နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Monday, December 26, 2011

ပရိတ်သတ်ပေးတဲ့ဆုကိုဘာနဲ့မှမလဲနိုင်တဲ့ ၀တ်မှုံရွှေ့ရည်

People မဂ္ဂဇင်း ၉ နှစ်ပြည့် အခမ်းအနားမှာ ပရိသတ်များက အနုပညာရှင်များကို မဲပေး ရွေးချယ်ပြီး Celebrity အဖြစ် ချီးမြှင့်ခဲ့ပါတယ်။ ဒီပွဲမှာ ပရိသတ် အကြိုက် ဆုံး၊ ပေါ်ပြူလာ အဖြစ်ဆုံး တီဗီကြော်ငြာ မော်ဒယ် အမျိုးသမီးဆုကို လက်ရှိ တီဗီကြော်ငြာတွေမှာ
အများဆုံး မြင်တွေ့နေရတဲ့ ဝတ်မှုံရွှေရည် ကရရှိခဲ့ပါတယ်။ ဒီဆုရတဲ့ အတွက် ဝမ်းသာပြီး ပရိသတ်က ပေးတဲ့ဆုအဖြစ် သတ်မှတ်ပါတယ်လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။ ပရိသတ်ရဲ့အချစ် တွေကို ရရှိတဲ့ အတွက် ဝတ်မှုံရွှေရည် ရဲ့ ပီတိက “ပရိသတ်ရဲ့ မေတ္တာရတာက ဘာနဲ့မှ မတူပါဘူး။ အဲဒီပျော်ရွှင်မှု ပီတိက ဘာနဲ့မှလဲ လို့မရဘူး။ ပရိသတ်တွေ နဲ့တွေ့ရင် ကစ်ပျော်တယ်။ ကိုယ့်ကို အားပေးကြ တယ်။ လှိုက်လှိုက်လှဲလှဲနဲ့ သူတို့ရင်ထဲက ချစ်တာကို မြင်ရတယ် ဆိုတော့ တအား ပျော်ပါတယ်။ လူသန်းပေါင်း များစွာထဲက ပြည်သူချစ်တဲ့ အနုပညာရှင် ဖြစ်တဲ့အတွက် လည်းတအား ဝမ်းသာပါတယ်” လို့ ပြောပါတယ်။ အနုပညာရှင် တစ်ယောက် အနေနဲ့ ပရိသတ် အားပေးမှုက ခွန်အား ဖြစ်စေပြီး ပရိသတ် အားပေးရ ကျိုးနပ်အောင် လည်း ကြိုးစားသွားမှာပါလို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။ ၂ဝ၁၁ခုနှစ် အတွင်း အဆင်မပြေမှုတွေ၊ အခက်အခဲလေးတွေ ရှိနေပေမယ့် ပရိသတ်ရဲ့အားပေးမှု တွေကို ရရှိတဲ့ အတွက် ကျေနပ်ပျော်ရွှင် မိပါတယ်လို့ ပြောပါတယ်။ “၂ဝ၁၁မှာ အခက်အခဲလေး တွေ စိတ်အနှောင့်အယှက်တွေ နဲ့ဆိုတော့ ရှောရှော ရှူရှူတော့ မဖြစ်ခဲ့ပါဘူး။ အလုပ်မှာ စိတ်အနှောင့်အယှက် လေးတွေလည်း ဖြစ်တယ်။ လူမှုရေးတွေလည်း သိပ်အဆင်ပြေတဲ့ နှစ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကစ် လုပ်စရာ ရှိတာကိုတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ပါတယ်။ အဲဒီလို အခြေအနေမှာမှ ပရိသတ်ရဲ့အားပေးမှုကို ရရှိတဲ့ အတွက် အတိုင်း မသိအောင် ပျော်ရွှင်ရပါတယ်။ ပရိသတ်ကိုလည်း ကစ်ရင်ထဲ၊ ဦးနှောက်ထဲမှာ အပြည့်ပါပဲ” လို့ စိတ်အနှောင့်အယှက် ဖြစ်စရာ အခြေအနေတွေ ကြားထဲကမှ ပရိသတ်ရဲ့ အားပေးမှု ရတဲ့အတွက် အတိုင်းမသိ ကျေနပ် ဝမ်းမြောက် ရကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။ ချောင်းသာမှာ နေတိုးနဲ့ ဝတ်မှုံတို့ ဇာတ်ကား ရိုက်နေသလို ပြေတီဦးနဲ့ ခိုင်သင်းကြည် တို့လည်း လာရိုက် တာကြောင့် ရှုတင်နှစ်ခု ဆုံဖြစ်ခဲ့ ပါသေးတယ်။ ချောင်းသာမှာ လာရိုက် ရတဲ့အခါ အပန်းပြေသလို ဖြစ်တဲ့အတွက် စိတ်သက်သာရာ ရပြီး ရန်ကုန်မှာ ရိုက်တာ ထက်စာရင် စိတ်တွေ ပေါ့ပါးနေတယ်လို့ ဝတ်မှုံက ပြောပါတယ်။
ခိုင်ဝေလွင်

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More