အတ္တနဲ့ ခြယ်တဲ့ ရောင်စဉ် ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က နေတိုး၊ မိုးဟေကို တို့နဲ့အတူ အနုပညာ ပျိုးခင်းက တင်လိုက်တဲ့ ရွှေမှုံရတီ တို့နဲ့ ပုံဖော် ရိုက်ကူး နေပါတယ်။ သရုပ်ဆောင် နေတိုးနဲ့ မေးဖြစ်သမျှ...
ခုအစ်ကို အနုပညာ ပျိုးခင်းသစ်က အသစ်လေး တွေနဲ့ တွဲရိုက် နေပြီဆို တော့ ဘယ်သူက လုပ်နိုင်တယ်လို့ လေ့လာမိလဲ။
ရွေးချယ်ထားတဲ့ သုံး ယောက်မှာတစ်ယောက် တစ်မျိုးစီ ပါပဲ။ သူတို့ရဲ့ သရုပ်ဆောင်နိုင်တဲ့ ပုံက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ သူတို့ကို စစဦးဆုံး ရိုက်ပေးတဲ့အချိန်မှာ သူတို့ အားသန်တဲ့ လိုင်းပေါ်မှာ ဦးစားပေးပြီး တော့ရွေးချယ် ရိုက်ကူးပေးရတာ ပေါ့။ သုံးယောက်လုံး ကတော့ ကြိုးစား အားထုတ်မှု ရှိပါတယ်။ ကြိုး စားအားထုတ်မှုကို အခြေခံပြီး တကယ် အနုပညာကိုဖြစ် ချင်တဲ့ စိတ်က တကယ်ကြိုးစားချင်တဲ့စိတ်ရှိရင်တော့သုံးယောက် လုံး ဖြစ်သွားနိုင်ပါတယ်။
သုံးယောက် ထဲမှာ ဘယ်သူ လိုက်နာ သင်ယူနိုင်လဲ။