နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, April 4, 2012

နေတိုးကဇာတ်လမ်းသီချင်းတွေကိုရိန်မိုးနဲ့တစ်ဝက်စီဆိုမည်

နေတိုးက ပရိသတ်အတွက် ဇာတ်လမ်း သီချင်းတွေကို ရိန်မိုးနဲ့ တစ်ဝက်စီ ဆိုမည် ဟုဆိုအတ္တနဲ့ ခြယ်တဲ့ ရောင်စဉ် ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က နေတိုး၊ မိုးဟေကို တို့နဲ့အတူ အနုပညာ ပျိုးခင်းက တင်လိုက်တဲ့ ရွှေမှုံရတီ တို့နဲ့ ပုံဖော် ရိုက်ကူး နေပါတယ်။ သရုပ်ဆောင် နေတိုးနဲ့ မေးဖြစ်သမျှ...

ခုအစ်ကို အနုပညာ ပျိုးခင်းသစ်က အသစ်လေး တွေနဲ့ တွဲရိုက် နေပြီဆို တော့ ဘယ်သူက လုပ်နိုင်တယ်လို့ လေ့လာမိလဲ။
ရွေးချယ်ထားတဲ့ သုံး ယောက်မှာတစ်ယောက် တစ်မျိုးစီ ပါပဲ။ သူတို့ရဲ့ သရုပ်ဆောင်နိုင်တဲ့ ပုံက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ သူတို့ကို စစဦးဆုံး ရိုက်ပေးတဲ့အချိန်မှာ သူတို့ အားသန်တဲ့ လိုင်းပေါ်မှာ ဦးစားပေးပြီး တော့ရွေးချယ် ရိုက်ကူးပေးရတာ ပေါ့။ သုံးယောက်လုံး ကတော့ ကြိုးစား အားထုတ်မှု ရှိပါတယ်။ ကြိုး စားအားထုတ်မှုကို အခြေခံပြီး တကယ် အနုပညာကိုဖြစ် ချင်တဲ့ စိတ်က တကယ်ကြိုးစားချင်တဲ့စိတ်ရှိရင်တော့သုံးယောက် လုံး ဖြစ်သွားနိုင်ပါတယ်။
သုံးယောက် ထဲမှာ ဘယ်သူ လိုက်နာ သင်ယူနိုင်လဲ။
အဓိက သူတို့ကို Choice လုပ်ပေးတဲ့ အချိန်တုန်း ကစပြီးတော့ ကျွန်တော်တို့ မင်း သားတွေ ရဲ့ စိတ်ထဲမှာ သူတိနိုင်တဲ့ ပုံစံတွေကိုပဲ ပထမဦးစား ပေးရိုက် ကြမယ်ပေါ့။ နောက်တော့ မှ သူတို့အတွက် ကျွမ်းကျင်ပြီး တော့ သရုပ်ဆောင်ပိုင်းအရရော လုပ်နိုင်သွားပြီ ဆိုရင်တော့ ကာ ရိုက်တာအစုံလေး လုပ်ပေးရမှာ ပေါ့။ အခုတော့ သူတို့လုပ်နိုင်တဲ့ အပိုင်းလောက်ကိုပဲ ဇာတ်လမ်း ရွေးချယ်ပေးတာပေါ့။
ကိုရိန်မိုးနဲ့ သီချင်းခွေ တစ်ယောက် တစ်ဝက် လုပ်မယ့် အစီအစဉ် ကရော။
တစ်ယောက် တစ်ဝက် ဆို တာက ဒီလိုမျိုးပေါ့။ ဇာတ်ဝင် သီချင်းတွေ လုပ်တာ များတော့ ဇာတ်ဝင်သီ ချင်းတွေထဲမှာ နှစ်ယောက် ဆိုထားတဲ့ သီချင်းတွေ ရှိတယ်။ဒါကို အမှတ်တရ အနေနဲ့ ထုတ်မယ့် သဘောပါပဲ။ သီချင်း ကဇာတ်ဝင်သီချင်းဆိုပေမယ့် ဇာတ် ကားမှာတစ်ကြိမ်တည်းပါဖူးတဲ့သီချင်း တွေပါ။ပရိသတ်အတွက် အမှတ်တရ စုစည်း ပေးတဲ့ သဘောပါပဲ။
ကိုရိန်မိုးနဲ့ တွဲဆိုဖြစ်တဲ့ အကြောင်းနဲ့ သူ့ကို ပင်တိုင် ဇာတ်ဝင်သီချင်းဆိုစေ တာက။
ကိုရိန်မိုး နဲ့က ညီအစ်ကိုလို ပိုခင်တယ်။ သီချင်းနဲ့ ပတ်သက် ပြီးတော့ လမ်း (၅၀)မှာ နေတုန်းက အိမ်နားနီးချင်းလည်း ဖြစ်တယ်။ Music နဲ့ ပတ်သက်ပြီးတိုင်ပင်ဖြစ်တဲ့ အခါ ကျတော့ နောက်ခံ သီချင်းလေး တွေမှာ သူရဲ့အသံနဲ့ ကျွန်တော့်ရုပ် လိုက်ဖက်မှုရှိတယ်လို့ ပရိသတ် တွေကပြောတယ်။ ကျွန်တော် လည်းသူ့ရဲ့အသံကို ကြိုက်တယ်။ အဲဒါကြောင့် ပေးဆိုဖြစ်တာ။
သရုပ်ဆောင်၊ စာလည်းရေး၊ ပန်းချီလည်း ဆွဲအခုဆိုရင် သီချင်းတွေလည်း ထုတ်မယ် ဆိုတော့ ပရိသတ်ကို အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ပြဦးမလဲ။
အနုပညာနဲ့ ပတ်သက်ပြီး ပရိသတ်ကို အများဆုံးဦးစားပေး ပေးဆပ်ချင်တာက သရုပ်ဆောင် ပေါ့။ တခြားအရာလေးတွေက ကျွန်တော့် ရံဖန်ရံခါ စိတ်ထွက် ပေါက်အနေနဲ့ သော်လည်းကောင်း၊ ကျွန်တော်ဝါသနာရဲ့ တောင်းဆို မှုကြောင့်သော်လည်းကောင်း ကျွန်တော်နဲ့ဆက်စပ်ပတ်သက် နေတဲ့အခါကျတော့လုပ် ဖြစ်နေ တာပါ။
ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ၊ ဘာ တွေလုပ်မလဲ။
သင်္ကြန်ဆို အိမ်မှာပဲ နေဖြစ်ပါတယ်။ ကမ္မဌာန်းအား ထုတ်ဖြစ်တယ်၊ ရိပ်သာမှာတော့ မဟုတ်ဘူး၊ အိမ်မှာပဲ လုပ်ဖြစ် မယ်။ သင်္ကြန်ဆိုတာ မြန်မာ့ရိုးရာ ချစ်စရာကောင်းတဲ့ ပျော်စရာ ကောင်းတဲ့ပွဲတော်လေးတစ်ခုပါ။ လူငယ်တွေ ပျော်ကြပါးကြတာ မဆန်းပါဘူး။ ကျွန်တော်လည်း လူငယ်တွေနဲ့နည်းတူ ပျော်ရွှင်မှု တွေ ရှိခဲ့ဖူးပါတယ်။ အခုတော့ တစ်နှစ်ပတ်လုံး ရိုက်ကူးရေးတွေ နဲ့အချိန်ပေးထားရတယ်။ သင်္ကြန် ရက်မှာ နားတဲ့သဘောပါပဲလို့ ပြောလာတဲ့သရုပ်ဆောင် အကယ်ဒမီနေတိုးက သင်္ကြန်မှာ အဓိကက အန္တရာယ်ကင်းကင်းနဲ့ ကျော်ဖြတ် နိုင်ဖို့ ကျန်းမာ ပျော်ရွှင်စွာနဲ့ နှစ်သစ် သင်္ကြန်ကို စိတ်ချမ်းသာကျန်း မာစွာနဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်း ပေးသွားပါတယ်။
သက်သခင်ညိမ်း
First Music News

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More