နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, December 29, 2011

ဗီဇ ပြုပြင်ထားသောဗိုင်းရပ်စ်များကိုထိုးသွင်းခြင်းဖြင့်ကင်ဆာကိုကုသနိုင်

ဗီဇ ပြုပြင် ထားသော ဗိုင်းရပ်စ် တစ်မျိုးကို သွေးကြောထဲသို့ ထိုးသွင်းခြင်း အားဖြင့် ခန္ဓာကိုယ် တစ်လျှောက်လုံးရှိ ကင်ဆာ ဆဲလ်များ ဆီသို့ ရွေးချယ်ကာ ဦးတည် သွားနိုင်ပြီး ကင်ဆာရောဂါ ကုသမှုတွင် အသုံးပြု နိုင်ကြောင်း ပညာရှင်များက စက်တင်ဘာ လ ၁ ရက် နေ့တွင် ကြေညာခဲ့သည်။

အဆိုပါ နည်း လမ်းကို
လူနာ ၂၃ ဦး၌ စမ်းသပ် ခဲ့ရာ အဆိုပါ ဗိုင်းရပ်စ်များသည် ကင်ဆာဆဲလ် များကိုသာ တိုက်ခိုက်ပြီး ကျန်းမာသော ဆဲလ်များကို  တိုက်ခိုက်ခြင်း မရှိကြောင်း တွေ့ရှိ ခဲ့ရသည် ဟု ဆိုသည်။ ယင်းမှာ ဆေးပညာ သမိုင်း၌ ကင်ဆာရောဂါ ကုသရန် ဗိုင်းရပ်စ် ကုထုံးကို ပထမဆုံး ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ အဆိုပါ သုတေသနကို အော့တဝါ တက္ကသိုလ်မှ သုတေသန ပညာရှင် ဂျွန်ဘယ်လ် ဆိုသူက ဦးဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More