အိန္ဒိယနိုင်ငံနက်ပါမြို့၌ နေထိုင်သော ဂျိုတီအမည်ရှိ မိန်းကလေးငယ်သည် အရပ်နှစ်ပေ သာရှိပြီး ဒီဇင်ဘာလ ၁၇ရက်နေ့က ၁၈ နှစ်ပြည့်မွေးနေ့ကို ကျင်းပပြီးနောက် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့က ကမ္ဘာ့အပုဆုံး အမျိုးသမီး အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ကြောင်း သိရသည်။ သူသည် အရပ် ၂ပေ ၃လက်မရှိသော အမေရိကန်သူ ဘရစ်ချက်ဂျော်ဒန် ထံမှ အဆိုပါဘွဲ့ကို လွဲပြောင်းရယူ လိုက်ခြင်းဖြစ်သည်။ ကမ္ဘာ့အပုဆုံး အမျိုးသမီးဖြစ်လာပြီးနောက် ဂျိုတီက သူ၏ရည်မှန်းချက် မှာ ဘောလိဝုဒ် မင်းသမီး ဖြစ်လာရန် ဖြစ်သည်ဟုဆိုသည်။ သူ၏ကိုယ်အလေးချိန်မှာ ၁၂ပေါင်သာရှိပြီး မွေးစဉ်ကထက် ကိုးပေါင်သာတက်လာသည်ဟုဆိုသည်။


ကိုထွေး(နည်းပညာ)
Posted in: 
0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။