အကယ်ဒမီပွဲနီးလာတာနဲ့အမျှ အကယ်ဒမီခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာပါပြီ။ ဒီထဲမှာ “အငိုမျက်လုံး အပြုံးမျက်နှာ” ဆိုတဲ့ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ ခန့်မှန်းကြတဲ့ လင်းဇာနည်ဇော်ကို
အကယ်ဒမီပွဲအတွက် ပြင်ဆင်နေပြီလားလို့ မေးကြည့်တော့ “အကယ်ဒမီနီးတိုင်းမနှစ်ကလည်းဒီလိုပါပဲ။ ဒီနှစ်လည်းဒီလိုပါပဲ။ အကယ်ဒမီဝတ်စုံက အခုထိတော့ မပြင်ဆင်ရသေးဘူး။ ရိုးရိုးပဲသွားမှာပါ။ လူကြီးလည်းဖြစ်နေပြီဆိုတော့ ကိုးလို့ကန့်လန့်လုပ်လို့မရတော့ဘူး။ စပွန်ဆာတွေက ပြောထားတာတော့ရှိပါတယ်။ သိပ်အစောကြီးမလုပ် ဖြစ်တာက အစ်မက သိပ်အထွေအထူးကြီးလုပ်မှာ မဟုတ်တဲ့အတွက်ပါ။ ပွဲက ကွင်းပြင်ထဲမှာဆိုတော့ ညဖက်နည်းနည်းချမ်းလာတယ်၊ ကိုယ်တွေမြန်မာဝတ်စုံဆိုတော့ အနွေးထည်တွေထပ်ဝတ်သွားလို့ မရဘူး။ ဒီနှစ်တော့ အအေးဒဏ်ခံနိုင်အောင် ဘယ်လိုဝတ်ရမလည်း စဉ်းစားနေတာ။ အကယ်ဒမီဆုကို ပရိတ်သတ်ပေးတယ့် အသံကြားရတာနဲ့တင်ကျေနပ်နေပြီ။ သိပ်မမျှော်လင့်ထားဘူး။ ပရိတ်သတ်ပေးတာနဲ့တင် ကျေနပ်ပါတယ်။ ရခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့“ လို့ ပြောခဲ့ပါတယ်။ လင်းဇာနည်ဇော်က ဒီနှစ်အကယ်ဒမီပေးပွဲကို သမီးဖြစ်သူ မြူလင်းကိုကိုနဲ့ အတူတူတက်ဖြစ်မလားဆိုတာကိုတော့ စဉ်းစားနေတုန်းပဲလို့ ဆိုခဲ့ပါတယ်။


ကိုထွေး(နည်းပညာ)

Posted in:
မြန်မာငွေဈေးတွက်ချက်

0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။