အကောင်းဆုံး၊ အတော်ဆုံးမှသည် ကြောင်တောင်တောင်အနိုင်ဆုံးအထိ စံချိန်တင်မှတ်တမ်းများပါပဲ...
၃၃.၅ လက်မသာမြင့် သည့် ကမ္ဘာ့ အသေးဆုံးနို့ စားနွားမ မှသည် အအေးစုတ်ပိုက်တံပေါင်း ၄၀၀ ကိုတစ်
ပြိုင်နက်တည်း ပါးစပ်ထဲတွင် ၁၀ စက္ကန့် ကြာထည့် သွားထားနိုင်သူ အထိ အမျိုးစုံစံချိန်တင်နိုင်မှုများ ပါဝင်
ပါသည်...
ထိုစံချိန်တင်မှတ်တမ်းသစ်များထဲမှာ အထူးခြားဆုံးတစ်ခုကတော့ နော်တင်ဟန် အရပ်မှ အသက် ၄၄ နှစ်
အရွယ်ရှိသတင်းမီဒီယာဆိုင်ရာ နည်းပညာရှင် စတီဖင်ပါ့ ခ်စ် ဖြစ်ပြီး သူဟာ စမာ့ ဖ် ကာတွန်းဇတ်ဆောင်
အမှတ်တရအရုပ်ကလေးပေါင်း ၁၀၆၁ ရုပ် စုဆောင်းထားနိုင်ခဲ့ မှုပဲဖြစ်ပါတယ်...
ဂီးနစ်မှတ်တမ်းအဖွဲ့ က ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမာရီလစ်စ် အက်ပီနိုဇာကတော့ " ဒီမှတ်တမ်းစာအုပ်မှာ ပါ
ဝင်မှတ်တမ်းတင်ခံနိုင်ဖို့ ဆိုတာ အလွန်မလွယ်ကူလှပါဘူး...ပါဝင်ဖို့ ကြိုးစားသူများရဲ့ ၈၀ ရာခိုင်နှုံးဟာ အ
ကြောင်းမညီညွတ်လို့ ပယ်ချခံခဲ့ ကြရတာချည်းပါပဲ..." လို့ ပြောကြားသွားပါတယ်။


ကိုထွေး(နည်းပညာ)









