅)

သွားတိုက်တံကို  မုန့်ဖုတ်ဆော်ဒါ (စားဆော်ဒါ) အမှုန့်အနည်းငယ် ထည့်ကာ  သွားကိုတိုက်ပေးခြင်းအားဖြင့်လည်း အချိန်အနည်းငယ်အတွင်းမှာ သွားများကို  ဖြူဖွေးလာစေနိုင်ပါတယ်.. 
အဆင့်(၆) 
 
 ရေမရောထားသော သံပုရာရည်ကို ဆားတစ်ဇွန်းဖြင့် ရောကာ သွားတိုက်ဆေးကဲ့သို့ အသုံးပြုပါ။ သွားတိုက်ပြီး ရေစင်အောင်ဆေးပေးပါ။ အမြဲပြုလုပ်ပေးပါက သွားများ ဖြူဖွေးလှပါလာစေနိုင်ပါတယ်။
Hydrogen  Peroxide ကို သွားတိုက်တံတွင် အနည်းငယ်ဆွတ်ကာ သွားများကို တိုက်ပေးပါ။  ပြီးလျှင်း ရေဖြင့်စင်ကြယ်အောင် ဆေးပစ်ပါ။ သို့သော် ၄င်းအရည်များကို  မျိုမချမိစေရန် အထူးသတိပြုပါ။
အထက်ပါ အချက်အားလုံးထဲမှာ Hydrogen Peroxide  ကို  အသုံးပြုတဲ့ အဆင့် (၇) ကိုတော့ ဗဟုသုတအဖြစ် သိရုံသာ သိစေချင်ပါတယ်..  မတော်တဆ မျိုချမိရင် သော်လည်းကောင်း၊ အသုံးမပြုတတ်ခဲ့ရင် သော်လည်းကောင်း  အန္တရာယ်တစ်စုံတစ်ရာ ဖြစ်စေနိုင်တာကြောင့် ၄င်း အချက်ကို ချန်လှပ်ပြီး  ကျန်တဲ့ အန္တရာယ်လဲ မရှိ လွယ်ကူ သက်သာတဲ့ နည်းလမ်းတွေကို  အသုံးပြုမယ်ဆိုရင်  ပြုံးတိုင်းလှနေမဲ့ သွားဖြူဖြူဖွေးဖွေး  အလှပိုင်ရှင်လေးတွေ ဖြစ်လာနိုင်ပါတယ်လို့  James Coolridge ရဲ့ How to keep your teeth white naturally ကို ကိုးကားပြီး ဖော်ပြလိုက်ပါတယ်ရှင်။ 
ချော (အစိမ်းရောင်လွင်ပြင်)


 ကိုထွေး(နည်းပညာ)
ကိုထွေး(နည်းပညာ)
 


 Posted in:
 Posted in:  









 မြန်မာငွေဈေးတွက်ချက်
  မြန်မာငွေဈေးတွက်ချက်
 
 
 
 


0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။