ကိုယ့်စတစ်ထဲမှာရှိတဲ့dataတွေကအရေးကြီးလို့တခြားလူတွေကိုမမြင်စေချင်ဘူးဆိုရင်တော့အသုံးဝင်ပါလိမ့်မယ်
အသုံးချမယ့်ဆော့ဝဲလ်ကတော့ usbenter ပါ။
ဆော့ဝဲလ်လေးကအရမ်းကောင်းပါတယ်။ ကြံဖန်ပြီးအပြစ်ပြောစရာဆိုလို့ 4GBထိသာသော့ခတ်ဖို့အတွက်
လက်ခံပါတယ်။
သော့ခတ်မယ့် စတစ်ကိုအထဲမှာဘာမှမရှိအောင်ရှင်းထားပေးပါ။
သော့ခတ်ဖို့အတွက်လိုအပ်မယ့်ဆော့ဝဲကိုအောက်မှာဒေါင်းလုပ်ပါ။
UsbEnter.zip
ဆော့ဝဲလ်လေးကိုကိုယ့်ကွန်ပျုတာမှာ တခြားဆော့ဝဲတွေကို install လုပ်သလိုပဲ install လုပ်လိုက်ပါ။
Desktop ပေါ်မှာအောက်ကပုံလေးအတိုင်းပေါ်နေရင် ဖွင့်လိုက်ပါ။
1.အရင်ဆုံး သော့ခတ်မယ့် စတစ်ကိုကွန်ပျုတာမှာတပ်ပြီး USB Flash Security ဆိုတဲ့ ဆော့ဝဲကိုဖွင့်ပါမယ်။
2.ပေါ်လာတဲ့ box မှာ ok ကိုနှိပ်ပါ။
3.နောက်ထပ်ပေါ်လာမယ့် box မှာ install tab ကိုနှိပ်ပါ
Alert တစ်ခုပေါ်လာရင် ok ပါ။
ပြီးရင် password ထည့်ရမယ် box ပေါ်လာပါလိမ့်မယ်။
စကားဝှက်ပေးပြီးရင်တော့ ok ပါပဲ။
အလိုလို စတစ်ထဲမှာ သွားဆောက်မှာပါ။
စတစ်ကို အသုံးချဖို့ဖွင့်ရင် စတစ်ထဲမှာ usbenter ဆိုတဲ့ application လေးကိုဖွင့်
Password ထည့်မှသာ အသုံးပြုလို့ရတော့မှာပါ။
အလိုလို စတစ်ထဲမှာ သွားဆောက်မှာပါ။
စတစ်ကို အသုံးချဖို့ဖွင့်ရင် စတစ်ထဲမှာ usbenter ဆိုတဲ့ application လေးကိုဖွင့်
Password ထည့်မှသာ အသုံးပြုလို့ရတော့မှာပါ။
Password မသိလို့ delete နဲ့ ဖြတ်လိုက်ရင် data တွေပါ ပျက်မှာဖြစ်ပါတယ်
(မှတ်ချက် အသုံးမပြုလိုတော့လို့ uninstall လုပ်ရင် ကွန်ပျုတာမှာရှိတဲ့ USB Flash Security
ဆော့ဝဲကနေပြန်လုပ်ရမှာပါ..ရိုးရိုး delete နဲ့ ဖြတ်ရင် စတစ်ရဲ့ disk space အမှန်မပေါ်ပါ)
ကိုယ်မသိစေချင်လို့သော့ခတ်ထားတာလေ သူများကောက်ရသွားလဲ အသုံးချလို့ မရတော့ဘူးလေ
စိတ်ချရတာပေါ့နော်။ ကိုယ့် password ကိုယ်မသိတော့ရင် ကျွန်တော်လည်းမကူနိုင်ဘူးနော်။ မမေ့နဲ့ပေါ့။
အားလုံးအဆင်ပြေကြပါစေခင်ဗျာ။
0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။