သူ့ကိုချစ်၍ မေ့ပစ်မရ
ဘ၀သွေရော် အဖော်မဲ့ကင်း
ပူပြင်းတမျှ ဒီဘဝ
သူကတော့ မသိနိုင်......
သူ့ကိုလွမ်း၍ တမ်းတမျှော်ငေး
အလွမ်းတေးသစ် ရေးခြစ်သီဆို
ငိုငိုသမျှ ဒီဘဝ
သူကတော့ဖြင့် မကြားနိုင်......
သြော်....
သူကရွှေကြာ ငါကဗေဒါမို့
ရင်မှာနွယ်ကြိုး ရစ်ကာတိုး၍
ခိုးချစ်သမျှ သောကအပူကို
သူသိစေချင်လိုက်တာ......။
ထိုပလေပလှော်
0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။