ကျွန်တော်ဒီနေ့တော့ နာမည်ကြီး Software တစ်ခုဖြစ်တဲ့ Winrar အသုံးဝင်ပုံလေးကိုပြောပြချင်ပါတယ်။ သိပြီးသားသူတွေလဲရှိမှာပါ။ မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ။
Winrar ဖြင့်ဖိုင်ချုံ့ခြင်း
ဒါလေးကတော့အားလုံးပဲလုပ်တက်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ချုံ့ချင်တဲ့ဖိုင်ကို Right Click ထောက်လိုက်ပါ။အောက်ကပုံလေးအတိုင်းမြင်ရပါလိမ့်မယ်။
Add to Archive ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ Archie name and parameters ဘောက်လေး ကျလာပါမယ်။အဲ့ဒီဘောက်ထဲမှာ Profiles ရဲ့အောက်မှာ RAR နဲ့ချုံ့ မှာလား၊ ZIP နဲ့ချုံ့မှာလား၊ ကြိုက်တာရွေးလို့ရပါတယ်။
ဒီနေရာမှာပြောစရာရှိတာကတော့ Winrar မှာ RAR နဲ့ ZIP ဆိုပြီးနှစ်မျိုးသုံးလို့ရပါတယ်။ ဘာကွာဟချက်ရှိလည်း ဆိုတော့နေရာတစ်ခုမှာ Upload တင်မယ်ဆိုရင် Forder လိုက်တင်ပေးလို့ မရပါဘူး။ မေးလ်ထဲကပဲ folder တစ်ခုကိုပို့မယ်ဆိုပါစို့ .......မိမိပို့ချင်တဲ့ဖိုင်ကိုဒီတိုင်းပို့လို့မရပါဘူး။ ZIP သို့မဟုတ် RAR နဲ့ချုံ့ပြီးမှ ပို့လို့ရပါတယ်။ အဲ့ဒီအတွက်ဘာSoftware မှမသုံးပဲဖွင့်လို့ရအောင်ပို့ချင်တယ် ဆိုရင်တော့ Zip ကိုသုံးလို့ရပါတယ်။ Zip နဲ့ချုံ့ ထားတာဆိုရင် Winrar လို Zip ဖြည်စရာ Software မရှိလည်းဒီတိုင်းဖွင့်လို့ရမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်တော့သိသိသာသာလျော့ကျသွားမှာမဟုတ်ပါဘူး...။
RAR ကျတော့ Zip ထက် ဖိုင်ဆိုဒ်ကိုပိုချုံ့ပေးပါတယ်။ RAR နဲ့ချုံ့ခဲ့တယ်ဆိုရင်တော့ Winrar Software မရှိပဲ ဖွင့်လို့မရပါဘူး။RAR ကိုပဲအသုံးများကြပါတယ်။RAR ကိုပဲသုံးမယ်ဆိုရင်တော့ Add to Archive ကိုသုံးစရာမလိုပါဘူး။ "Add to ......rar"ဆိုတာလေးကိုအသုံးပြုရုံပါပဲ။အောက်က Compress to "..... rar " and email ဆိုတာလေးကတော့ ချုံ့ပြီးတာနဲ့ email နဲ့ပို့ပေးဖို့ဖြစ်ပါတယ်။
ချုံ့ထားတာကိုပြန်ဖြေမယ်
ကျွန်တော်တို့ချုံ့ထားတာလေးတွေကိုပြန်ဖြေမယ်ဆိုရင်တော့ RAR ဖိုင်လေးကို Right Click ထောက်လိုက်ပါ။ အပေါ်ဆုံးက Extract files.. လေးကိုနှိပ်လိုက်ရင်တော့အဲ့ဒီဖိုင်အတွက် option တွေထပ်ပေါ်လာပါလိမ့်မယ်။ Extract Here ဆိုတာကိုနှိပ်ရင်တော့ ကျွန်တောတို့ချုံ့ခဲ့တဲ့ပုံစံအတိုင်း ပြေကျလာမှာဖြစ်ပါတယ်။ Extarct ဆိုတာကတော့ကျွန်တောတို့ပြေကျလာတာလေးကို Folder လေးနဲ့ကျလာအောင်အသုံးပြုတာဖြစ်ပါတယ်။
ကျွန်တော်တို့ဖိုင်ချုံ့တဲ့အခါမှာ password ပေးထားလို့ရပါတယ်။ ဖိုရမ်တွေမှာအများသောအားဖြင့် မိမိဖိုရမ်ကပေးတဲ့ download မှန်သမျှကို ဖိုရမ်ရဲ့နာမည်ကို password ပြန်ပေးထားတာရှိပါတယ်။

ကျွန်တော်တို့ password ထည့်မယ်ဆိုရင်တော့အရင်ဆုံးမိမိတို့ချုံ့ ချင်တဲ့ဖိုင်ကို Right Click လုပ်ပါ။
Add to archive ကိုနှိပ်လိုက်ပါ။ Archive name and parameters ဘောက်လေးကျလာပါလိမ့်မယ်။
Advanced tab ကိုသွားပါ။ Set password ကိုနှိပ်လိုက်ပါ။ Enter password ဆိုတဲ့ဘောက်လေးကျလာ
ပါမယ်။မိမိတို့အသုံးပြုချင်တဲ့ password ကိုအပေါ်မှာရောအောက်မှာပါရိုက်ထည့်ပေးပါပြီးရင် OK ကို
နှိပ်လိုက်ပါ။ဒါဆိုရင်မိမိတို့ချုံ့လိုက်တဲ့ file လေးကို password ပေးပြီးသားဖြစ်သွားပါပြီ။
အဲ့ဒီဖိုင်ကိုဖြန်ဖြေမယ်ဆိုရင်တော့စောစောကပေးထားတဲ့ password လေးကိုတောင်းပါလိမ့်မယ်။
တကယ်လို့ password မထည့်ဘူးဆိုရင်တော့ဘယ်လိုမှ ဖြေလို့ရမှာမဟုတ်ပါဘူး။
Software တစ်ခုကို Share ပေးချင်တယ်ဆိုပါဆို့။ဒါပေမယ့် ကျွန်တော်တို့သုံးချင်တဲ့ Hostingဆိုဒ်တွေက ဖိုင်တစ်ခုကို 100 Mb ပဲ Upload တင်လို့ရတယ်။အဲ့ဒီအတွက်ဖိုင်တွေကို ခွဲပြီးတင်ပေးရပါမယ်။အဲ့ဒီအတွက်
ကျွန်တော်တို့တင်ချင်တဲ့ File လေးကို Right Click ထောက်လိုက်ပါ။ Add to Archive ကိုနှိပ်လိုက်ပါ။
Archive name and parameters ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။Split to volume , bytes မှာ
Zip 100: 98078 kb ကိုရွေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်ကျွန်တော်တို့ခွဲလိုက်တဲ့ ဖိုင်
နာမည်နဲ့ Part 1 , Part 2 ဆိုပြီးပေါ်လာပါလိမ့်မယ်။အပိုင်းတစ်ပိုင်းကို 100Mb နဲ့ခွဲလိုက်တာဖြစ်ပါတယ်။
စိတ်ကြိုက်ပိုင်းလို့အဆင်ပြေပါတယ်။
ဝေမျှခြင်းသက်သက်ပါ။
2 ဦးမှတ်ချက်ပြုပါသည်။:
အဲ့ဒီဖိုင်ဆိုဒ်တော်တော်ကြီးတဲံဟာတွေကိုဆိုဒ်သေးသွားအောင်ထပ်ချုံ့ချင်ရင်ဘယ်လိုလုပ်ရမလဲ
ကျေးဇူးပါ အကို ညီလေ Zip ဖိုင်က Password ခံထားတာ မမှတ်မိတော့လို့ဘယ်လိုလုပ်ရင် ရမလဲ အကို
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။