နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, August 30, 2011

သူများကို ဆရာမလုပ်တတ်ဘူးဆိုတဲ့ ခိုင်သင်းကြည်

                                           
ရိုက်ကွင်းမှာ ကိုယ်အသစ် ဘဝတုန်း ကလည်း သင်ပေး ကြပါတယ်။ အသစ် ဆိုတာက ဘယ်သူမှ ဘာမှ မသိကြပါဘူး။ မ တုန်းကဆိုလည်း ကြော်ငြာ စရိုက်တာ ကြော်ငြာ မိတ်ကပ်ဘူး ကောက်ကိုင်လိုက်ဆို ကိုင်လိုက် တာပဲ။ ကင်မရာ လိုက်လား မလိုက်လား မသိဘူး မြန်မြန် ဆန်ဆန်ပဲ ကောက်ကိုင် ပစ်လိုက်တာ။ ရိုက်ကွင်းမှာ သူများကို ပြောပြတယ် ဆိုတာကလည်း မကဘယ်သူ့ကိုမှ အရမ်းကြီး သင်ပေးတာမျိုး မရှိဘူး။ ဘာဖြစ်လို့ဆို မလည်းတတ်လို့ လုပ်နေတာ မဟုတ်ဘူးလေ။ ဝါသနာပါလို့ လုပ်ရင်းကနေ ပါရမီပါလာလို့ ဖြစ်လာတာလေ။ မတို့လည်း ဘာသင်တန်းမှ မတက် ခဲ့ရ ဘူး။ ဘာမှလည်း မတတ်ဘဲ ပရိသတ်နဲ့ အဆင်ပြေသွားလို့သာ ခုလို ဖြစ်လာတာလေ။ ရိုက်ကွင်းမှာပြောပြတယ် ဆိုတာ ကြုံလို့ ပြောပြတဲ့ သဘောလေးပါပဲ။ သိပ် အများကြီးလည်း သူများကို ဆရာ မလုပ်တတ်ဘူး။
စင်္ကာပူမှာက ဝယ်နေကျ အဝတ်အစား၊ အိတ်နဲ့ဖန်စီပစ္စည်း တွေပါပဲ။ ထူးထူးခြားခြား ဘာမှဝယ်ခဲ့တာမျိုးမရှိပါဘူး။ ခရီးကခုဆို သမီးက အရွယ် ရောက်ပြီး သိတတ်လာပြီ ဆိုတော့ ကလေးကျောင်း ပိတ်တဲ့ရက်တွေထွက်ဖြစ် တယ်။ ခုကလေးကျောင်း ပိတ်တဲ့ နှစ်လမှာ စင်္ကာပူပို့ ပေးတယ်။ မပြင်ဦးလွင်ကား ရိုက်သွားတော့ ခေါ်သွား တယ်။ နိုင်ငံခြား ခရီးတစ် ခေါက်၊ ပြည်တွင်းခရီးတစ် ခေါက်တော့သူ့ကျောင်းပိတ် ချိန်လေးမှာ ပို့ပေးဖြစ်ပါ တယ်။ ကြားထဲမှာ ကလေး မပါဘဲသွားမှာဆို ၈ ရက်နေ့ မှာ ဘန်ကောက်မှာကားသွားရိုက်မယ်။ နိုင်ငံခြားမှာ ပဲရိုက်ရိုက် ပြည်တွင်းမှာပဲရိုက်ရိုက် ပိုက်ဆံက ဒီ ပိုက်ဆံပဲ။ ဒီအနုပညာပဲ ရှုခင်းတွေတော့ မတူဘူးပေါ့။ ကိုယ်လည်းအပျော်သွားရင်း စိတ်လည်းRelax ဖြစ်တဲ့အနေနဲ့သွားရိုက်ဖြစ်တာပါ။
ဒါရိုက်တာ မိုက်တီး၊ ကိုခင်လှိုင် တို့ပါမယ်။ မင်းသမီးက မတစ် ယောက်တည်းပါပဲ။ မအလုပ်ပေါ်မှာတော့ သမီးက အမျိုးမျိုးဝေဖန်တာပဲ။ သရဲကားဆိုလည်း သရဲမကြီးပေါ့။ လှရင်လည်း အမလေး မေမေ ကလည်း မေမေ့ ကိုယ်မေမေ အပျိုလေးများ ထင်နေသလား ပြောတယ်။ ဟိုတလောက ထွက်သွားတဲ့ အောင်ရဲလင်းနဲ့ ကားမှာဆို ကလေးစတိုလ် လေး ဝတ်တာဆိုတော့ ကြည့်ပြီး သူက ဖေဖေရယ် မေမေက သူ့ကိုယ်သူ အပျိုလေးများ ထင်နေသလားမသိဘူး။ ဖေဖေနဲ့ သမီးကို မေ့နေပြီထင်တယ် အဲဒီလိုမျိုးစုံပြောတတ်တယ်။ သူပြော တော့လည်း ဪသမီးရယ် ဒါမေမေ့ရဲ့ အလုပ်လေလို့ ပြန်ပြောရတာပေါ့။ ရပ်ပါ ရွှေရိုးက ဗွေးတုတ်ရဲ့ အဆက် လည်း မဟုတ်ပါဘူး။ သပ်သပ် စီပါပဲ။ ´ရပ်ပါ ရွှေရိုးမှာ´လည်း ထုံးစံအတိုင်းတော့ သူမ ပါပဲ ဒါပေမဲ့လည်း ´ဗွေးတုတ်´ လို စပ်စလူးပြာယာခပ်ကြီး တော့မဟုတ် တော့ ဘူး။ နည်းမယ်ပေါ့။ အနည်းငယ်မှ မပါရင်လည်း ခိုင်သင်းကြည် မဖြစ်ဘူးလေ။

                                                                      

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More