နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)
Showing posts with label Video Editor. Show all posts
Showing posts with label Video Editor. Show all posts

Thursday, May 2, 2013

Watermark ထည့်ဖို့ Video Watermark Pro

 
 
ဗွီဒီယိုဖိုင်တွေပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့
စာလေးပဲဖြစ်ဖြစ် ပုံလေးပဲဖြစ်ဖြစ် Watermark ထည့်တဲ့ဆော့ဝဲလေးပါ။လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ် ။



Tuesday, April 16, 2013

CyberLink PowerDirector 11 Ultra


Power Director 11 အသစ်လေးမို့တင်ပေးလိုက်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ သူက Video တည်းဖြတ်ရေးမှာ အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ်လေးတစ်ခုဖြစ်ပါတယ်။ ၀ါသနာပါသော သူငယ်ချင်းများက အောက်မှာဒေါင်းသွားလိုက်ပါ။

Tuesday, April 9, 2013

DVD Creator Software



DVD Creator Software လေးပါ။ DVD Menu တွေကို မိမိကြိုက်နှစ်သက်တဲ့ သီချင်းအသံပေါင်းစပ်ကာ DVD အခွေများကို  ပြုလုပ်နိုင်ပါတယ်။ သုံးရတာလည်းလွယ်ကူပါတယ်။ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် ဒေါင်းသွားလိုက်ပါ။

Corel VideoStudio Pro X6

 
Video Editing သမားများအတွက် Corel VideoStudio Pro X6 လေးပါ။ ကျွန်တော်ဆို Corel VideoStudio Pro X5 တောင်အားရအောင် မသုံးရသေးပါဘူးဗျာ။ Corel VideoStudio Pro X6  ကထွက်လာပြန်ပြီနော်။ ဘာပဲပြောပြော..Editing Tools , Effect , စတဲ့ Video Editing Tools တွေအများအပြားပါဝင်ပါတယ်..လူသုံးလဲများပါတယ်..Version အသစ်ထွက်လေးမို့ တင်ပေးလိုက်ပါ
တယ်ခင်မျာ။

Saturday, January 26, 2013

Sony Vegas Pro v12 (64-bit)


Video editing စိတ်ဝင်စားတဲ့သူများအတွက် တင်ပေးလိုက်တာပါ။ တစ်ကယ်တော့ video ရိုက်ကူးရေးနှင့် ထုတ်လုပ်ရေးမှာ video ရိုက်ကူးပြီးတာနဲ့ အခွေတန်းထုတ်လို့မရပါဘူး။ လိုအပ်တာတွေထပ်ထည့် ပြီး မလိုအပ်တာတွေ ထုတ်နှုတ် တည်းဖြတ်ပြီးမှ video အခွေတစ်ခွေဖြစ်လာတာပါ။ ဇာတ်ကောင်တွေ အသက်ဝင်တာ မ၀င်တာကတော့ ဒါရိုက်တာရဲ့ ညွှန်ကြားချက်မှုအပေါ်မှာ မူတည်သလို ၊ video တစ်ခွေအသက်ဝင်လာဖို့နဲ့ ပီပြင်လာဖို့က video editing သမားတွေအပေါ်မှာ မူတည်ပါတယ်။ အဲ..video editing သမားများအတွက် နောက်ဆုံးထွက်လေးတင်ပေးလိုက်ပါတယ်။

Monday, May 21, 2012

DVD Slideshowလုပ်ချင်သူများအတွက်



သူငယ်ချင်းများအတွက် မိမိဓာတ်ပုံလေးတွေကို Effect လေးတွေ နောက်ခံ သီချင်းလေးတွေ

ထည့်ပြီး DVD Slideshow လေးတစ်ခုဖန်တီးနိုင်ဖို့ အတွက် Wondershare DVD Slideshow Builder
ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အသုံးပြုရတာလွယ်ကူရိုးရှင်းလှတာမို့ ကြိုက်နှစ်သက်ကြမယ်
လို့ ထင်ပါတယ်။

Saturday, May 5, 2012

Wondershare Video Studio Express


Wondershare Video Studio Express 1.2.0 | 32.22 MB

ဒီစော့ဝဲလေးကတော့ Ulead လို့တို့ Video Editing လုပ်ဆောင်နိုင်တဲ့ စော့ဝဲပဲဖြစ်ပါတယ်...Video Editing လုပ်ရတာကို ၀ါသနာပါသူတွေအတွက် အသုံးပြုရလွယ်ကူတဲ့ စော့ဝဲလေးပဲဖြစ်ပါတယ်....စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ရော Keygen ပါထည့်သွင်းပေးထားပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။

Sunday, January 22, 2012

VideoPad Video Editor Pro 2.40


VideoPad Video Editor Pro 2.40 | 8.31 MB

ဒီစော့ဝဲကတော့ Video File တွေကို Editing လုပ်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် အသုံးဝင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်.....အသုံးပြုရတာ လွယ်ကူတဲ့ အပြင် Effect များကို အသုံးပြုပြီး နှစ်သက်သလို Editing လုပ်ဆောင်နိုင်ပါတယ်။ စိတ်ကြိုက်အသုံးပြုနိုင်အောင်လည်း Keygen ပါထည့်သွင်းပေးထားပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်။
 

Saturday, October 29, 2011

Corel VideoStudio Pro X4 v14.0.0.342( Video)

                                                              Corel- VideoStudio- Pro X4 ဟာဆိုရင် ကျွန်တော်တို့ Video ပြုလုပ်မှုကို အကောင်းဆုံး ၊ အလျင်မြန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အာင်ပြုလုပ်ပေးထားပါတယ်။ သူ့အတွက် အကောင်းဆုံးပြုလုပ်ပေးနိုင်မယ့် စိတ်ဝင်စားစရာကောင်းတဲ့ Effects လေးတွေပြုလုပ်ပုံတွေကို အထဲမှာ Video ဖိုင်လေးတွေနဲ့ပြပေး ထားပါတယ်။ အားလုံးပေါင်း Video Tutorial 8 မျိုးပါဝင်ပါတယ်။  ပြုလုပ်ပေးနိုင်တဲ့ အခွင့်အရေး လေးတွေကတော့ HDV, AVCHD, Blu-ray Disc တွေနဲ့ JVC HD camcorders ကင်မရာတွေကနေစပြီး ထည့်သွင်းပေးနိုင်သလို BD-J activation နဲ့ DVD ဒါမှမဟုတ် Blu-Ray discs တွေကို ပြန်ပြီး ထုတ်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြုလုပ်နေတဲ့ RevoStock ကနေပြီးတော့ Professional templates လေးတွေကို ထည့်သွင်းပေးနိုင်ပါတယ်။ တစ်ချိန်ထဲမှာ Music studio-quality titles, transitions နဲ့ တခြား effects လေးတွေကိုလည်း ထည့်သွင်းပေး နိုင်ပါတယ်။ ထည့်သွင်းပေးမယ့် သီချင်းကိုလည်း မိမိတို့ နှစ်သက်သလို ပြုပြင်ဖန်တီးပေးနိုင်ပါတယ်။ 3D Effects လေးတွေနဲ့လည်း မိမိတို့ နှစ်သက်သလို Box လေးတွေပြုလုပ်ပေးနိုင်ခြင်း၊NVIDIA CUDA technology နဲ့ Intel Core i7 အထိကို Support လုပ်ပေးခြင်း၊ Movies တွေကို မိနစ်ပိုင်းအတွင်းမှာ အမြန်ထုတ်ပေးနိုင်ခြင်း၊ ထုတ်ပေးထားတဲ့ Video တွေကို YouTube, Vimeo, Facebook နဲ့ Flickr တွေကို တိုက်ရိုက် Upload ပြုလုပ်ပေးနိုင်ခြင်း၊ Movies တွေကိုလည်း iPod, iPhone, PSP နဲ့ တခြား mobile devices တွေမှာ Save ပေးနိုင်ခြင်း စတဲ့ Features လေးတွေတော်တော်များများပါဝင်ပါတယ်။

Wednesday, October 26, 2011

Corel VideoStudio Pro X3 v13.6(keygen)


ဒီကောင်လေးကတော့ ကျွန်တော်တို့   မိမိတို့ စိတ်ကြိုက် Video တွေကို ပြင်ဆင်နိုင်ဖို့ အတွက်အသုံးပြု နိုင်မှာ ဖြစ်ပါတယ် ။ ဒီကောင်လေးက Ulead ထက်ပိုမို ပြည့်စုံတဲ့ Feature တွေပါဝင်ပါတယ် ။ ဖိုင်ဆိုဒ်ကတော့ 614 MB ရှိပါတယ် ။ အားလုံးပေါင်း အပိုင်း ( 13 ) ပိုင်းရှိပါတယ် ။ သူ့ အတွက် Keygen လေးပါထည့်ပေး ထားပါတယ် ။ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ။

Wednesday, October 19, 2011

AVS Video Editor



Video Aditing Tool တွေထဲမှာတကယ်ကို perfect ဖြစ်တဲ့အကြောင်း ညွှန်းဆိုထားပါတယ်။ အသုံးပြုလိုသူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ကြပါခင်ဗျာ။ တစ်ခုတော့ သတိပေးချင်ပါတယ်။ အဲဒါဘာလဲဆိုတော့..ဒီ AVS Video Editor လေးကို ဒေါင်းလုပ်ယူပြီး WinRar ကို ဖြည်တော့မယ်ဆိုရင်.. မိတ်ဆွေတို့ရဲ့ Anti-Virus ကို ခဏလောက် Disable (or) Exit လုပ်ထားဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာပါတဲ့ Crack ဖိုင်လေးကို Anti-Virus တွေက ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။ ဒါလေးကို အကန့်အသတ်မဲ့ အသုံးပြုနိုင်ဖို့အတွက် အောက်က အဆင့်တွေအတိုင်း လုပ်ကြည့်ကြပါခင်ဗျာ။

Twitter Delicious Facebook Digg Stumbleupon Favorites More