နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, December 29, 2011

မိုက်ကယ်ဂျက်ဆင်၏ဆရာဝန်ထောင်ဒဏ်၎နှစ်ချမှတ်ခံရ

လော့စ်အိန်ဂျလိစ် တရားရုံးမှ တရားသူကြီးက နိုဝင်ဘာလ ၂၉ရက်နေ့တွင် မိုက်ကယ်ဂျက်ဆင်၏ ဆရာဝန် ဒေါက်တာကွန်ရက်မာရေးအား မရည်ရွယ်သော လူသတ်မှုဖြင့် ထောင်ဒဏ်လေးနှစ် စီရင်ချက် ချမှတ်လိုက်ကြောင်း သိရသည်။ တရားသူကြီး မိုက်ကယ်ပါစတာက စီရင်ချက်ကို မဖတ်ကြားမီ ဒေါက်တာကွန်ရက်မာရေး သည်စံပြုထားသည့် လူနာစောင့်ရှောက်မှု များစွာကိုလျစ်လျူရှုခဲ့ကြောင်းနှင့် ဆေးပညာဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု ကိုဂုဏ်သိက္ခာကင်းမဲ့အောင် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒေါက်တာ ကွန်ရက်မာရေး(၅၈နှစ်)ကို တရားသူကြီး အဖွဲ့က နိုဝင်ဘာလ ၇ရက်နေ့တည်းက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအခါစီရင် ချက်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာကွန်ရက်မာရေး အားထောင်ဒဏ်လေးနှစ် စီရင်ချက်ချမှတ်ခဲ့သော်လည်း ရှုပ်ထွေးသော တရားစီရင်ချက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကြောင့်အမှတ်တကယ် ထောင်ဒဏ်ကျခံရမည့် ကာလကို အတိအကျမသိရဟု ဆိုသည်။ တရားရုံးအပြင်ဘက်တွင် စုဝေးနေကြသော မိုက်ကယ်ဂျက်ဆင်၏ ပရိသတ်ပေါင်းများစွာ တို့သည် ဒေါက်တာမာရေးအား ထောင်ဒဏ်လေးနှစ် အပြစ်ဒဏ်ချမှတ်ခြင်းမှာ လုံလောက်မှုမရှိသေး ဟုဆိုကာ ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More