နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, March 20, 2012

Windows7မှာဒီError ပြနေရင်

ကျွန်တော်တို့ အသုံးပြုနေတဲ့ Windows 7 မှာ Application တွေကို Install လုပ်တဲ့ အချိန်တွေမှာ တစ်ခါတစ်ရံ “This program might not have installed correctly” ဆိုတဲ့ Error Message ကို ထုတ်ပေးတတ်ပါတယ်....ယခုနည်းလမ်းကတော့ ထို Error Message ကို Disable ပေးမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်...Error Message ကို Disable ပေးဖို့အတွက် တစ်ဆင့်ခြင်း သွားလိုက်ရကြအောင်။ ၁။ ပထမဆုံး Star Menu ကပဲ ဖြစ်ဖြစ် ၊ Run Box ကနေ ဖြစ်ဖြစ် “services.msc” ဆိုတဲ့ Command ကိုရိုက်ထည့်ပြီး Enter ခေါက်ပါ့မယ်။




၂။ “Services” Box တစ်ခု ပေါ်လာပါလိမ့်မယ်....ထို “Services” Box မှာ “Program Compatibility Assistance Service” ဆိုတာကို ရှာလိုက်ပါ...တွေ့ပြီဆိုတာနဲ့ Right Click ထောက်ပြီး Stopလုပ်ပေးလိုက်ပါ။




၃။ ထို့နောက် “Program Compatibility Assistance Service” မှာပဲ Right Click ဆက်ထောက်ပြီး “Properties“ ကို Click လုပ်လိုက်ပါ...Click လုပ်ပြီးတာနဲ့ ပေါ်လာတဲ့ Box ရဲ့ “General” tab အောက် “Startup type” နေရာမှာ ရှိတဲ့ Drop-Down Menu မှတစ်ဆင့် “Disabled“ ကို ရွေးချယ်ပြီး Apply \ Ok လုပ်ပေးလိုက်ပါ။




၎။ အကုန်ပြီးသွားပြီဆိုတော့ Restart ချလိုက်ပါ....ယခုဆိုရင် “This program might not have installed correctly” ဆိုတဲ့ Error Message ကို အောင်မြင်စွာ Disable ပေးပြီးသွားပါပြီ။
                                                           ကိုထွေး(သူငယ်ချင်းများစွာအတွက်)

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More