နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, August 30, 2011

မင်္ဂလာသတင်းကြားရဖို့ နီးနေတဲ့ ကြိုးကြာ

                                                                   
မိန်း ကလေး ခံစား ချက် သီချင်း အေးအေးလေး များဖြင့် ပရိသတ်ရရှိ ထားသူ တေးသံရှင် ကြိုးကြာ က သူမ ၏ မင်္ဂလာပွဲ နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောကြားသည်။ သမီးရဲ့မင်္ဂလာ သတင်းက တော့ ပထမ တုန်း ကတော့ ဒီဇင်ဘာ လို့ စီစဉ် ထားခဲ့ပါတယ်။ ဒါပေ မဲ့ အခု ဒီဇင်ဘာက လည်း ကပ်နေပြီ ဆိုတော့ နောက်ရွှေ့ဖြစ်မယ်ထင် တယ်။ သေချာ အတိအကျ ဘယ်ရက် ရယ်လို့ တော့ မပြောချင် သေးဘူး ဟု သူမက ပြောသည်။ ကြိုးကြာ၏ ချစ်သူမှာ အနုပညာ လောကထဲမှပင် ဖြစ်ပြီး သူမ၏ ချစ်သူကို ဘဝ လက်တွဲဖော် အဖြစ် မည်သည့် အကြောင်းအ ချက်များ ကြောင့် ရွေးချယ်ဖြစ် သည်ကိုလည်း ဘဝ တစ်ခုလုံး လက်တွဲ သွားဖို့ အတွက် အဓိက ကတော့ သမီး သူ့အပေါ် ယုံကြည် တယ်။
အဲဒါကြောင့် လည်း စေ့စပ် ဖြစ်သွား တာပါ။ နှစ်ယောက်လုံးရဲ့ အလုပ်နဲ့ ပတ်သက်ရင်တော့ သူ့ကို အဝတ်အစား ပိုင်း အကြံပေးဖြစ် တယ်။ ကျန်တာ တော့ သိပ်မရှိ ပါဘူးဟု ချစ်သူနှင့် ပတ်သက်ပြီး ပြောပြသည်။ ကြိုးကြာက သူမ၏ မင်္ဂလာ ပွဲကို နံနက်ပိုင်းတွင် ဘုရား ကျောင်း၌ တစ်ပွဲ ပြုလုပ်ပြီး ညဘက် တွင် ညစာ စားပွဲတစ်ပွဲ စုစုပေါင်း နှစ်ပွဲသာ ပြုလုပ်ရန် စဉ်းစား ထား သည်ဟုဆိုသည်။ လတ်တလော တွင်ဂီတနှင့် ပတ်သက်၍ ဘုရား သီချင်းများ သီဆို ဖြစ်နေပြီး အစ်မ ဖြစ်သူ စင်ဒီ နှင့် နှစ်ယောက်တွဲ အခွေ စီစဉ်နေသည် မှာလည်း တစ်ဝက်ခန့် ပြီးစီးသွားပြီဟု ပြော သည်။ သီချင်း အမျိုးအစားမှာ နှစ် ယောက်လုံးနှင့် လိုက်ဖက်သည့် သီချင်းအေးများ ဖြစ်ပြီး R&B ရောထားသည့် သီချင်း ပုံစံ လေးများ ထည့်သွင်း ထားသည်ဟု ဆိုသည်။

                                                                                  

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More