နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, December 29, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်အနုပညာရှင်များအပေါ်ဦးကျော်သူအမြင်

 
















ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်တွဲဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားရာတွင်''အနုပညာရှင်ဆိုတာ တိုင်းပြည်ရဲ့ မျက်နှာဖုံးပဲ။ ပြည်သူ၊ ပြည်သား အားလုံးကလည်း ဒီလိုအနုပညာရှင်တွေကိုပဲ မျက်စိဒေါက်ထောက် ကြည့်နေကြတာပါ။ ဥပမာအနေနဲ့ တစ်ယောက်က သူရဲ့ သရုပ်ဖော်မှု၊ နေထိုင်သွားလာမှု အကျင့်စာရိတ္တ ပျက်စီးသွားတယ်ဆိုရင် အများပြည်သူကလည်း အတုလိုက်ခိုးပြီး ပျက်မှာ၊  
ဒီတော့အနုပညာသမားတွေက အရေးကြီးပါတယ်။ ကိုရီးယားနိုင်ငံမှာဆိုရင် ကြည့်ပါ။ ကိုရီးယားကို ကမ္ဘာကသိလာအောင် အနုပညာနဲ့ပဲ လုပ်ခဲ့တာ။ အဲဒီတော့ အနုပညာသမားတွေက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ နေရာက ပါဝင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အနုပညာသမားတွေနဲ့ စည်းစည်းလုံးလုံး လက်တွဲပြီးတော့ တိုင်းပြည်ထူထောင်တဲ့ နေရာမှာ ပါဝင်လာတာ အင်မတန် အလားအလာကောင်းပါတယ်။ အနုပညာသမားတွေ က အဓိကထားရမှာ ကိုယ်ရဲ့ခံယူချက်ပါ။ ခံယူချက်အမျိုးမျိုး ပြောင်းလို့တော့မရပါဘူး။ ဦးတည်ချက် ပြောင်းသွားမယ်ဆိုရင် မကောင်းဘူး။ ဦးတည်ချက်ထားတဲ့အတိုင်း သွားဖို့အရေးကြီးပါတယ်'' ဟု ပြောကြားသည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More