နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, April 4, 2012

အသံထက်၈ဆမြန်သည့်သေနတ်ကျည်ဆံ

အမေရိကန်ရေတပ်မှ စူပါ သေနတ်ဟုအမွှမ်းတင်ထားသည့် Railgun ခေါ် လက်နက်သစ်ကို ပစ်ခတ်စမ်း သပ်မှုပြုပြီးသည့်နောက် ထိုလက်နက်သည် မိုင် ၁ဝဝ အကွာ အဝေးမှ ရန်သူကို ချေမှုန်း နိုင်သော အသံထက် ၈ ဆ မြန် သည့်အဟုန်ရှိသော ကျည်ဆန်ကို ပစ်လွှတ်နိုင်သည့် ကမ္ဘာ့စွမ်းအား အပြင်းဆုံးလက်နက်ဖြစ် ကြောင်း အသိ ပေးလိုက်သည်။ ထိုလက်နက် တွင် ကျည်ဆံကို လျှပ်စစ်သံလိုက် လှိုင်း စက်ကွင်းများရှိသည့် သံလမ်း နှစ်ခုအကြားမှ အရှိန်အပြင်းဆုံး ပစ်လွှတ်နိုင်အောင် ဖန်တီး ထား ပြီး တစ်နာရီလျှင် မိုင် ၅၆၃၇ ခရီး အထိ ရောက်နိုင်ကြောင်း သိရသည်။ ယင်းအကွာအဝေးနှင့်အရှိန် သည် ကမ္ဘာတွင် စံချိန်သစ်ဖြစ်ပြီး ယခင် လက်နက်ကြီး၏ စွမ်းအား ထက် ၃ ဆသာလွန်သည်။ မိုင် ၁ဝဝ အကွာကို အချိန်တိုအတွင်း ပစ်လိုက ကွက် တိထိအောင်ပစ်ခတ် နိုင်ကြောင်းဖန်တီးခဲ့သည့် သိပ္ပံပညာ ရှင်များကဆိုသည်။ ယခင် ကမူ လက်နက် ကြီး များသည် အဟုန်ပြင်း စွာဖြင့် တာဝေးပစ်မှတ်ကို အတိ အကျထိအောင်ပစ်နိုင်ရန်မှာ မဖြစ် နိုင်သော ကိစ္စ ဖြစ်သည်။ ယခု အဆင့်မြင့် နည်း ပညာသုံး သေနတ် သည် ပေါင် ၂ဝ လေးသော ကျည် ဆန်ကြီး သို့မဟုတ် ဒုံးကျည်ကို လက်နက်ကြီးများတွင် မဖြစ်နိုင် သော ပစ်ခတ်နိုင်စွမ်းကို ဖြစ်နိုင်စေ သည်။လတ်တလော တွင် အမေရိ ကန်ရေတပ်စစ်သင်္ဘောများသည် ၁၃ မိုင်အကွာအဝေးထိသာ ပစ်မှတ် ထိအောင် ပစ်ခတ်နိုင်ကြ သေးသော် လည်း အနာဂတ်တွင် ပိုမိုစိတ်ချရ သော နေရာမှနေ၍ သေနတ်သစ်ဖြင့် တိုက်ခိုက်နိုင် ရန်ခွင့်ပြု ပေးလိမ့်မည်ဟု ရေတပ်မှ  မျှော်လင့်ထားကြသည်။ သို့သော် စစ်သင်္ဘောများတွင် ထိုသို့ အသုံးပြုရန်မှာ ၅ နှစ် အနည်းဆုံး ကြာနိုင်သကဲ့သို့ ၁ဝ နှစ်လည်းကြာ နိုင်သေးကြောင်းသိရသည်။”ဒါတွေဟာ အရင်တုန်းက လူ တွေဗီဒီယိုဂိမ်းမှာ မြင်ဖူးနေကျ တွေပါ။ ဒါပေမဲ့ အခု တော့ တကယ် ဖြစ်လာပါပြီ” ဟု အစီအစဉ် မန်နေ ဂျာ ရော်ဂျာအဲလစ်ကဆိုသည်။ Railgun အားပြီးခဲ့သည့် အပတ် သောကြာနေ့က စမ်းသပ်ခဲ့ခြင်းဖြစ် ပြီး ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန် ကျခဲ့ကြောင်းသိရသည်။ သိပ္ပံပညာ ရှင်များက ၂ဝ၂၅ ခုနှစ်တွင် နည်း ပညာတိုးတက်ပြီး ယခုသေနတ်မျိုး ထက်သာလွန်ကာ မိုင် ၂ဝဝ အ ကွာကို ခြောက်မိနစ်ဖြင့်အရောက် ပစ်နိုင်သည့်နည်းပညာမျိုး ရှိလာ မည်ဟု သိပ္ပံပညာရှင်များက ဆို သည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More