နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, August 30, 2011

ပူဖောင်း ပြုလုပ်ကာ ဂင်းနက်စ် ကမ္ဘာ့ စံချိန်ချိုး

ပူဖောင်းသမား ဆမ်ဆမ်ဟု နာမည်ကြီးသော ဆမ်ဟိသည် သူ၏ သတ္တမမြောက် ဂင်းနက်စ် ကမ္ဘာ့စံချိန်ကို ဇူလိုင်လ ၃ ရက်နေ့တွင် တင်နိုင်ခဲ့ကြောင်း သိရသည်။ ပူဖောင်းများ ပြုလုပ်၍ လည်းကောင်း၊ ပူဖောင်းများ မှုတ်၍ လည်းကောင်း ကမ္ဘာ့စံချိန်များ တင်ခဲ့သူ ဆမ်ဆမ်သည် ယခုအကြိမ်၌ ပူဖောင်းကြီး တစ်လုံး အတွင်း ပူဖောင်းငယ် အများဆုံး ထည့်သွင်း နိုင်မှု အဖြစ် ကမ္ဘာ့ စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ပူဖောင်းကြီး တစ်ခု အတွင်း ပူဖောင်း ငယ်ပေါင်း ၅၆ လုံးကို ထည့်သွင်း ပြခဲ့ပြီး သူကိုယ်တိုင်၏ စံချိန်ဟောင်းကို ပြန် ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ၂၀၀၆ ခုနှစ်က ပူဖောင်းကြီး တစ်လုံးအတွင်း ပူဖောင်း ၄၉ လုံး ထည့်သွင်းကာ ပထမ စံချိန်ကို တင်ထားခြင်း ဖြစ်သည်။ ဆမ်ဆမ် (၃၉ နှစ်) သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ နေထိုင်ပြီး ပူဖောင်း ပညာရှင်အဖွဲ့ တစ်ဖွဲ့နှင့် ပူးပေါင်း၍ အလုပ်လုပ်ကာ ယူနီဗာဆယ် စတူဒီယို၊ ပေါမကားနေးလ် နှင့် ပီတာဂေဘရီယယ်တို့ ကဲ့သို့သော နာမည်ကျော်များ နှင့် ပူးတွဲကာ အလုပ် လုပ်ဖူးကြောင်း သိရသည်။
                                                        (အင်တာနက်မှ မျှဝေသည်)

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More