နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Monday, April 15, 2013

Computer သုံးတဲ့သင့်အတွက်

Task Manager ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
Task Manager ကို ပြန်ဖော်ဖှို့ က -
Start >> Run >> gpedit.msc လို့ ရိုက်ပြီး enter နိုပ်လိုက်ပါ ။ ပြီးရင် Administrative Templates >> System >> Ctrl+Alt Del Option ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက Remove Task Manager ကို ကလစ်နှိပ်ပြီး Disabled ကိုရွေးပြီး Apply >> Ok ဆိုရင်ရပါပြီ ။
Task Manager ကို ဖျောက်ထားချင်ရင် Enabled ကိုေ၇ရွးလိုက်ရင် ရပါတယ်
Search Program ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာရဲ့  Search Program ကို ဖျောက်ချင် ဖော်ချင်သူများ အတွက်
Search Program ကို ပြန်ဖော်ဖို့ က
Star >> Run >> gpedit.msc လို့ ရိုက်ပြီး enter နှိပ်ပါ ။ ပြီးရင် Administrative Templates >> Windows Explorer ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက Remove Search menu from Start Menu ကို ကလစ်နှိပ်ပြီး Disabledကိုရွေးပြီး Apply >> Ok ဆိုရင် ရပါပြီ
Search Program ကိုဖျောက်ထားချင်ရင်တော့ Enabled ကိုရွေးပေးရင်ရပါတယ် ။
Floder Option ကိုဖျောက်ခြင်း ၊ ဖော်ခြင်း
Floder Option ပြန်ဖော်ဖို့ နည်းလမ်းကတော့ ဒီလို ပါ ။
Star >> Run >> gpedit.msc လို့  ရိုက်ပြီး Enter နှိပ်ပါ ။ ပြီးရင် Administrative Templates >> Windows Components >> Windows Explorer ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက
Remove the Floder Option menu item from the tools Menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေး ပြီး Apply >> Ok ဆိုရင် ရပါပြီး ။ ဒါက Tool ထဲက Floder Option အတွက်ပဲဖြစ်ပါတယ် ။ Folder Option ကို ဖျောက်ထားချင်ရင် Enabled ကိုရွေးလိုက်ရင် အိုကေသွားပါလိမ့်မယ် ။
Desktop Background ကို ပြောင်းလို့ မရအောင် ၊ ပြောင်းလို့ ရချင်ရင်
Desktop Background ကို မပြောင်းစေချင်ရင် ကိုယ်အမြဲထားချင်တဲ့  ပုံကို အရင်ပြောင်းထားပါ ။ ပြီးရင် လို့ ရိုက်ပြီး နှိပ်ပါ ။ ပြီးရင် Start >> Run >> gpedit.msc လို့ ရိုက်ပြီး Enter ကို နှိပ်ပါ ။ ပြီးရင် Administrative Templates >> Desktop >> Acitive Desktop ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက Administrative Desktop Wallpaper ကို ကလစ်နှိပ်ပြီး Enabled ကိုရွေးပြီး Wallpaper Name ဆိုတဲ့ နေရာမှာ တစ်ခုခုရိုက်ထည့်ပါ ။ ဥပမာ - အစက်တစ်စက်ဖြစ်ဖြစ်
ပြီးရင် Apply >> Ok ဆိုရင် Desktop Background ကို တခြားပုံ ပြောင်းလို့ မရတော့ပါဘူး ။ ပြန်ပြီးပြောင်းလို့ရချင်ရင် Not Configuard ကို ပြန်ရွေးပေးပါ ။
Registry ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
Registry ကို ပြန်ဖော်ခြင်း
Start >> Run >> gpedit.msc လို့ရိုက်ပြီး Enter နှိပ်ပါ ။ ပြီးရင် Administrative Templates >> System ကို ကလစ်နှိပ်ပါ ။ ပြီးရင် ညာဘက်အကွက်ထဲက Prevent Access to registry editing tools ကို ကလစ်နှိပ်ပြီး Disabled ကို ရွေးပြီး Apply >> Ok ဆိုရင် ရပါပြီ ။ ဖျောက်ထား ချင်ရင်တော့ Enabled ကို ရွေးပေးပါ ။
Run Box ကို ဖျောက်ခြင်း ၊ ဖော်ခြင်း
သူများတွေကို စ ချင်သူများအတွက် Run Box ကို ဖျောက်ထားချင် ဖော်ချင်ရင် --
ကို ပြန်ဖော်ခြင်း
ဒီတစ်ခါတော့ Run Box မှာ group policy ကို ရိုက်မရတော့မှာ မဟုတ်ပါဘူး ။ Windows + R နှိပ်လည်း မရတော့ဘူး ။ Run Box ဖျောက်ထားတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ် ။ အဲဒီတော့ ဒီနည်းလမ်းလေးနဲ့ သွားကြည့်ရအောင် ။
My computer >> Drive( c) >> windows >> System 32 >> gpedit.msc ဆိုတာကိုတော့ တွေ့ အောင်ရှာပြီးဖွင့်ပါ ။ ပြီးရင်တော့ Administrative Templates >> Start Menu and Taskbar ကို ကလစ်နှိပ်ပြီး ညာဘက်အကွက်ထဲက Remove Run Menu From Start Menu ကို ကလစ်နှိပ်ပြီး Disabled ကိုရွေးပြီး Apply >> Ok ဆိုပြန်ပေါ်လာပါတယ် ။ Run Box ကို ဖျောက်ထားချင်ရင် Enabled ကိုေ၇ွးပေးလိုက်ရင် အဆင်ပြေ သွားပါလိမ့်မယ် ။
အားလုံးပဲကွန်ပျူတာကို ဒီထက်ပိုမိုကလိနိုင်ကြပါစေနော် ။
Net Guide Journal ( 18 JUNE 2011 ) ထုတ်မှ စာရိုက်မျှဝေပေးခြင်း ။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More