နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, December 29, 2011

မိုက်ကယ်ဂျက်ဆင်သည်မိမိကိုယ်ကိုသတ်သေခြင်းမဖြစ်နိုင်

မိုက်ကယ်ဂျက်ဆင်၏အလောင်းကိုခွဲစိတ် စစ်ဆေးခဲ့သည့် ဆရာဝန်က ဂျက်ဆင်သည် မိမိကိုယ်မိမိ သတ်သေခဲ့ခြင်း မဖြစ်နိုင်ဘဲ တစ်စုံတစ်ဦး၏ ပယောဂကြောင့်သာ သေဆုံးခဲ့ခြင်းဖြစ်နိုင်သည် ဟုအောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ဂျက်ဆင်၏ဆရာဝန် ကွန်ရက်မာရေး၏ ထွက်ဆိုချက်၌ ဂျက်ဆင်သည် ပရိုပိုဖောဆေး များကို မိမိဘာသာ အလွန်အကျွံသုံးစွဲပြီး မိမိကိုယ် မိမိ သေဆုံးအောင် ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော် ဒေါက်တာ ခရစ္စတိုဖာရော်ဂျာက လော့စ်အိန်ဂျလိစ် အထက်တရားရုံး တရားသူကြီးရှေ့၌ ယခုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ မိုက်ကယ်ဂျက်ဆင်သေဆုံးခဲ့မှုကို လူသတ်မှုအဖြစ်တရားစွဲဆိုကာ အမှုစစ်ဆေးလာခဲ့သည် မှာ ယခုအခါ သီတင်းသုံးပတ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More